ဝယ်ကြဦးမလား၊ ဟောဒီက အာရှသတို့သမီး၊ အွန်လိုင်းက မှာလိုက်နော်၊ ပူပူနွေးနွေး



တောင်ကိုရီးယား အမျိုးသားတွေဟာ အာရှ သတို့သမီး လောင်းတွေကို အွန်လိုင်းက မှာယူနေပါသတဲ့။ ရာစုနှစ်ပေါင်း များစွာ ထိန်းသိမ်း စောင့်ရှောက် လာခဲ့ကြတဲ့ “မိန်းမတို့ က္ကုနြေ္ဒ ရွှေပေးဝယ်လို့ မရပါ” ဆိုသဟာလိုမျိုးရှိခဲ့ဖူးသော်ငြားလည်းပဲ... အိမ်း အခုခေတ်မှာတော့ စာတိုက်၊ အွန်လိုင်း ကတ်တလောက်က မှာယူ၊ ပြည်တွင်း ပြည်ပ ပို့ကုန်-သွင်းကုန် တစ်ခု ဖြစ်လာပါသတဲ့။




အမျိုးဘာသာ၊ သာသနာ၊ နိုင်ငံသား၊ လူမျိုး၊ ယဉ်ကျေးမှု မတူကြတဲ့ လူတွေကို မယူကြဖို့ရာ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်း စောင့်ရှောက် လာခဲ့ကြတာ ဟာလည်းပဲ ၂၁ ရာစုမှာတော့ ပြဿနာ မဟုတ်တော့ပါဘူးတဲ့။ ဇာတိ၊ ပုည၊ ဂုဏ်မာနဟာလည်းပဲ သူ့အလိုလို နိဌိတံ သွားခဲ့ချေပြီဆိုပဲ။
လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှာ ကိုရီးယား တနိုင်ငံလုံးက တောသား၊ ရွာသား သုံးပုံ တစ်ပုံလောက်ဟာ ပြည်ပက အွန်လိုင်း အော်ဒါနဲ့ မှာယူတင်သွင်းတဲ့ သတို့သမီးများနဲ့ အာဝါဟ၊ ၀ိဝါဟ မင်္ဂလာ တရားတော်နှင့် အညီ စုလျားရစ်ပတ် ထိမ်းမြားခြင်းအမှုကို ခေတ်မီမီ ပြုခဲ့ကြပါသတဲ့။
အစိုးရလည်း မနေသာ။ “အမျိုးသားရေး” မို့ ကူညီ အားပေးပါသတဲ့။ လူဦးရေ တိုးပွားခြင်းကို လိုလားနေသည် မဟုတ်လား။ နို့.... “အမျိုးသမီးရေး” အနေနဲ့ကော နိုင်ငံတော် အာဂျင်ဒါ မရှိသင့်ပေဘူးလား?
“ပျော်ရွှင်ကြည်နူးစွာ သားသမီး၊ မြေးမြစ်များစွာ ရသည်အထိ ပေါင်းဖက်ကြပါ လေတော့သတည်း“ ဆိုတဲ့ မုဒိတာပွားဖွယ်သတင်းများ၊  ခံစားမှုများကို တန်းညှိ၊ လူအချင်းချင်း ချစ်ခင်းခြင်းသည်သာလျှင် ပဓါန (နိုင်ငံ နယ်နိမိတ်များကို ဖြိုလှဲ)၊ ယဉ်ကျေးမှုများ (တမင်တကာ) တိုးတိုက်မိ ဆိုသလို တိုးတက်လာသော ယဉ်ကျေးမှု သတင်းများလည်း ရှိနေသလို၊
လူကုန်ကူးခြင်း၊ ရောင်းစားခံများ၊ စီးပွားရေး ၀ိသမလောဘသားများ၊ ပွဲစားများ၊ အင်များ၊ အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ ကဲ့သို့သော ခေတ်အဆက်ဆက် တည်ရှိလာခဲ့သော အနိဌာရုံများလည်း ပါဝင်နေပါသတဲ့။
ဝမ်းမြောက်ဝမ်းသာနှင့် ၀မ်းနည်းကြေကွဲဖွယ်ရာများ ရောပြွမ်းနေသော်ငြားလည်း မြန်မာ လူပျိုကြီးများ၊ လူပျိုလေးများကလည်း စိတ်ဝင်စားကြပါသတဲ့။
ဒေါ်လာ တသောင်း (မြန်မာကျပ်ငွေ သိန်း ၇၀ ကျော်) ငွေကြေးဟာ ကိုရီးယား တောသား များစွာအတွက် မမှုလောက်ပေမဲ့ (တမိုး လယ်ထွန်ခ မျှသာရှိပေမဲ့)၊ အကျွန်ုပ်တို့ မြန်မာ လူပျိုကြီးများ အတွက်မှာမူကား.. အိမ်း.... သွင်းကုန်ထက် ... ပို့ကုန်သည်သာလျှင် .......

မောက္ခသတင်း




No comments:

Post a Comment

အကြံပေးကြည့်ပါလား.......