ကျောင်းမှာ အနှိပ်စက်ခံရတဲ့ ၁၃ နှစ် ကျောင်းသား သူ့ဆရာရှေ့ တိုက်ပေါ်က ခုန်ချ


အသက်၁၃ နှစ်အရွယ် ဂျပန် ကျောင်းသားလေး တစ်ယောက်ဟာ သူ့ဆရာရှေ့မှောက် တိုက်ခန်းတစ်ခုကနေ ခုန်ချခဲ့ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။



ဂျန်ပန်နိုင်ငံ ဆပ်ပိုရိုမြို့(Sapporo)၊ Maedakita Junior အထက်တန်းကျောင်းမှ အသက် ၁၃ နှစ်အရွယ် ဒုတိယနှစ် ကျောင်းသားလေးဟာ သြဂုတ်လ ၃၀ ရက်နေ့မနက် ၉ နာရီ ကျော်ကျော်လောက်မှာ ကိုးထပ်တိုက် ခေါင်မိုးပေါ်မှ ခုန်ချအပြီး ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာပါ။
ဒီကျောင်းသားလေးဟာ မသေဆုံးခင်က သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ကျောင်းမှာ စော်ကားနှိပ်စက်ခံနေရကြောင်း ပြောဆိုခဲ့ပါသေးတယ်။ ကျောင်းတာဝန်ရှိသူတွေက အခုလို အစော်ကား နှိမ့်ချခံရမှုကြောင့် ကျောင်းသားလေးဟာ အသက်စွန့်သွားတယ်လို့ သံသယ၀င်နေကြပါတယ်။ ကိုယ့်ကိုကိုယ် သတ်သေကြောင်း ရေးထားတဲ့ စာရွက်စာတမ်းတွေကိုတော့ မတွေ့ရသေးပါဘူး။
ရဲတွေအပြောအရ သူက ကျောင်းဝတ်စုံကိုဝတ်ဆင်ပြီး သြဂုတ်လ ၃၀ မနက် ၈ နာရီခွဲလောက်မှာ အိမ်က ထွက်သွားတယ် ။ ဒါပေမဲ့ သူ့အမေက ကလေးဟာ ကျောင်းဘက်ဆီကို မသွားဘဲ ကျောင်းနဲ့ ဆန့်ကျင်ဘက်ဆီကို သွားနေတာ သတိပြုမိလို့ ကျောင်းကို ဖုန်းဆက်ခဲ့ပါတယ်။
သူ့အမေနဲ့ သူ့ဆရာက သူ့ကိုလိုက်လံရှာဖွေတော့ အိမ်နဲ့ မီတာ ၁၀၀ လောက်ဝေးတဲ့ တိုက်တစ်ခုရဲ ခေါင်မိုးပေါ်မှာ တွေ့ပါတယ်။ သူတို့က ရဲကို ချက်ချင်းဖုန်းဆက် ခေါ်လိုက်ပါတယ်။ နောက်ကလေးကို စိတ်အေးအေးထားဖို့ ဖျောင်းဖျနေစဉ်မှာပဲ ကလေးက အဆောက်အအုံပေါ်မှ ခုန်ချသွားခဲ့ပါတယ်။
အရင်မနက်ကလည်း ကလေးဟာ ခဏတဖြုတ်ပျောက်သွားခဲ့ပါသေးတယ်။ နာရီအတော်ကြာမှ ကလေးကို သူ့အသိတစ်ယောက်ရဲ့ အိမ်မှာ တွေ့ရှိခဲ့ပါတယ်။ သူကရဲတွေကို အသက်မရှင်ချင်တော့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ သူ့မိသားစု ၊ သူ့ဆရာတွေနဲ့ အချိန်အတော်ကြာ အတော်ကြာ စကားပြောဆိုပြီးနောက် သူက နောက်နေ့မှာ ကျောင်းသွားပါတော့မယ်ဆိုပြီး ထပ်ခါတလဲလဲ ကတိပေးခဲ့ပါတယ်။
ကျောင်းတာဝန်ရှိသူတွေနဲ့ အခြားသူတွေရဲ့အပြောအရ ဒီကျောင်းသားလေးဟာ ဒီနှစ်မေလလောက် ကတည်းက ကျောင်းမှန်မှန်မတက်ဘူးလို့ ဆိုပါတယ်။ ဇူလိုင် ၇ ရက်နေ့မှာ မေးမြန်းကြည့်တော့ သူက သူ့အမေနဲ့ ဆရာကို ကျောင်းမှာ အခြားသူတွေက သူ့ကို ဒုက္ခပေးကြကြောင်း ပြောဆိုခဲ့ပါသေးတယ်။
သူထပ်ပြောတာက သူ့သူငယ်ချင်းတွေဟာ သူ့အကြောင်း မကောင်းပြောကြတယ်လို့ ဆိုပါတယ် ။ဆရာက ဒီကလေးရဲ့ သူငယ်ချင်းတွေကို အကြိမ်ကြိမ် သတိပေးဆုံးမခဲ့ပါသေးတယ်။ သြဂုတ်လ ၃၀ ရက်မှာ ပြုလုပ်တဲ့ ကျောင်း ကွန့်ဖရင့်မှာ ကျောင်းအုပ်ကြီး Yoshio Arasawa က "ဒီလိုဖြစ်ပွားရတာဟာ စော်ကားနှိပ်စက်မှုကြောင့် ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို အသေးစိတ်ပြုလုပ်သွားမယ်" လို့ပြောပါတယ်။
ဒါပေမယ့် မိဘ ဆရာ နဲ့ ကျောင်းရှိ တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့် သေဆုံးသွားတဲ့ ကလေးရဲ့ အသက်ကို ပြန်လည်အစားထိုးလို့ မရတာကတော့ အသေအချာပါပဲ။
သုခသခင်
Source; the Mainichi Daily News

Copy From : http://www.maukkha.org/

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......