No Smoking


ဆေးလိပ်ကို များများသောက်လေ ဥာဏ်ရည်ဥာဏ်သွေးနိမ့်ကျလေဆေးလိပ်သောက်သုံးခြင်းက အဆုတ်ကိုပျက်စီး စေခြင်းနှင့် နှလုံးရောဂါဖြစ်ပွားစေခြင်းတို့အပြင် ဥာဏ် ရည်ဥာဏ်သွေးကိုပါ နိမ့်ကျ စေနိုင်ကြောင်း သုတေသန ပြုချက်အရ သိရသည်။ လူငယ်လူရွယ်များ ဆေးလိပ်ကို ပုံမှန်သောက်သုံးခြင်းအားဖြင့် အသိဥာဏ် အဆင့်ကို နိမ့် ကျစေသည်ဟုဆိုသည်။

လူငယ်အယောက် ၂၀၀၀၀ခန့် အား လေ့လာဆန်းစစ်ခဲ့ရာတွင် ဆေးလိပ်များများ သောက်လေ ဥာဏ်ရည်ဥာဏ်သွေးနိမ့်ကျလေ ဖြစ်ကြောင်း တွေ့ရှိရသည်ဟုဆိုသည်။

တစ်နေ့လျှင် စီးကရက်တစ်ဘူးထက်ပိုသောက် သုံးသောသူများသည် ဆေးလိပ်မသောက်သည့်လူများ ထက် ပျမ်းမျှအားဖြင့် ဥာဏ် ရည်အမှတ်ရမှတ်နိမ့်ကျ ကြောင်း တွေ့ရှိခဲ့ရသည်။ အသက်(၁၈)နှစ်မှ (၂၁)နှစ် အရွယ် ဆေးလိပ်သောက်သုံးသူတို့၏ ပျမ်းမျှ ဥာဏ်ရည် အဆင့်မှာ ၉၄ဖြစ်ပြီး ထိုအသက်အရွယ်ရှိ ဆေးလိပ် သောက်သုံးခြင်းမပြုသူတို့၏ ပျမ်းမျှဥာဏ်ရည်အဆင့် မှာ၁၀၁ရှိသည် ဟု ဆိုသည်။ အလားတူပင် မွေးချင်းမောင် နှမများတွင်လည်း ဆေးလိပ်မသောက်သူထက် ဆေး လိပ်သောက်သူက ပို၍ ဥာဏ်ရည် အဆင့်နိမ့်ကျသည်ကို တွေ့ရှိရသည်။

အစ္စရေးနိုင်ငံ တဲလ်ဟရှိုးမားဆေးရုံမှ သုတေသနအဖွဲ့ကိုဦးဆောင်သည့် ဒေါက်တာမတ်ဝီဆာကမူ ဆေးလိပ်သောက်ခြင်းကြောင့် ဥာဏ်ရည်နိမ့်ကျသလား သို့မဟုတ် ဏ်ရည်ဥာဏ်သွေးနိမ့်ကျသူတို့က ဆေးလိပ် ကို ပို၍သောက်သုံးလိုခြင်းဖြစ်သလားဆိုသည်ကိုမူ ရှင်း လင်းစွာ သိရသေးခြင်းမရှိဟုပြောကြားခဲ့သည်။



သို့ရာတွင် ဥာဏ်ရည်နိမ့်သူတို့သည် သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့် မူးယစ်ဆေးသုံးစွဲခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအသောက်များကို စားသုံးခြင်းတို့ကို ပိုမိုပြုလေ့ရှိကြောင်း၊ လေ့လာဆန်းစစ် မှုအရ ဏ်ရည်ဥာဏ်သွေးနိမ့်သော လူငယ်လူရွယ် များကို အဓိကထား၍ ဆေးလိပ်သောက်သုံးခြင်းမှကာကွယ် ရန်အတွက် ဆက်လက်၍သုတေသနပြုသွားမည်ဖြစ်ကြောင်း ဒေါက်တာ ၀ီဆာကပြောကြားခဲ့သည်ဟု သိရ သည်။

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......