FACE BOOK ဂိမ်းက အစွန်းရောက်ဝါဒကို အဆုံးသတ်စေနိုင်မှာလား? New Stange FB Game


အာရပ်များကို အဓိက သူရဲကောင်း ဇာတ်ကောင်တွေအဖြစ် ထားတဲ့ ဂိမ်းတစ်ခုကို လူမှုကွန်ယက် ဖေ့ဘွတ်ပေါ်မှာ မကြာမီရက်ပိုင်းက စတင်ခဲ့ပါတယ်။

ဒီဂိမ်းရဲ့ ဖန်တီးရှင် ဆူလေမန်ကတော့ အဲဒီ ‘ဟက်ပီးအိုအေစစ်’ လို့ အမည်ပေးထားတဲ့ ဂိမ်းဟာ ကလေးငယ်တွေအတွက် အပြုသဘောဆန်တဲ့ အတွေးတွေကို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ဒီလိုမဟုတ်ရင် သူတို့လေးတွေဟာ အစွန်းရောက်ဝါဒီတွေရဲ့ သားကောင်တွေ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဒီဂိမ်းကို ယခုအပတ်ထဲစတင် ဖြန့်ဖြူးပြီး၊ အခုဆိုရင် လူပေါင်း ၆၀,၀၀၀ လောက်ဟာ ဒီကစားနည်းကို နှစ်သက်စွာ ကစားနေကြပြီ ဖြစ်ပါတယ်။ ယူကေရှိ အက်ဒစ်ဘတ် မှာ ကျင်းပတဲ့ နည်းပညာဆိုင်ရာ ဖျော်ဖြေမှုနှင့် ဒီဇီုင်း လို့ခေါ်တဲ့ တီအီးဒီ (TED) ကွန့်ဖရင့်မှာ ဆူလေမန်က ဒီစီမံကိန်းအကြောင်းကို ရှင်းပြခဲ့ပါသေးတယ်။

မစ္စတာ ဆူလေမန် ဘက်ခ်ဟစ် ဟာ တကယ်တော့ ဂျော်ဒန်နိုင်ငံဖွားပါ ။ အမေရိကန်ပြည်ထောင်စု ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားခဲ့စဉ်မှာ သူဟာ မက်နီဆိုးတားတက္ကသိုလ်မှာ တက်ရောက်နေတဲ့ အချိန်ဖြစ်ပါတယ် ။ ဒီအတိုက်ခံရတဲ့ ဖြစ်ရပ်နောက်မှာ သူဟာ အမေရိကန် နိုင်ငံသားလေးယောက်ရဲ့ ရိုက်နှက်မှုကို ခံခဲ့ရပါတယ်။


အကြောင်းရင်းကတော့ သူဟာ အာရပ်တစ်ယောက်ဖြစ်နေလို့ပါပဲ ။ ဒီဖြစ်ရပ်အတွက် ခါးသီးမှုတွေကို ခံစားနေမယ့်အစား၊ သူက မှော်ဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ ဒါကတော့ ပညာပေး လှုပ်ရှားမှုတွေကို ၀င်ရောက်လုပ်ဆောင်ဖို့ ပါပဲ ။

“အစွန်းရောက်ဝါဒကို တိုက်ဖျက်မယ်ဆိုရင် လူငယ်တွေနဲ့ စတင်ပြီး လက်တွဲလုပ်ဆောင်ရမယ်ဆိုတာ ကျွန်တော် သဘောပေါက်ခဲ့ပါတယ်” လို့ သူက ဆိုပါတယ် ။ “ကျွန်တော်တို့ပေးချင်တဲ့ သတင်းအချက်အလက် က ရိုးရိုးလေးပါ၊ ကျွန်တော်တို့ အာရပ်လူမျိုးတိုင်းဟာ အကြမ်းဖက်သမား မဟုတ်ပါဘူး” လို့ သူက ဘီဘီစီကို ပြောခဲ့ပါတယ် ။

အာလာဒင်ပုံစံ ပုံပြင်လေးတွေကို သူက ဒေသကျောင်းတွေမှာ စပြီးတော့ ပြောကြားပါတယ်။ ကောဇော်ပျံတွေ အကြောင်းရောပေါ့။ တစ်နေ့တော့ ကလေးလေး တစ်ယောက်က အာရပ်စူပါမင်းရော ရှိလားလို့ သူ့ကို မေးပါတယ်။ ဒီအချိန်မှာ သူနားလည်သဘောပေါက်လိုက်တာက အာရပ်စူပါမင်း ဆိုတာ မရှိခဲ့ဘူး ဆိုတာပါပဲ။

ဒါနဲ့ သူ့ရဲ့ကာတွန်းစာအုပ်တွေမှာ အာရပ်ဇာတ်ကောင်တွေရဲ့ အခန်းကဏဏ္ဍကို တိုးချဲ့ပြီး အမျိုးသမီးဂျိမ်းစဘွန်းနဲ့ အကြမ်းဖက် အစွန်းရောက်သမားတွေကို တိုက်ဖျက်တဲ့ ဂျော်ဒန် အထူးစုံထောက် အာရပ်သူရဲကောင်းတွေကို တည့်သွင်းခဲ့ပါတယ်။

ဂျော်ဒန်နိုင်ငံမှာ သူရဲ့စာအုပ်ရောင်းအားဟာ သုံးသိန်းလောက်ရှိတဲ့အတွက် အတော်လေးကို အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ် ။ ဒါကြောင့် ကွန်ယက်ကို အခြေပြုတဲ့ ဗာရှင်းအသစ်ဈေးကွက်တခု လိုအပ်နေပြီဆိုတာ သူသဘောပေါက်လာပါတယ်။ပရင့်မီဒီယာ လို့ခေါ်တဲ့ စာအုပ်တွေကို ရိုက်နှိပ်ထုတ်ဝေတဲ့ ဈေးကွက်ဟာ သိပ်ပြီးတော့ ခေတ်မစားတော့ပါဘူး။ ဖေ့ဘွတ် သုံးစွဲတဲ့ သန်း ၃၀ သော အာရပ်တွေအတွက် လူမှုကွန်ယက်ဂိမ်းတစ်ခုကို ပြုလုပ်ဖို့ သူက တွေးမိပါတယ်။ ကာတွန်းစာအုပ်တွေမှာ သူရေးထားတဲ့ ပေးချင်တဲ့ သတင်းအချက်အလက်တွေကို ဂိမ်းတွေကတဆင့် ပေးဖို့ သူဆုံးဖြတ်လိုက်ပါတယ်။ ဂိမ်းထဲက ဇာတ်ကောင်တွေဟာ သူလိုချင်တဲ့ ရည်ရွယ်ချက်ကို ရောက်အောင် ကလေးတွေကို အကောင်းဆုံးချိတ်ဆက်ပေးဖို့ သူကကြိုးစားခဲ့ပါတယ်။ ကလေးတွေရဲ့ ထင်မြင်ယူဆချက်တွေကို ရရှိဖို့အတွက် သူကိုယ်တိုင်ကလေးတွေကြားကို သွားပြီးတော့ လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူရည်ရွယ်တဲ့ အဖွဲ့ကို ဒီဂိမ်းကို ချမပြသေးခင်အထိ ဇာတ်ကောင်တွေကို ဘာအ၀တ်ပေးဝတ်ရမယ်ဆိုတာ မဆုံးဖြတ်နိုင်ခဲ့ပါဘူး။ အာရပ်ရှိ အစ္စလာမ်ရဲ့ရိုးရာဝတ်စုံကို ဇာတ်ကောင်ကို ပေးဝတ်ဖို့ သူချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အတော်များများက ဒီဝတ်စုံကိုကို နှစ်သက်ကြပါတယ် ။

အထူးစုံထောက် ‘အို’ လို့အမည်ပေးထားတဲ့ ဂိမ်းတစ်ခုကို ရေးဆွဲပုံဖော်ခဲ့ပါတယ်။ ဒီဂိမ်းဟာ မစ္စတာဆူလေမန်ရဲ့ စကားနဲ့ ပြောရရင်တော့ သိပ်အကောင်းကြီး မဟုတ်ပါဘူး။ ဒါပေမယ့် ဒီထက်ကောင်းမယ့် အတွေးတွေ ဒီဇိုင်းတွေကို ထုတ်နိုင်ဖို့ ဒီဟာကသူ့ကို အများကြီးအထောက်အကူ ပြုခဲ့ပါတယ်။

“ဒီကစားနည်းအကြောင်းကို ပရိသတ်တွေက ဖိုရမ်တွေမှာ ဆွေးနွေးကြပါတယ် ။ အချို့တွေက နိုင်ငံရေးအကြောင်း ငြင်းခုန်ကြပါတယ် ကျွန်တော်ကတော့ ဒီ ‘အက်လမင်း အို’ လို့အမည်ရတဲ့ ဂိမ်းကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ နောက်တော့လည်း jငင်းခုန်ချက်တွေဟာ ရပ်ဆိုင်းသွားပါတယ်” လို့ သူက ဆိုပါတယ် ။

မစ္စတာ ဆူလေမန်က သူ့ကာတွန်းဇာတ်ကောင်တွေကို အစွန်းရောက်ဝါဒ ဖြစ်ထွန်းနေတယ်လို့ ယူဆရတဲ့ ပါကစ္စတန်မှာ အသက်ဝင်လာဖို့ မျှော်လင့်နေပါတယ်။

ဖေ့ဘွတ်ပေါ်မှာ ဒီကစားနည်းကို ကစားချင်ရင်တော့ https://www.facebook.com/apps/application.php?id=121253591264082 ကို ကလစ်လိုက်ပါ။

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......