ကျူပီအာအသင်းနှင့် မန်ယူကွင်းလယ်ကစားသမား ပက်ဂျီဆန်စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့*


(လန်ဒန်၊ ဇူလိုင် ၈)
မန်ယူကွင်းလယ်ကစားသမား ပက်ဂျီဆန်သည် အပြောင်းအရွှေ့ရာသီမပိတ်မီ ကျူပီအာအသင်းနှင့် စာချုပ် ချုပ်ဆိုရန်သဘောတူညီခဲ့ကြကြောင်း ဇူလိုင် ၈ ရက် အားကစားသတင်းတစ်ရပ်က ဖော်ပြသည်။

ကျူပီအာအသင်းသည် တောင် ကိုရီးယားကြယ်ပွင့် ပက်ဂျီဆန်အားပြောင်းရွှေ့ ကြေးပေါင် ၅ သန်းဖြင့် စာချုပ် ချုပ်ဆိုမည်ဟု ဆိုထားသော်လည်းကျူပီအာအသင်းအနေဖြင့် အသက် ၃၁ နှစ်အရွယ်ရှိ မန်ယူကွင်းလယ်ကစားသမား ပက်ဂျီဆန်အား ပထမဦးစွာ အနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးပေါင်နှစ်သန်းပေးမည်ဟု ဆိုသည်။

မန်ယူနှင့် တောင်ကိုရီးယားကြယ်ပွင့်ပက်ဂျီဆန်သည် ၂ဝဝ၅ ခုနှစ်တွင် PSV Eindhoven အသင်းမှ အိုးထရက်ဖို့ဒ်သို့ရောက်ရှိခဲ့ပြီး မန်ယူအသင်းအတွက် ပရီမီယာလိဂ်ပြိုင်ပွဲပေါင်း ၁၃၃ ပွဲ ကစားပေးခဲ့သူလည်းဖြစ်သည်။

ထို့ပြင် ကွင်းလယ်ကစားသမားပက်ဂျီဆန်သည် မန်ယူအသင်းနှင့်အတူ ပရီမီယာလိဂ်ဖလားလေးကြိမ်နှင့် ချန်ပီယံလိဂ်ဖလားတစ်ကြိမ်တို့ကို ရရှိအောင်လည်း စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။

တောင်ကိုရီးယားကြယ်ပွင့် ပက်ဂျီဆန် သည် ၄င်း၏ ကြေးစားဘောလုံးသမားဘဝကို ဂျပန်ကလပ် Kyoto Purple Sanga အသင်းတွင် စတင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂ဝဝ၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ပါဝင်ကစားခဲ့သည်။

ကျူပီအာအသင်းနှင့် ပက်ဂျီဆန်တို့သည် စာချုပ်ရန် သဘောတူညီထားသော် လည်း အပြီးသတ်ခေါ်ယူမှုနှင့် ပတ်သက်၍အပြောင်းအရွှေ့ရာသီ ပိတ်ခါနီးမှသာ အတည်ပြုနိုင်ဖွယ်ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။ (အင်တာနက်)

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......