အနောက်ဘက်ကမ်းခြေ 'ဂုဏ်သိက္ခာဆည်ရေး သတ်ဖြတ်မှု အလိမ်ပေါ်ပြီ



စ်မဖြစ်သူအတွက် ပူဆွေးနေသော ညီမငယ်များ
ဓာတ်ပုံ - အေအက်ဖ်ပီ
ဆူရစ်ဖ် (ပါလက်စတိုင်းနယ်မြေ)၎င်း၏ မိသားစုမှာ ပူပင်သောကရောက် ၍ ကျန်ရစ်ခဲ့ကြပြီး အေယာခေါ် ပါလက်စတိုင်း အမျိုးသမီးငယ် သတင်း မရအောင် ပျောက်ဆုံးသွား ပြီးနောက် တစ်နှစ်ကျော် ကြာသော အခါတွင်မှကြိုးဖြင့် ရစ်ပတ်ချည်နှောင် ထားသောအရိုးစုမျှသာ ကျန်တော့ သည့်သူ၏ အလောင်း ကို   ရေတွင်းတစ်တွင်း၏အောက်ခြေတွင် တွေ့ရှိ ခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ်၊ ဧပြီလအတွင်းက တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ် သော အဆိုပါအမျိုးသမီးငယ် ပျောက်ဆုံးမှု ကြောင့် ၎င်းတို့နေထိုင်ရာ အလွန့် အလွန် ရှေးရိုးဆန်သည်ဟု နာမည်ကြီး သော ပါလက်စတိုင်း အနောက်ဘက် ကမ်းခြေဒေသတောင်ပိုင်းရှိ ကျေးရွာ သားများက ၎င်းအမျိုးသမီးငယ်၏ ဆွေမျိုးမိဘများအား အပယ်ခံသဘော ထား၍ ဝိုင်းပယ်ထားခဲ့ကြသည်။
၎င်းတို့၏ အိမ်နီးချင်းနှင့် ကျေးရွာ သားများသည် အဆိုးရွားဆုံး အဖြစ် အပျက်ကို တွေးထင်ထားခဲ့ကြပြီး ထို အမျိုးသမီးသည် ချစ်သူ နောက်သို့ ခိုးရာ လိုက်သွားပြီဟု တွေးထင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် မေလတွင် ရဲတို့က ၎င်း၏ အရိုးများအား ဟီဘရွန်မြို့၏ အနောက် တောင်ဒေသ၌ တည်ရှိသော ၎င်းတို့ မိသားစု၏ နေထိုင်သည့်ရွာနှင့် မိုင် အတော်ကွာဝေးသည့် ဆူရစ်ဖ်တွင် တွေ့ရှိ ခဲ့ကြပြီးနောက် ယင်းလျှို့ဝှက် ဆန်းကျယ် သော အမှု၏ အဖြေပေါ်ထွက်လာပြီး မကြုံစဖူး လူစုလူဝေးနှင့် ဆူပူကန့်ကွက် မှုကြီးများ ဖြစ်ပေါ်စေခဲ့သည်။
၎င်းနောက် ရက်အတန်ကြာသော အခါ အောက်ဖော်ပြပါ ဖြစ်ရပ် အကြောင်း ထွက်ပေါ်လာသည်။ အမျိုး သမီးငယ်၏ ဦးလေးဖြစ်သူ နှင့် ၎င်း၏ မိတ်ဆွေနှစ်ဦးက အသက် ၂၁ နှစ်အရွယ် ရှိ အင်္ဂလိပ်ဘာသာလေ့လာသင်ကြား နေသူ ယင်းအမျိုးသမီးငယ်အား ဦးလေးဖြစ်သူ၏ အဆိုအရ မျိုးရိုးဂုဏ် သိက္ခာ ဆည်ရန် အကြောင်းပြချက်ဖြင့် သတ်ဖြတ်ခဲ့ကြသည်မှာ အထင်အရှား ဖြစ်သည်။ ဦးလေးဖြစ်သူ အီကပ်အာလ်ဘာရာ ဒီယာနှင့် ၎င်းနှင့်ကြံရာပါဟု စွပ်စွဲခံရ သူတို့အား ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်းတို့သည် ရုံးတင်စစ်ဆေးခံရန် စောင့်ဆိုင်းနေကြရသည်။
"ဒီသတ်ဖြတ်မှုဟာ သိပ်ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုဖြစ်ပါတယ်"ဟု ဟီဘရွန်၏ ရဲအရာရှိချုပ် ရာမာဒန်အေ၀ပ်ဒ်က ပြောကြား သည်။ "သူတို့က မိန်းကလေးကို ကားနောက် ပိုင်းမှာ ကြိုးတန်းလန်းချိတ်ပြီး ကားကို ရေတွင်းရောက်တဲ့တိုင် မောင်းနှင်သွား ကြတာ ဖြစ်ပါတယ်။ ရေတွင်းရောက်တဲ့ အခါ သူ့ကို အသေအလဲရိုက်နှက်ပြီး နောက် ကြိုးနဲ့ရစ်ပတ်ချည်နှောင်ပြီးတဲ့ အခါ ရေတွင်းထဲကို အရှင်လတ်လတ် ပစ်ချခဲ့ကြတာပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယခုကဲ့သို့သော သတ်ဖြတ်မှုမျိုးများ သည် ရှေးရိုးစွဲ အယူအဆကြီးမားသော ပါလက်စတိုင်းလူ့အသိုင်းအ၀ိုင်းတွင် အထူးအဆန်းမ ဟုတ်ပေ။ သူစိမ်း ယောက်ျားနှင့် မိမိတို့ ဆွေမျိုးမိန်းမသား တစ်ဦးအကြား ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံမှုအား ပြစ်မှုတစ်ခု ကျူးလွန် သည်ဟု ရှုမြင်လေ့ရှိသောကြောင့် ၎င်းတို့ ၏ ဆွေမျိုးရင်းချာအမျိုးသမီးငယ်များ အား မျိုးရိုးဂုဏ်သိက္ခာကို ကာကွယ်ရန် အကြောင်းပြ ချက်ဖြင့် သတ်ဖြတ်သည့် ဖခင်၊အစ်ကို၊ ဦးလေး၊ဦးကြီးစသည်တို့အား ဥပဒေကသက်သက်ညှာညှာ မျက်နှာသာပေးမှုပြုထားကြောင်း တွေ့ ရှိရပေသည်။ သို့သော် ယခုကျူးလွန်ခဲ့သည့် လူသတ်မှုတွင်မူမျှော်လင့်မထားသောအများပြည်သူ၏ ဒေါသအမျက်များပေါ်ထွက် လာခဲ့သောကြောင့် သမ္မတ မာမွတ်အက်ဘက်စ်အား ဆယ်စုနှစ် ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့် ဥပဒေကို ပြုပြင်ပြောင်းလဲရန် တွန်းအား ပေးခံရပြီး ယင်းပြင်ဆင်ချက်ဥပဒေအရ မျိုးရိုးဂုဏ်သိက္ခာကို အကြောင်းပြ၍ လူသတ်မှုကျူးလွန်သူ တစ်ဦးအနေဖြင့် ခြောက်လထက်မနည်းသော ထောင် ဒဏ်ချမှတ်မှုကို ခံကြရမည်ဖြစ်သည်။
ချက်ချက်ချာချာရှိပြီး ပန်းချီဝါသနာပါ ကာ ဘ၀မျှော်လင့်ချက်မြင့်မားသည့် အမျိုးသမီးငယ်အေယာအာလ်ဘရာ ဒေယာအား ကြိုးဖြင့် တုပ်နှောင်၍ အရှင် လတ်လတ် ရေတွင်းအတွင်းသို့ ပစ်ချပြီး သတ်ဖြတ်ခြင်းဖြင့် ဦးလေးဖြစ်သူက သေဒဏ် ပေးခဲ့ခြင်းဖြစ်ကြောင်း ရဲအဖွဲ့ က ပြောကြားလိုက်သည်။
အမျိုးသမီးငယ်အား အသက်ရှင်လျက် ဖြင့် နောက်ဆုံးတွေ့မြင်ခဲ့ရသည်မှာ ၎င်းဟီဘရွန် တက္ကသိုလ်သို့ စာမေးပွဲဖြေ ဆိုရန် ထွက်ခွာ သွားစဉ်ကဖြစ်ပြီး အဆိုပါ တက္ကသိုလ်တွင် ၎င်း အင်္ဂလိပ်ဘာသာ စာပေပညာကို သင်ယူနေခြင်းဖြစ်သည်။ ၎င်းအသတ်ခံရမှု သတင်း က မိသားစု အားကြီးမားစွာ စိတ်ထိခိုက်စေခဲ့သည်။ မိသားစုအနေဖြင့် သူငယ်မအား မှားယွင်းစွာ စွပ်စွဲခဲ့ကြခြင်းဖြစ်ကြောင်း သံသယ ကင်းရှင်းစွာ လုံးဝယုံကြည် လျက်ရှိကြသည်။ အသက် ၂၅ နှစ် အရွယ် ညီမငယ်ဖြစ်သူ ဟာနင်သည် အစ်မဖြစ်သူ၏ ရုပ်ကြွင်းကို တွေ့ ရှိခဲ့ သည့် ရေတွင်းရှိရာသို့ တစ်လှမ်းချင်း ဖြည်းညင်းစွာလျှောက်သွားရင်း မျက်ရည်မဆည်နိုင်အောင် ရှိုက်ကြီးတငင်ငိုကြွေးခဲ့သည်။

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......