၂၀၁၁ ခုနှစ် ကမ္ဘာ့တွေးခေါ်ရှင် (၁၀၀) စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်

ဩဇာအရှိန်အ၀ါ ကြီးမားသည့် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ခုနှစ် ကမ္ဘာ့အတွေးအခေါ်ရှင် (၁၀၀) အတွက် စစ်တမ်းကောက်ယူရာမှာ၊ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က အမှတ်စဉ် (၃၁) နေရာတွင် ရွေးချယ်ဖော်ပြခံရသည်။
ဒ်ါအောင်ဆန်းစုကြည် နှင့်ပတ်သက်ပြီး Foreign Policy မဂ္ဂဇင်းက "အကယ်၍ မြန်မာနိုင်ငံ စစ်အာဏာရှင် တံပိုးအောက်မှ နောက်ဆုံး ရုန်းထွက်နိုင်ခဲ့တယ်ဆိုလျှင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ကျွမ်းကျင်တတ်ပွန်မှုက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေလိမ့်မည်" ဟု ရေးသားထားသည်။

Animal will Rck you

Funny Pictures from mail group


ကပ်သီးကပ်သတ် အင်္ဂလိပ် စကားလုံးများ

တာရာမင်းဝေရဲ့ နာမည်ကြီးတဲ့ စာအုပ်တအုပ်ပါခင်ဗျ.. စာအုပ်ထဲက တချို
့စကားလုံးလေးတွေက ကျွန်တော်တို့  အတွက်တော်တော်လေး အသုံးဝင်ပါတယ်….ဒါကြောင့် 
သိပြီးသားသူလဲပြန် အမှတ်ရအောင် မသိသေးတဲ့ သူတွေ လဲကောက်နုတ်သုံးစွဲလို့ ရအောင်
ဒီ Note လေးကိုရေးသားဖော်ပြလိုက်ပါတယ်….

ကြက်ဟင်းခါးသီးနှင့်ကျန်းမာရေး

စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..

အပေါ.သွားရင်းgameကစားမယ်


ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ စိတ်ဆတ်တယ်၊ အကြွေးမဆပ်ဘူး...
ရှူရှူပေါက်ယင် အဝေးကြီးရောက်တယ်ဆိုသူများ သက်သေပြနိုင်မည့် ဂိမ်းပေါ်လာပါပြီ...


ကမ္ဘာ့ ပထမဦးဆုံးလို့ ဆိုနိုင်မည့် အပေါ့ သွားယင်းဆော့ ကစားနိုင်မည့် ဗီဒီယိုဂိမ်းတစ်မျိုးကို လန်ဒန်မြို့ ၊
အရက်ဘားတစ်ခုရှိ အမျိုးသားများသန့် စင်ခန်းတွင် တပ်ဆင်နိုင်ခဲ့ ပြီမို့ ရေအိမ်သို့ မဖြစ်မနေသွားရတာ
တောင်မှ ယခင်ကထက်ပိုပြီးပျော်ရွှင်စရာေ ကာင်းလာမှာအမှန်ပင်ဖြစ်လာပါတော့ တယ်...

မ​​ချောများ​​၏ ဝတ်လစ်စလစ်ပုံများ​​ ကြည့်​​ရှုခြင်း​​ဖြင့်​​ ဦး​​​နှောက်စွမ်း​​​ဆောင်ရည်တိုး​​မြှင့်​​နိုင်

အမျိုး​သား​များ​အတွက် ရည်ရွယ်ချက်မဂ္ဂဇင်း​အဖုံး​တခု © dailymail

နှစ်လိုဖွယ် မိန်း​​က​​လေး​​များ​​၏ ဝစ်လစ်စား​​လစ် ဓာတ်ပုံများ​​ကို ကြည့်​​ရှုခြင်း​​သည် ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်များ​​ကို တိုး​​မြှင့်​​​ပေး​​​ကြောင်း​​ သိရှိရသည်။ သု​​တေသီများ​​က Page 3မှ လှပ​​သော ​​လေဆီ၊​ ကီလီနှင့်​​ ရီအန်တို့​​ကဲ့​​သို့​​ ​​မော်ဒယ်မိန်း​​က​​လေး​​များ​​၏ အဝတ်ဗလာ ဓာတ်ပုံများ​​ကို ပြသပြီး​​ စမ်း​​သပ်ချက်အရ ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်ကို လှုံ့​​​ဆော်​​ပေါ်နိုင်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။

Fattest Baby Of The Year

THE desperate parents of a NINE STONE three-year-old have told how they can't make the giant toddler diet because they are scared of him.
Lu Hao, from China, is dangerously overweight, and at 9st 6lb is FIVE TIMES as heavy as other boys his age. He is getting so big his family are frightened of him â€" and have given up trying to stop the youngster from gorging on huge plates of ribs and rice. His parents claim he throws vicious tantrums if he doesn't get third or fourth helpings of dinner.

လောကကြီးမှာရှိ.တဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ…

လောကကြီးမှာရှိ.တဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲတခါ တုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက် ခဲ့တယ်ထိုတိုင်းပြည်ရဲ့ အနီး အနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ် ထိုဘုရင် ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက် ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေး တစ်ခုပေးလိုက်ပါတယ်….

ခရီးသွားရန် အကောင်းဆုံး ၁၀နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံပါဝင်

ကမ္ဘာလှည့် ခရီးသွားများ၏ ယုံကြည်မှု ရရှိထားသော LonelyPlanetခရီးသွားလမ်းညွှန် စာ အုပ် က ရွေး ချယ်သော ၂၀၁၂ ခုနှစ် ခရီးသွားရန် အကောင်းဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာကြောင်း သတင်း ရရှိသည်။ Lonely Planet က ရွေး ချယ်ခဲ့သော ၂၀၁၂ ခုနှစ် ကမ္ဘာ့ အကောင်းဆုံး ခရီးသွား၁၀ နိုင်ငံ ထဲတွင် ပထမအဖြစ် ယူဂန်ဒါ ၊ဒုတိယနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ဖော် ပြထားပြီး တတိယအဖြစ် ယူကရိန်း နိုင်ငံအားဖော်ပြထားသည်။

ဂူဂယ်လ်က ဆုရလိုက်တဲ့ ၇နှစ်သမီးငယ်

 


ဒီနေ့ဟာ အိန္ဒိယနိုင်ငံရဲ့ ကလေးများနေ့ပါ။ ဒီနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဂူဂယ်လ်က သူ့ရဲ့ www.google.co.in ဆိုတဲ့ အိန္ဒိယအတွက် စာမျက်နှာမှာ ၇နှစ်အရွယ် အိန္ဒိယသမီးငယ်လေး ဗာရှား ဂုပ်ပတား ရဲ့ ပန်းချီလက်ရာ အိန္ဒိယရိုးရာ တူရိယာပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ဂူဂယ်လ်မှာသုံးမယ့် ပုံအတွက် အိန္ဒိယနိုင်ငံတ၀ှမ်းက ကျောင်းသားလူငယ်ပေါင်း ၁သိန်းကျော်တို့ ပေးပို့ယှဉ်ပြိုင်ကြတဲ့အထဲကနေမှ သူ့ရဲ့ ပန်းချီလက်ရာကို ရွေးချယ်ခံခဲ့ရတာပါ။Google Doodle ဆုရတဲ့ ဗာရှားဂုပ်ပတား (ဓာတ်ပုံ - ciol.com)


“ကမ္ဘာကြီးအတွက် အိန္ဒိယရဲ့ လက်ဆောင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံဆွဲပြိုင်ရမယ်လို့ ဆရာမက ပြောတယ်။ အိန္ဒိယမှာက ယဉ်ကျေးမှုမျိုးစုံရှိကြတယ်။ တေးဂီတ တီးမှုတ်ဖျော်ဖြေတာဟာ အိန္ဒိယအတွက် အရေးပါတဲ့ ယဉ်ကျေးမှုတခုဖြစ်တယ်။ အိန္ဒိယရဲ့ တူရိယာတွေက ကမ္ဘာ့အနှံ့အပြားကို ပြန့်နှံ့သိရှိနေကြပြီ။ ဒီတူရိယာတွေကိုလည်း သမီးအမြဲတွေ့ဖူးနေတော့ ဒီပုံတွေ ဆွဲလိုက်တယ်” လို့ ပန်းချီဆရာမဖြစ်ချင်တယ်ဆိုတဲ့ ဗာရှားဂုပ်ပတားက ပြောပါတယ်။
ဗာရှားဂုပ်ပတားရဲ့ လက်ရာ (ဓာတ်ပုံ - Google.co.in)


ရွေးချယ်ခံလိုက်ရတဲ့အတွက် ဗာရှားဂုပ်ပတားလေးဟာ ဂူဂယ်လ်ရဲ့ ဂုဏ်ပြုလက်မှတ်ရယ်၊ တနှစ်စာ အင်တာနက် ကွန်နက်ရှင်နဲ့ လက်ပ်တော့ပ်ကွန်ပြုတာတလုံး၊ အိုင်တီနည်းပညာလေ့လာသင်ကြားမှုအတွက် ထောက်ပံ့ငွေ ရူပီး ၂ သိန်းကို ရလိုက်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ကလေးများနေ့ဆိုတာက အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ်၊ ဂျဝါဟာလာနေရူးရဲ့ မွေးနေ့၊ နိုဝင်ဘာလ ၁၄ ရက်နေ့ရောက်တိုင်း တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေကို ချစ်ခင်အားပေးဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။ ဒီနေ့ရောက်တဲ့အခါ အိန္ဒိယတနိုင်ငံလုံးက ကျောင်းတွေမှာ ကလေးတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားတွေ၊ ကလေးရုပ်ရှင်ပွဲတော်တွေ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးလေ့ရှိပါတယ်။
Copy From : http://www.irrawaddyblog.com

မြန်မာလူငယ်နှစ်ဦးရဲ့ယုံကြည်ချက်အပေါ်ဖန်တီးထားမှု့-You are You I am Me - Burma Story


မြန်မာလူငယ်နှစ်ဦးရဲ့ဖန်တီးထားချက်ပါ။youtube မှာတင်ထားတာဖြစ်ပါတယ်။
နိုဝင်ဘာ(၃)ရက်နေ့ကတင်ထားတာဖြစ်ပြီးယနေ့ထိကြည့်ရှု့ပြီးသူပေါင်း ၆၀၀၀ နီးပါးရှိနေပါပြီ။
ဗိုလ်ချုပ်သန်းရွှေနဲ့ ဦးသိန်းစိန် အပါအဝင်လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကို သရော်ထားတာဖြစ်ပါတယ်။တရုပ်၊အန္ဒိယနဲ့၊ကမ္ဘာပတ်ဝန်းကျင်နိုင်ငံများက မြန်မာ့အရေးကို ပါဝင်နေပုံကိုတင်ပြထားတာဖြစ်ပါတယ်။



နာက်ခံတေးဂီတကို kaung zone နဲ့ animation ဖန်တီးမှု့ကိုတော့ edo vader ကဖန်တီးထားတာဖြစ်ပါတယ်။
 

ဗိုက်နာနေစဉ် ကားမောင်းလိုင်စင် အောင်အောင်ဖြေ ပြီးပြီးချင်း ဆေးရုံကိုကားမောင်းကာ ကလေးမွေးဖွားခဲ့သူ


အမေရိကန် ပြည်ထောင်စု၊ လစ်ပင်းစတန်၊ အနောက် လိုသီရန်မှာနေတဲ့ အသက် ၂၀အရွယ် အမ်မာဖရန့်စ်(Emma French) ဆိုတဲ့ ကောင်မလေး တစ်ယောက် မတ်လတုန်းက သူမ ပထမဆုံး ကားမောင်လိုင်စင်
ဖြေတဲ့အချိန်မှာ မအောင်ခဲ့တာ့ အခုတစ်ခါ သြဂုတ်လ ၃၀ မနက် ၈နာရီ ၄၀မှာ ထပ်ဖြေဖို့ ချိန်းထားတဲ့အချိန် သွားတဲ့ အခါမှာ သူမဟာ မကြာမီ ကလေးမွေးဖွားရတော့မဲ့ အခြေအနေမှာ ရောက်ရှိနေပါတယ်။ အဲဒီနေ့ မနက် ၄နာရီမှာလောက်ကတည်းက သူမနိုးလာချိန်မှာ ရေမွှာအိတ်ပေါက်သွားပြီးဆိုတာကိုလည်း သူမသတိထားမိပါတယ်။ ဒါပေမယ့်  သူမရဲ့ ကားမောင်းကျွမ်းကျင်မှု စစ်ဆေးသူကို သူမကို အခုတစ်ခေါက် မဖြေခိုင်းမှာစိုးလို့ ဒါတွေကို မပြောဘဲ ဇွဲကောင်းကောင်းနဲ့ ဖြေလိုက်တဲ့ အချိန်မှာတော့ ကားမောင်းကျွမ်းကျင်မှုစစ်ဆေးတာ အောင်မြင်သွားပြီး လိုင်စင်ပါ တခါတည်း ရသွားပါတယ်။
လိုင်စင်ရရခြင်းမှာပဲ သူမဟာ ဆေးရုံကို တခါတည်း ကိုယ်တိုင်ကားမောင်းကာ ပြေးရပါတော့တယ်။ အဲဒီနောက် ည ၇နာရီခွဲမှာတော့ သူမရဲ့သမီးလေး Eva MacFarlane သဘာဝအတိုင်းပဲ အောင်မြင်စွာ
မွေးဖွားနိုင်ခဲ့ပါတယ်။ သူမကလေးမွေးတဲ့ ဆေးရုံကနပ်စ်တွေက သူမကလေးမွေးဖွားတဲ့အတွက်ရော ကားမောင်းလိုင်စင်ရတဲ့အတွက်ရော ဂုဏ်ပြုကတ်လေးတွ လူတွေက ပို့နေကြလို့ နားမလည်နိုင်အောင် ဖြစ်နေကြစဉ်... အမ်မာက ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တော့ နပ်စ်မတွေ အံ့သြတုန်လှုပ်ကုန်ကြပါတယ်။

လူတိုင်းက ကျမကို လိုင်စင်သွားဖြေမဲ့အစား ဆေးရုံကိုပဲ သွားဖို့တွန်းအားပေးခဲ့ကြပါတယ်။ ဒါပေမယ့် လိုင်စင် နောက်တစ်ခါပြန်ဖြေဖို့ကို စောင့်ခဲ့ရတာကြပါပြီး၊ ဒါအတွက်နဲ့ လိုင်စင်ဖြေတာကို မပျက်ချင်လို့ မဖြစ်ဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွမ်းကျင်မှုစစ်ဆေးသူကိုလည် ကျမ အခြေအနေကို မပြောရဲပါဘူး၊ ပြောလိုက်မှ သူက ဖြေခွင့် မပေးမှာ စိုးလို့ပါပဲ... ကျမမှာ ဒီလိုအကျင့်ရှိပါတယ် လုပ်မယ်လို့ ဆုံးဖြတ်ပြီးသားကို တော်ရုံနဲ့ မရပ်ပစ်တတ်ပါဘူး။ လူတိုင်းက ကျမကို ရူးနေတယ်လို့ ထင်ချင်ထင်မှာပါ။ တကယ်တမ်း အရာအားလုံးက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်သွားတာပါပဲ...လို့ အမ်မာက ပြောပါတယ်။

သူမကိုတားခဲ့ကြတဲ့အထဲ သူမ ရည်းစားနဲ့ သူမရဲ့ အကိုတို့လည်းပါဝင်ပြီး ၄၅မိနစ်ကြာမယ့် စစ်ဆေးမှုကို ဖျက်လိုက်ဖို့နဲ့ ဆေးရုံကိုသာသွားဖို့ကို ခေါင်းမာတဲ့ အမ်မာကို တွန်းအားပေးခဲ့ကြ ပါသေးတယ်။

သူမလိုင်စင်ရရခြင်း သူမအဘိုးအဘွားအိမ်ကို သူမလိုင်စင်ရပြီးဖြစ်ကြောင်းနဲ့ မွေးခါနီးအခြေအနေမှာ ရှိနေကြောင်း သတင်းပို့ခဲ့သေးပြီး၊ လိုင်စင်အသစ်စက်စက်လေးကို အသုံးပြုကာ ဆေးရုံကို ကိုယ်တိုင် ကားမောင်းသွားခြင်းဖြစ်ပါတယ်။
အမေတစ်ယောက်ဖြစ်ရတာ ကျမဂုဏ်ယူရဆုံးထဲမှာပါပါတယ်။ အမေတစ်ယောက်လုပ်ရတာ ကမ္ဘာပေါ်အကောင်းဆုံး အလုပ်ပါပဲ... အခုလို ပြောင်မြောက်တဲ့ စွန့်စားခန်းအကြောင်းကို သမီးလေးကြီးလာတဲ့အချိန်မှာ ပြောပြဖို့ ကျမတကယ် မစောင့်နိုင်တော့ပါဘူး...
ပြီးတော့ မြေးတွေကိုရောပေါ့... အခုလို စစ်ဆေးမှုဖြေတဲ့နေ့မျိုးမှာမွေးခါနီးဗိုက်နာနေတာ တစ်ခုတော့
ကောင်းတယ်.. ဘာလို့ဆိုတော့ ဗိုက်ကနာနေတော့ ဖြေခါနီး စိတ်လှုပ်ရှားတာကို တခါတည်း သတ်ပြီးသား ဖြစ်သွားလို့ပါပဲ လို့... အမ်မာ ဆက်ပြောကြောင်း... ဇွဲကောင်း၊ ခေါင်းမာပြီး၊ လုပ်ချင်ရာ လုပ်လိုက်ရလို့ ကျေနပ်သွားတဲ့ ထူးခြားတဲ့ အမ်မာဖရန့်စ်ရဲ့ အကြောင်းလေးကို တင်ပြလိုက်ရပါတယ်ခင်ဗျာ။

အကယ်ဒမီ “ဒွေး” ပြောတဲ့ “ပညာရှင်ဆိုတာ”

ကျွန်တော် ၂၀၀၉ ခုနှစ် မေလမှာ မိုးလေ၀သဌာနမှ အငြိမ်းစားယူတော့ ဂျာနယ်လစ်တွေက ကျွန်တော်ပါတဲ့ သတင်းတွေ ရေးတဲ့အခါ “မိုးလေ၀သပညာရှင်” လို့ သုံးလာကြပါတယ်။ ကျွန်တော် တားပါသေးတယ်။ “မိုးလေ၀သသုတေသီ” ဆိုရင် တော်လောက်ပါပြီလို့။ ဒါပေမယ့် မရပါဘူးဗျာ။ အခုတော့လည်း အားလုံးက သုံးနေကြပါပြီ။

တကယ်တော့ ပညာရှင်လို့ အခေါ်ခံရတာ ဂုဏ်ယူစရာပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော့နေနဲ့ ဒီ ... ဂုဏ်ပုဒ်ဟာ မြင့်လွန်းနေတယ်လို့ ယူဆပါတယ်။ နောက်ပြီး ဂိုဏ်းသင့်မှာလည်း စိုးရိမ်မိပါတယ်။ အဆိုးဆုံးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ နိုင်ငံကျော် ပြည်သူချစ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ “ဒွေး” ပြောဖူးတဲ့ “ပညာရှင်” ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျွန်တော် ပြန်ပြန်သတိရနေမိပြီး “ပညာရှင်” အခေါ်ခံရမှာကို အကြောက်ဆုံးလည်း ဖြစ်နေလို့ပါပဲ။

လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က မဂ္ဂဇင်းတစ်စောင်ရဲ့ အင်တာဗျူးတစ်ခုမှာ အကယ်ဒမီဒွေးက “ပညာရှင်” ဆိုတာနဲ့ ပတ်သက်ပြီး ဒီလိုပြောဖူးပါတယ်။

ပြင်သစ်တော်လှန်ရေး ခေတ်တုန်းက သေဒဏ်အပေးခံထားရတဲ့ တရားခံ (၃) ဦးဟာ သေဒဏ်ပေးခံရမယ့်နေ့ကို စောင့်ဆိုင်းနေကြရသတဲ့။ အဲဒီခေတ်အခါကလည်း သေဒဏ်ပေးတဲ့စနစ်က လူပုံအလယ်မှာ ဆောက်လုပ်ထားတဲ့ စင်ကြီးပေါ်မှာ တရားခံတွေကိုတင်ပြီး အများရှေ့မှာ Guillotine လို့ခေါ်တဲ့ ခေါင်းဖြတ်စက်ကြီးနဲ့ ခေါင်းဖြတ်သတ်တဲ့နည်းနဲ့ တရားခံတွေကို သေဒဏ်ပေးလေ့ရှိသတဲ့။

ဒီလိုနဲ့ သေဒဏ်ပေးဖို့ စီရင်ချက်ချခံထားရတဲ့ တရားခံ (၃) ဦးဟာ သေဒဏ်ပေးခံရမယ့်နေ့ကို ရောက်လာသတဲ့။ အဲဒီနေ့မှာ လူတွေဟာလည်း ခေါင်းဖြတ်စက်ကြီး ဆင်ထားတဲ့ ကွင်းပြင်ကြီးထဲကို မနက်ကတည်းက ရောက်လာလိုက်ကြတာ ကွင်းလုံးပြည့်ပဲတဲ့။

အချိန်ရောက်လာတော့ တရားခံ(၃)ယောက်ကို ကွင်းလယ်မှာရှိတဲ့ ခေါင်းဖြတ်စက် စင်ကြီးပေါ်ကို တင်လိုက်သတဲ့။ ပြီးတော့ ပထမဆုံးတရားခံကို ခေါင်းဖြတ်စက်နဲ့ သေဒဏ်ပေးဖို့အတွက် ပါးကွက်သားတွေက ခေါင်းဖြတ်စက်ရဲ့ ဓါးသွားကြီး အောက်မှာ ဆင်ထားတဲ့ ခုံအပေါ်မှာ တရားခံကို ဇက်စင်းပြီး တင်ထားစေသတဲ့။ နောက်တော့ စင်ကြီးရဲ့အလယ် တိုင်ကြီးနှစ်ဖက်နဲ့ အမြင့်မှာချိတ်ဆွဲထားတဲ့ ဓါးကြီးကို ဖြုတ်ချ လိုက်ကြသတဲ့။

ဖြစ်ချင်တော့ ဓါးကြီးဟာ JAM ဖြစ်နေပြီး ပြုတ်ကျမလာပဲ လမ်းတစ်ဝက်မှာပဲ ညပ်နေသတဲ့။ ဒါနဲ့ ပထမတရားခံဟာ မသေမချင်းသတ်စေလို့ အမိန့်ချ ထားတာ မဟုတ်လေတော့ သေဒဏ်က လွတ်သွားသတဲ့။

နောက် ဒုတိယ တရားခံအလှည့် ရောက်လာတော့လည်း ဒီလိုပဲ ဖြုတ်ချလိုက်တဲ့ ဓါးကြီးဟာ လမ်းမှာပဲ ညပ်နေပြန်လို့ ပထမတရားခံလိုပဲ သေဒဏ်က လွတ်သွားပြန်ရောတဲ့။

ဒါနဲ့ နောက်ဆုံး တတိယတရားခံအလှည့် ရောက်လာတော့ ဒီဖြစ်ရပ်ကို အစအဆုံး နှစ်ကြိမ်တိုင်တိုင် မြင်တွေ့လိုက်ရတဲ့ တတိယတရားခံက “နေပါဦးဗျာ။ သေရမယ့် လူတစ်ဦးအနေနဲ့ မသေခင် သူလိုချင်တာလေးကို နောက်ဆုံးအခွင့်အရေးအနေနဲ့ တောင်းဆိုခွင့် ရှိတယ်မဟုတ်လား ခင်ဗျာ” လို့ အာဏာပါးကွက်သားတွေကို ပြောလိုက်သတဲ့။ ဒီတော့လည်း အာဏာပါးကွက်သားတွေက တတိယတရားခံရဲ့ တောင်းဆိုချက်ဟာ တရားဥပဒေနဲ့ ညီနေတာကြောင့် “အေး.. အေး ဟုတ်ပါပြီ။ မင်းက ဘာများ တောင်းဆိုချင်သလဲ” လို့ ပြန်မေးလိုက်ကြပါတယ်။

ဒီတော့ တတိယ တရားခံက “ကျွန်တော် ဒီဓါးစက်ကြီး ဘာချို့ယွင်းနေတာလည်းဆိုတာ စစ်ဆေးကြည့်ချင်ပါတယ်” လို့ ပြောလိုက်သတဲ့။ ဒီတော့ အာဏာပါးကွက်သားတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ပဲ “ကြည့်လေကွာ” ဆိုပြီး ခွင့်ပြုလိုက်ကြသတဲ့။ ဒါနဲ့ တတိယတရားခံဟာ ဓါးစက်ကြီး အပေါ်ကိုတက်ကြည့ပြီး ချို့ယွင်းနေတာကို ရှာပြီး ပြင်ပေးလိုက်သတဲ့။

နောက်တော့ ပြန်ဆင်းလာပြီး “ကဲ…ကဲ…ကောင်းသွားပါပြီ။ ခင်ဗျားတို့ လုပ်စရာရှိတာ ဆက်လုပ် နိုင်ပါပြီ” လို့ပြောလိုက်သတဲ့။ ဒီတော့လည်း အာဏာပါးကွက်သားတွေက “အေး.. ဆက်လုပ်စရာကတော့.. ဒီတစ်ခါ မင်းအလှည့်မို့ မင်းရဲ့ခေါင်းကို အဲဒီ ဓါးစက်ကြီး အောက်က ခုံပေါ်ကိုတင်လိုက်တော့” လို့ ပြောကြသတဲ့။

ဒီတော့လည်း တတိယ တရားခံဟာ ပြောတဲ့အတိုင်း သူ့ရဲ့ခေါင်းကို ခုံပေါ်လည်းတင်ပြီးရော၊ အာဏာပါးကွက်သားတွေက ဓါးစက်ကြီးရဲ့ မောင်းကိုဖြုတ်ချလိုက်တာ တစ်ခါတည်း အမြင့်မှာ တပ်ထားတဲ့ ဓါးသွားကြီးဟာ ၀ှီးကနဲကျလာပြီး တတိယတရားခံကို ဒုံးကနဲဖြတ်ချလိုက် သတဲ့။ ဒါနဲ့ တတိယ တရားခံဟာလည်း ခေါင်းအဖြတ်ခံရပြီး သေသွားရပါသတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲတဲ့။

သြော်… သြော်… ပြောဖို့ တစ်ခုကျန်သွားပါတယ်။ ခေါင်းဖြတ်အသတ်ခံလိုက်ရတဲ့ တတိယ တရားခံဟာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါသတဲ့။

ပုံကတော့ ဒါပါပဲဗျာ။ ဒါဟာ “ဒွေး”ရဲ့ ပညာရှင်ကို ဖွင့်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြောချင်တာကတော့ ပညာရှင်ဆိုတာ ကိုယ့်အသက်သေရမယ့် ကိစ္စဖြစ်ပါစေ၊ မှားနေတာ၊ လွဲချော်နေတာကိုတွေ့နေရရင် ကိုယ့်ပညာနဲ့ပတ်သက်ပြီး ပညာရှင်ရဲ့ ဂုဏ်ကို အထိခိုက်မခံပဲ အသက်စွန့်ပြီး အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ အနစ်နာခံ သယ်ပိုးပေးစမြဲပဲ ဆိုတာပါပဲ။

ကဲ ပညာရှင်လို့ အခေါ်ခံရဖို့ လွယ်လားဗျာ။


(ဒေါက်တာထွန်းလွင်၏ ဖေ့စ်ဘုတ်တွင် ရေးသားချက်ကို ကူးယူဖော်ပြပါသည်။)

FWD Mail