သူမ၏ လိင်ကိစ္စနှင့် ပတ်သက်၍...... Japan


နာမည်ကျော် ဂျပန် ဖက်ရှင်မော်ဒယ် နှင့် Nico video game ကုမ္ပဏီ၏ ဂိမ်းဇာတ်ကောင် သရုပ်
ဆောင် တစ်ဦးဖြစ်သူ ကေရို ဆာတို(Kayo Sato) သည် သူမ၏ ဘဝ အစစ်အမှန်မှာ အမျိုးသား တစ်ဦး ဖြစ်ကြောင်း ကို ရုပ်/သံအစီအစဉ်မှ တစ်ဆင့် ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သိရသည်။
သူမ၏ လိင်အစစ်အမှန်နှင့် ပါတ်သက်၍ ကောလာဟလ အချို့ ထွက်ပေါ်လာခဲ့ပြီးနောက် အသက်
၂၂ နှစ် အရွယ်ရှိ  ဂျပန်မော်ဒယ်က လူအများအား ရှင်းလင်း ပြောကြားသင့်သည်ဟု  ခံစားရသော
ကြောင့် ယခုကဲ့သို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။


Nico video game ကုမ္ပဏီ၏ ပင်တိုင် အစီအစဉ် တင်ဆက်သူ နှင့် ဂိမ်းသရုပ်ဆောင်ကေရိုသည်
မကြာသေးမီက ရုပ်/သံ အစီအစဉ်မှတဆင့်  သူမသည်  အမှန်တစ်ကယ်    ယောက်ျားတစ်ဦးဖြစ်
ကြောင်း ရှင်းလင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သူမသည် သူမ၏ ဇာတိမြို့မှ ထွက်ခွာခဲ့ပြီး နာမည်ပြောင်းကာ အမျိုးသမီးတစ်ဦး အဖြစ် ဇာတ်မြှုတ်
နေ ထိုင်ခဲ့ခြင်းကြောင့်   သူမအား မည်သူမှ  မမှတ်မိခြင်း ဖြစ်ကြောင်း၊   ၎င်းကဲ့သို့   ပြောင်းရွေ့ပြီး မကြာမီ မော်ဒယ် အေဂျင်စီ တစ်ခုမှ သူမအားရွေးချယ်ခဲ့သောကြောင့် အမျိုးသမီး ကိုယ်ဟန်ပြမယ် တစ်ဦးအဖြစ်  စတင်အသက်မွေးခဲ့ခြင်း ဖြစ်ကြောင်း၊ အေဂျင်စီမှ မည်သူ တစ်ဦးတစ်ယောက်ကမှ
သူမကိုသံသယ မရှိခဲ့ကြောင်း သိရသည်။


သူမသည် ခန္ဓာကိုယ်ခွဲစိတ်ပြုပြင်ခြင်း    မလုပ်ခဲ့သောကြောင့် ယခုအချိန်အထိ  သဘာဝအတိုင်း
ယောက်ျားတစ်ဦး အနေဖြင့်သာ ရှိသေးကြောင်း၊ ယခုကဲ့သို့ အမျိုးသမီးမော်ဒယ် အဖြစ် အောင်မြင်
ခဲ့ခြင်းမှာ သူမ၏ ပင်ကိုယ် မျက်နှာအနေအထား၊ ခန္ဓာကိုယ် တည်ဆောက်ပုံ အချိုးအစား နှင့် မိတ်
ကပ် အစွမ်းကြောင့် ဖြစ်ကြောင်းကေရိုက ပြောကြားပါသည်။



ကေရိုအနေဖြင့် ယခုကဲ့သို့ အမျိုးသား တစ်ဦးအဖြစ် ဝန်ခံလိုက်သော်လည်း ပရိသတ်အများစုက 
သူမအား မိန်းကလေးမော်ဒယ် တစ်ဦးအဖြစ် သဘောထားလျက်ပင်ရှိကာ ယခုကဲ့သို့ အဖြစ်မှန်ကို ထုတ်ဖော် ပြောဆိုလိုက်ခြင်းသည် လက်ရှိသူမ၏ အောင်မြင်မှု အနေအထားကိုထိခိုက်မှု မရှိကြောင်း သိရသည်။

ကေရိုသည် စက်တင်ဘာလ ၂ ရက်နေ့က   သူမ၏ ဘလောဒ့်တွင်   သူမ၏ ဘဝ အစစ်အမှန်ကို
ဝန်ခံလိုက်ရသည့်အတွက် စိတ်ထဲတွင် ကျေနပ်မိကြောင်း၊    သူမကို   အခွင့်ရေးပေးလက်ခံကြပြီး 

အားပေးစကား ပြောကြသည့်အတွက် အလွန်ဝမ်းသာမိပါကြောင်း၊   ဖော်ပြပါအတိုင်း ကျေးဇူးတင် စကား ရေးသားခဲ့သည်။



ထို့ကဲ့သို့ သူမ ရေးသားပြီးနောက်ပိုင်း သူမ၏ သတ္တိရှိရှိ ထုတ်ဖော်မှု အတွက် မည်သို့သော အပြစ်တင်ရှုံ့ချမှုများကိုမှ မကြုံရဘဲ ပရိသတ်ပေါင်း များစွာက အပြုသဘောဆောင်သော
ဝေဖန်မှုများနှင့် အားပေးစကား များစွာသာ ရရှိခဲ့သည်။

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......