အချစ်ကြောင့်ဖြစ်တဲ့ အကျင့်ဆိုး


ချစ်သူရည်းစားတွေဟာ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ "ရုပ်ချင်းပါ ဆင်လာတတ်ကြ"တယ်။ အမေရိကန် University of Cincinnati က လေ့လာဆန်းစစ်ချက်တစ်ရပ်မှာ အချင်းချင်း ချစ်ခင်ကြင်နာကြတဲ့ ချစ်သက်တမ်းနှစ်ရှည်ကြာတဲ့ချစ်သူ ဒါမှမဟုတ် အိမ်ထောင်သက်ကြာတဲ့ဇနီးမောင်နှံတို့ဟာ တဘက်သားရဲ့အကျင့်ဆိုးကို မတားမြစ်တဲ့အပြင် အချင်းချင်းကူးစက်ကြတာကို တွေ့ခဲ့ရတယ်။ လေ့လာဆန်းစစ်ချက်မှာ ချစ်သူ သို့မဟုတ် ဇနီးမောင်နှံတို့က တစ်ဦးအပေါ်တစ်ဦး သင့်မြတ်ချစ်ခင်နေကြရင် နှစ်ယောက်စလုံးမှာ junk food (အမှိုက်စာ)တွေကို အတူစားဖို့ အားပေးသက်ရောက်စေသလို အိမ်တွင်းပုန်းပြီး ရုပ်ရှင်ကြည့်တာ၊ မအိပ်ခင် အရက်အတူသောက်တာတွေ ဖြစ်စေတာကိုတွေ့ရတယ်။ အကျင့်ဆိုးတွေပြောင်းလဲဖို့ တစ်ဦးကိုတစ်ဦး အားပေးမယ့်အစား တံငါနားနီးတံငါဆိုတဲ့အဖြစ်တွေ ပိုဖြစ်တာကို တွေ့ရပါတယ်။ တစ်ဦးအပေါ် တစ်ဦးရဲ့အကျင့်ဆိုးတွေ ပိုအလွယ်တကူကူးစက်တာကို တွေ့ရပါတယ်။

သတိထားမိတဲ့အချက်က ဒီလိုအကျင့်တွေကူးစက်ဖို့ကို များသောအားဖြင့် ယောက်ျားဖက်က စတာကိုတွေ့ရပါတယ်။ University of Cincinnatiက ပါမောက္ခCorinne Reczekက ရှေးကလေ့လာဆန်းစစ်ချက်အရ အိမ်ထောင်ပေါင်းသင်းဆက်ဆံရေးက ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်ဆိုပေမယ့် (၈)နှစ်မှ(၅၂)နှစ်ထိ ချစ်ကြိုက်ပေါင်းသင်းခဲ့တဲ့ ချစ်သူ၊ ဇနီးမောင်နှံတွေကို လေ့လာဆန်းစစ်ကြည့်တော့ ထဲထဲဝင်ဝင်ဆန်းစစ်ထားတဲ့ အတွဲ(၁၂၂)တွဲက ယောက်ျားမိန်းမတို့ရဲ့အဖြေက "ချစ်ခင်ကြင်နာတဲ့ တဘက်သားက (ချစ်သူ၊ အိမ်ထောင်ဖက်) အကျင့်ဆိုးတွေကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းပဲဖြစ်တယ်" လို့ဆိုထားပါတယ်။


http://www.dailymail.co.uk/news/article-2028097/How-better-halves-leave-bad-habits.html

နိုင်းနိုင်းစနေ

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......