လိင် ဆက်ဆံမှုကို ပြုလုပ် သင့်ကြောင်း ဘရာဇီးနိုင်ငံ၊ ကျန်းမာရေး​ ဝန်ကြီးကဆို

ဘရာဇီးနိုင်ငံ၊ ကျန်းမာရေး​ ဝန်ကြီးက နိုင်ငံအတွင်း သွေးတိုးရောဂါ ဖြစ်ပွားသူ ဦးရေမြင့်တက် လာခြင်းအား တုန့်ပြန်သည့် အနေနှင့် လိင် ဆက်ဆံမှု များများ ပြုလုပ်ရန်ဆော်ဩ လိုက်သည်။ (old post , jst 4 knowledge)

ဝန်ကြီး ဟိုဆေး တမ်ပိုရာယိုက အရွယ်ရောက် လာသူများသည် ကိုယ်လက် လေ့ကျင့်ခန်း များများ စားစား ပြုလုပ်သင့်ကြောင်း၊ ထို့အပြင် လေ့ကျင့်ခန်း သဘောမျိုး ဖြစ်စေပြီး နှလုံး ရောဂါကြောင့် သွေးကြောများကို လှုံ့ဆော်ပေးသည့် လိင် ဆက်ဆံမှုကို အကြိမ်ရေ များများ ပြုလုပ် သင့်ကြောင်း ဘရာဆေးလား မြို့တွင် ကျင်းပသည့် သွေးတိုးရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှု အခမ်းအနားတွင် ပြောကြားခြင်း ဖြစ်ခဲ့သည်။

ဝန်ကြီးက ကခုန်ခြင်း၊ ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်း၊ အစားအသောက် ဆင်ခြင်ခြင်း များကိုလည်း စံနစ်ကျနစွာ စီမံ ဆောင်ရွက် သင့်ကြောင်း ပြောဆို သွားခဲ့သည်။ ဘရာဇီးနိုင်ငံတွင် အသက်အရွယ် ကြီးရင့်သူ (၄)ဦးလျင် ပျမ်းမျှ(၁)ဦးသည် သွေးတိုးရောဂါ ခံစားနေရကြောင်း စစ်တမ်းများက ဆိုသည်။

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......