ငယ်ပါထွားသူတစ်ဦး လေဆိပ်မှာ လုံခြုံရေးကြောင့် အခက်ကြုံ

အမေရိကန်နိုင်ငံတစ်ဝန်း လေကြောင်းခရီးနဲ့ ခရီးသွားလာဖူးသူများ တစ်နိုင်ငံလုံးမှာရှိတဲ့ တင်းကျပ်တဲ့ လေဆိပ်လုံခြုံရေး အကြောင်း တစေ့တစောင်း သိကောင်း သိကြပါလိမ့်မယ်။   လေဆိပ်လုံခြုံရေး အရ နိုင်ငံ့ခေါင်း ဆောင်များနှင့် ထိပ်တန်း အရာရှိကြီး များမှအပ ကျန် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ နှင့် ကလေးပါမကျန် ခရီးသွား အားလုံးဟာ မိမိတို့ဝတ်ဆင်လာတဲ့ ဖိနပ် နဲ့ ပိုက်ဆံအိတ်ကအစ ခါးပတ် အဆုံး ပါသမျှကို X-ray Scanner နဲ့ စစ်ဆေးခံကြရပါတယ်။ အခန့်မသင့်လို့ သံသယရှိရင်တော့ ကိုယ်လုံးပေါ် Scanner နဲ့ ထပ်မံ စစ်ဆေးခံရပါဦးမယ်။ ဒီ့ထက်ပိုပြီး သင်္ကာမကင်းဖြစ်ရင်တော့ လှန်လှောပြီး စစ်ဆေးခံရပါလေဦးမယ်။

ဒါကလည်း ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် (9/11) မှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်ချောက်ချားစေခဲ့တဲ့ တာလီဘန်အကြမ်းဖက် သမားများရဲ့ လက်ချက်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (World Trade Center) ပြိုကျပျက်စီးခဲ့ခြင်းကို အကြောင်းခံပြီး ဖြစ်ပေါ် လာတဲ့ အကျိုးတရားမို့ အဲ့ဒီအကျိုးရဲ့ အသီးအပွင့်တွေကို နောင်လာနောက်သားတို့ ဆက်လက်ခံစားကြရမှာ ဖြစ်ပါတယ်။

လေကြောင်းခရီးနဲ့ မကြာခဏ ခရီးထွက်တဲ့ ခရီးသည်များအတွက်ကတော့ ဒီလိုလုပ်ထုံးလုပ်နည်းတွေကို နိစ္စဒူဝ အမြဲမပြတ် ကြုံရမြဲမို့ ယဉ်ပါးနေကြပြီး ဖြစ်ပေမယ့်၊ သာမန်ခရီးသွားနဲ့ နိုင်ငံခြားသား ခရီးသည်များအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်မှာ အသေအချာပါ။ ဒီအချက်ကို ယခုခေါင်းစဉ်ပါ အကြောင်းအရာက သက်သေထူလျက်ရှိပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ နူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်နေ Jonah Falcon (အသက် ၄၁ နှစ်) အမည်ရတဲ့ အမျိုးသားဟာ ကယ်လီဖိုး နီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နူးယောက်သို့အပြန် စစ်ဆေးရေးဂိတ်မှာ သူများနည်းတူ စစ်ဆေးခံ ရပါတယ်။ Jonah ဟာ နာမည် အသင့်အတင့်ရပြီးသား ရုပ်ရှင်မင်းသား၊ စာရေးဆရာ* ဖြစ်ပြီး သူရဲ့ ထူးဆန်းချက်ကတော့ (နားနဲ့မနာ၊ ဖ၀ါးနဲ့ နာပါ။) မွေးရာပါ ငယ်ပါ (လိင်တံ) ထွားတဲ့ အချက်ပါ။ သူ့ရဲ့ ငယ်ပါဟာ သာမန်အနေအထားမှာတင် ၉.၅ လက်မရှိတာမို့ လေ ဆိပ် လုံခြုံရေး အရာရှိက သူရဲ့ ဖောင်းထွက်နေတဲ့ ဘောင်းဘီကို သတိထားမိပြီး အရာဝတ္တု သို့မဟုတ် ပစ္စည်းတစ်ခုခုများ ကွယ်ဝှက် ထား လေသလောဟု အထင်ရှိကာ စစ်ဆေးမေးမြန်းပါတော့တယ်။ (*Jonah Falcon အကြောင်းကို သိလိုက google တွင်ရှာပါ။)

Jonah က "သူတို့က 'ခင်ဗျားရဲ့ အိပ်ကပ်ထဲမှာ ဘာတွေ ၀ှက်ထားသလဲ' လို့ မေးပါတယ်။ ကျွန်တော်က ဘာမှမရှိဘူးလို့ ဖြေတော့ ခင်ဗျားမှာ အကြိတ် သို့မဟုတ် အသားပိုများရှိနေသလားလို့ မေးပြန်ပါတယ်။ ဒါနဲ့ပဲ ကျွန်တော်က အရှိကို အရှိအတိုင်းပဲ၊ 'ဒါဟာ ကျွန်တော်ရဲ့ ငယ်ပါ' ပါ လို့ပြောလိုက်တယ်။ ဒီတော့ သူတို့က ကျွန်တော့် ပေါင်ကြားကို သေချာအောင်လှမ်းကြည့်တယ်ဗျာ။ အနီးကပ် ကြီးတော့ မဟုတ်ဘူးပေါ့ဗျ။ ဒါဟာ ကျွန်တော့်အတွက် ပထမဆုံးအကြိမ် မဟုတ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့အတွက် စိတ်တော့မ ပူခဲ့ပါဘူး။ ဒါပေမယ့် တစ်ခါ တလေမှာတော့ ကျွန်တော့်ကို စစ်ဆေးတဲ့ လူတွေကို 'ကဲဗျာ ဒီလောင်တောင်ဖြစ်လှတာ၊ ရော့ ဒီမှာကြည့်' လို့ပြောပြီး ထုတ်သာပြလိုက် ချင်တော့တယ်" လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး Jonah ဟာ သူ့ရဲ့ Twitter မှာ - "လေဆိပ်လုံခြုံရေး အဖွဲ့ ဟာ ကျွန်တော့်ရဲ့ တစ်ကိုယ်လုံးကို ကိုယ်လုံးပေါ် Scanner နဲ့ စစ်ဆေးပြီးတာတောင်မှ ဒီပေါင်ကြားထဲက ဖောင်းထွက်နေတဲ့ အရာကို နားမလည်နိုင်ဘူး ဖြစ်နေကြတယ်" လို့ အရွှန်းဖောက်ရေးပြီး tweet လုပ်သွားခဲ့ပါတယ်။

FWD Mail from soeminmaung87@gmail.com

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......