
၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော ဂျပန်ဆန်ဒိုင်းငလျင်ကြီးနှင့် ဆူနာမီတို့ကြောင့် ပေါ်ပေါက်လာသော သေကြေပျက်စီးမှု အပုံကြီးများ အောက်မှ ပြန်လည်တွေ့ရှိသော ငွေကြေးများ၊ တန်ဖိုးရှိ ပစ္စည်းများကို တွေ့ရှိသူများက ရဲစခန်းများသို့
သွားရောက်အပ်နှံကြသောကြောင့် ရဲစခန်းများတွင် လက်ခံသိမ်းဆည်းရန် နေရာအခက်အခဲပင် ဖြစ်ရကြောင်း သိရှိရသည်။

ငွေသားချည်းသက်သက် အမေရိကန် ဒေါ်လာ ၄၅ သန်းတန်ဖိုး ရှိသော ဂျပန်ယန်းငွေများ၊ အခြား ငွေကြေးများကို ပိုက်ဆံအိတ်များ အတိုင်း လာရောက်အပ်နှံကြသလို အပျက်အစီးပုံအောက်ရှိ မီးခံသေတ္တာများ အတွင်းမှ ငွေကြေးနှင့် ဘဏ်စာအုပ်များ စုစုပေါင်းတန်ဖိုး ဒေါ်လာ သန်း ၃၀ ဖိုးရှိသောကြောင့် မုန်တိုင်းဒဏ်သင့် သူများ ပိုင်ငွေ စုစုပေါင်း ဒေါ်လာ ၇၅ သန်းခန့်ကို ရိုးသားစွာ လာရောက် အပ်နှံကြကြောင်း ကြားသိရသည်။
ထိုသို့ ဂျပန်လူမျိုးများ၏ ရိုးသားသော စိတ်ဓာတ်နှင့် သဘာဝဘေးသင့် ဒုက္ခသည်များအပေါ် အခွင့်အရေးယူ ကိုယ်ကျိုးမရှာတတ်ခြင်းကို အတုယူဖွယ် ဖော်ပြပေးလိုက်ပါသည်။
copy from :http://mmdailynews.com
No comments:
Post a Comment
အကြံပေးကြည့်ပါလား.......