ကမ္ဘာ့ နံမည်အရှည်ဆုံး လူများ


Nottingham မှ အမျိုးသားနှစ်ဦးမှာ ၎င်းတို့၏ အနှစ်သက်ဆုံး လူစွမ်းကောင်းများကို ဂုဏ်ပြုတဲ့အနေနဲ့ နာမည်ပြောင်းခဲ့ပြီး ကမ္ဘာ့ နာမည်အရှည်ဆုံးသူများအဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရသည်။

Kelvin Borbidge (အသက် ၂၂နှစ်) နှင့် Daniel Knox-Hewson (အသက် ၂၃နှစ်) တို့မှာ ရုပ်ပြစာအုပ်များ ဖတ်ရှုခြင်း၊ စိတ်ကူးယဉ် သိပ္ပံဝတ္ထုများနှင့် ဂိမ်းကစားခြင်းများကို ခုံမင်သူများဖြစ်ကြသည်။ ၎င်းတို့ရဲ့ နာမည်အသစ်ဟာ ရှည်လျားလွန်းလှပါတယ်။ Borbidge ၏ နာမည်သစ်မှာ "Baron Venom Balrog Sabretooth Vader Megatron Vegeta Robotnik Magneto Bison Sephiroth Lex Luthor Skeletor Joker Grind" ဖြစ်ပြီး Knox-Hewson ၏ နာမည်အသစ်မှာ "Emperor Spiderman Gandalf Wolverine Skywalker Optimus Prime Goku Sonic Xavier Ryu Cloud Superman HeMan Batman Thrash" တို့ဖြစ်ကြသည်။

"ကျွန်တော်တို့ဟာ တစ်ရက်ပြီးတစ်ရက် ရှင်သန်နေထိုင်ရတာ ငြီးငွေ့နေပါပြီ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပင်ကိုယ်စရိုက်ကို ထင်ဟပ်စေမယ့် နာမည်ပြောင်းကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။" လို့ Emperor Thrash မှ စိတ်အားထက်သန်စွာ ပြောခဲ့သည်။

"Baron ဆိုတဲ့နံမည်က ဘာလို့ အခုထိ အသုံးပြုလို့မရသေးတာလဲလို့ အလုပ်ခွင် မန်နေဂျာက မေးလာတော့ ကျွန်တော်လည်း ဘဏ်ကဒ်မှာ နံမည်ပြောင်းဖို့သွားခဲ့တယ်၊ သူတို့ကျွန်တော့်နံမည်ကို ဘဏ်ကဒ်ပေါ် ဘယ်လိုအံဝင်ခွင်ကျဖြစ်အောင် ထည့်သွင်းနိုင်ခဲ့သလဲဆိုတာကို ကျွန်တော်အံ့သြမိပါတယ်" လို့ Baron Grind မှ ပြောဆိုခဲ့သည်။

နံမည်အသစ်ကို တရားဝင်ပြောင်းနိုင်ဖို့အတွက် ဆောင်ရွက်ခ စုစုပေါင်း ၁၀ စတာလင်ပေါင် (ရင်းဂစ် ၄၉) ကုန်ကျခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......