ဒီဖြစ်ရပ်လေးဟာ ဂျပန်နိုင်ငံ ငလျင်လှုပ်စဉ်အခါက တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။မိခင်ဖြစ်သူဟာ သူ့သားငယ်လေးကို ကယ်တင်ဖို့အတွက် အပေါ်ကနေအုပ်မိုးထားခဲ့ပြီး အသက်ပေးကာကွယ်စောင့်ရှောက်သွားခဲ့ပါတယ်။ ငလျင်ကြောင့်အိမ်ရဲ့အပျက်အစီးတွေဟာ သူမရဲ့ကျောပြင်နဲ့ ဦးခေါင်းကိုထိခိုက်စေခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ မိခင်ရဲ့သေဆုံးပြီးဖြစ်တဲ့ ခန္ဓာကိုယ်အောက်က အသက်မသေပဲကျန်ခဲ့တဲ့ ၃လသားကလေးငယ်လေးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ကလေးငယ်ကိုပတ်ထားတဲ့ စောင်လေးထဲက ဆယ်လူလာဖုန်းမှာ text message တစ်ခုကို ကယ်ဆယ်သူများတွေ့လိုက်ရပါတယ်။ အဲဒါကတော့ "တကယ်လို့များ မင်းအသက်ရှင်နေနိုင်သေးရင် ငါမင်းကိုချစ်ခဲ့တာကို သတိရနေရမယ်နော်"တဲ့...သူ့ကလေးငယ်လေးကို နောက်ဆုံးအနေနဲ့ မှာခဲ့တဲ့ မိခင်ရဲ့မှာတမ်းပါ။ဒီဖြစ်ရပ်လေးကို ဖတ်ပြီး ရင်ထဲမှာ အရမ်းထိခိုက်နာကျင်မိပါတယ်။ ဂျပန်ငလျင်ကြောင့် ပျက်စီးဆုံးရှုံးကြရတဲ့ အသက်ပေါင်းများစွာအတွက်ရယ်၊ မိခင်မေတ္တာကို အသက်နဲ့ရင်းပြခဲ့တဲ့ အဲဒီအမျိုးသမီးလေးအတွက်ရယ် ကျွန်တော်ဆုတောင်းပေးမိပါတယ်။
Copy From : www.facebook.com

No comments:
Post a Comment
အကြံပေးကြည့်ပါလား.......