အခန်းမှားဝင်ခဲ့မိတဲ့ အမျိုးသမီး


တရုတ်အမျိုးသမီးတစ်ဦးမှ သူစိမ်းအမျိုးသားတစ်ဦးအား သူမ၏ ချစ်သူရည်းစားအထင်နှင့် မှားယွင်း လိင်ဆက်ဆံခဲ့မှု ဖြစ်ပွားခဲ့သည်။

ထို့နောက်သူမ ရဲများထံသို့ အရေးယူဆောင်ရွက်ပေးရန် သတင်းပေးပို့ခဲ့ သော်လည်း ရဲများဟာ နှစ်ဦးသဘောတူ ဖြစ်ပွားခဲ့ခြင်းအပေါ် ပြစ်မှုဆိုင်ရာ စွဲချက်တင်ဖို့ ခက်ခဲနေကြောင်း ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားခဲ့သော ညက အသက် ၂၆နှစ် အရွယ်ရှိသူမနှင့် သူမရည်းစား အမျိုးသားတို့မှာ သူငယ်ချင်း တစ်ဦး၏ မွေးနေ့ပွဲပါတီတက်ရောက်ခဲ့ပြီး အိမ်ပြန်ချိန်နောက်ကျခဲ့သောကြောင့် ဂင်းဇောင် (တရုတ်ပြည်) ရှိ ဟိုတယ်တစ်ခုတွင် ညအိပ်တည်းခိုရန် ဆုံးဖြတ်ခဲ့ကြသည်။
ညသံခေါင်ယံအချိန်တွင် သူမသည် သန့်စင်ခန်းသို့ သွားရန် အခန်းပြင်ထွက်ခဲ့ပြီး ပြန်လာချိန်မှာတော့ အခြား အခန်းတွင်းသို့ မှားယွင်း ဝင်ရောက်ခဲ့သည်။

အခန်းတွင်း လှဲလျောင်းနေသော အမျိုးသားတစ်ဦးအား သူမ၏ချစ်သူရည်စားအထင်နှင့် မှားယွင်း ဆက်ဆံခဲ့မိသည်ဟု သိရသည်။

ထို့နောက်မှ အဆိုပါအမျိုးသမီးမှာ သူမ၏ရည်စားမဟုတ်မှန်းသိသည်နှင့် ရဲသို့ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......