iPad ကြိုက်သော လူဝံများ

၂၀၁၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က အမေရိကန်ရှိ မီဝေါကီး တိရစ္ဆာန် ဥယျာဉ်အတွင်း ဝန်ထမ်းတစ်ဦးမှ ၎င်း၏ အော်ရန်အူတန် လူဝံများသည် iPad ကြိုက်နှစ်သက်သည်ကို တွေ့ရှိခဲ့သည်။iPad မျက်နှာပြင်ပေါ်တွင် လက်ဖြင့် ရေးဆွဲခြင်းကို မျောက်လွှဲကျော်များလည်း ကြိုက်နှစ်သက်ကြ ကြောင်းနှင့် ဆေးရောင်ချယ်ခြင်းကို ကြိုက်နှစ်သက်ကြသော အော်ရန်အူတန် လူဝံများလည်း iPad ဖြင့် ဆေးရောင် ရေးဆွဲခြင်းကို ကြိုက်နှစ်သက်ကြကြောင်း အဆိုပါဝန်ထမ်းမှ ပြောသည်။



အော်ရန်အူတန် လူဝံများသည် iPad အတွင်းပါရှိသော စန္ဒယားတီးခြင်း၊ ဒရမ်တီးခြင်း အစရှိသည့် ဂိမ်းများကိုလည်း ကြိုက်နှစ်သက် ကြကြောင်းနှင့် လူဝံထီး တစ်ကောင်မှာမူ iPad ဖြင့် ရုပ်ရှင်ဇာတ်ကား ကြည့်ခြင်းကိုလည်း ကြိုက်နှစ်သက်ကြောင်း အဆိုပါ တိရစ္ဆာန်ရုံသို့ ပထမဦးဆုံး iPad လှူဒါန်းသွားသူ တစ်ဦးမှ ပြောခဲ့သည်။

မျောက်လွှဲကျော်များ iPad အသုံးပြုလိုခြင်းမရှိသည့် အချိန်တွင်သာ လူဝံများမှာ iPad အား ထိတွေ့ခွင့်ရသည်။

နည်းပညာ အသစ်များဖြင့် ပျော်မွေ့လေ့ မရှိတတ်သော လူဝံများကို တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက် သူများမှ ကြိုးပမ်းအားထုတ်၍ iPad ဖြင့် ထိတွေ့စေခဲ့ခြင်း ဖြစ်သည်။ လူဝံများသည် အရာရာကို ကြောက်လွန်း အားကြီးသော တိရစ္ဆာန်အမျိုး ဖြစ်ကြောင်းလည်း ဝန်ထမ်းဖြစ်သူ ရစ်ချတ်မှ ပြောသွားခဲ့သည်။


Copy From : http://lannthit2007.blogspot.com

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......