ယူနီ​ဖောင်း​ဝတ်ရဲနှင့်​ အမျိုး​သမီး​တစ်ဦး​ ​နေ့​ခင်း​​ကြောင်​တောင် လိင်ဆက်ဆံ​နေသည့်​ ဗီဒီယို အင်တာနက်တွင်ပျံ့​နှံ့

alt
နေ့ခင်းကြောင်တောင် ကားပေါ်တွင်
လိင်ဆက်ဆံနေသော ရဲသား © dailymail
ယူနီ​ဖောင်း​ အပြည့်​အစုံ ဝတ်ဆင်ထား​​သော ရဲတစ်ဦး​သည် အမျိုး​သမီး​ တစ်ဦး​အား​ ​နေ့​ခင်း​​ကြောင်​တောင် အချိန်တွင် ကား​​ဘောနက်​ပေါ်တင်ကာ လိင်ဆက်ဆံ​နေ​သော ပုံရိပ် ဗီဒီယိုများ​ အင်တာနက်တွင် ပျံ့​နှံ့​လာခဲ့​သည်။
 အ​မေရိကန်နိုင်ငံ၊ နယူး​မက္ကစီကိုရှိ ဆန်တာဖီ ကန်နွန်ရန့်​ခ်ျတွင် CCTV လုံခြုံ​ရေး​ ကင်မရာက မှတ်တမ်း​တင်ထား​​သော ဗီဒီယိုအတွင်း​ အဆိုပါရဲသည် ခန္ဓာကိုယ်တစ်ပိုင်း​ ဗလာကျင်း​ထား​​သော အမျိုး​သမီး​နှင့်​ ပွဲကြမ်း​​နေပြီး​ ယင်း​ကို နံ​ဘေး​မှ ချီဝှာဝှာ ​ခွေး​​ လေး​တစ်​ကောင်က ကြည့်​ရှု​နေသည်ကို ​တွေ့​မြင်ခဲ့​ရသည်။
ထိုဗီဒီယို ပျံ့​နှံ့​ခဲ့​ပြီး​​နောက် ရဲတပ်ဖွဲ့​အ​နေနှင့်​ အဆိုပါ ရဲဝန်ထမ်း​အား​ အ​ရေး​ယူမှု ပြုလုပ်​ပေး​ပါရန် ​တောင်း​ဆိုမှုများ​ မြင့်​တက်လာသည်။ 

အဆိုပါ ကိစ္စမျိုး​အတွက် ရဲများ​ကို လက်နက်ကိုင်ရန် မိမိတို့​ ခွင့်​ပြုထား​ခြင်း​ မဟုတ်ဟု ​ဒေသခံ တစ်ဦး​က KOB 4သို့​ ​ပြောကြား​ခဲ့​သည်။ ရဲတပ်ဖွဲ့​က ထိုအချိန်က အဆိုပါ အရာရှိသည် တာဝန်ထမ်း​​ဆောင်​နေခြင်း​ ဟုတ်မဟုတ် မှတ်ချက်​ပေး​ရန် ငြင်း​ဆန်ထား​သည်။
ထို့​ အပြင် မည်သည့်​ရဲသား​ကိုမျှ လက်တ​လောတွင် အ​ရေး​ယူမှု မပြုလုပ်​သေး​ဟု သိရှိရသည်။

လူထုအသံ အွန်လိုင်းဂျာနယ်

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......