တပ်ရင်းမှူးက (၁၄)နှစ်အရွယ် ကျောင်းသူလေးကို ဓါးနဲ့ထိုးသတ် (ရုပ်သံသတင်း)

ကျောင်းသူလေးကို သတ်ပြီး ကိုယ့်ကိုယ်ကိုပါ သတ်သေသူ ပဲခူးတိုင်း ဥသာမြို့သစ်မှာ ၄၀၅ တပ်ရင်းမှူးဆိုသူက (၁၄)နှစ်အရွယ် ၉တန်းကျောင်းသူလေး တဦးကို ဓားနဲ့ထိုးသတ် ခဲ့သလို သူ့ကိုယ်သူလည်း သတ်သေသွား ခဲ့တဲ့ဖြစ်ရပ် မနေ့ မနက် ၁၁ နာရီမှာ ဖြစ်ခဲ့ပါတယ်။

ဖြစ်ခဲ့တဲ့ အကြောင်းစုံကို မိခင်ဖြစ်သူနဲ့ မျက်မြင်တဦးက ပြောပြထားပါတယ်။ ဓားနဲ့ ထိုးသတ်ခံရတဲ့ (၉)တန်း ကျောင်းသူလေး ကတော့ မသက်နှင်းဆွေဖြစ်ပါတယ်။ ကျောင်းသူလေးရဲ့ အလောင်းကိုတော့ ပဲခူးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ ထားထားပြီး တပ်ရင်းမှူးဆိုသူရဲ့ အလောင်းကိုတော့ သက်ဆိုင်ရာ စစ်တပ်က သယ်ယူသွားတယ်လို့ ဒေသခံတွေ အပြောအရ သိရပါတယ်။

နေ့ခင်းကြောင်တောင် အခုလို လူသတ်မှု ဖြစ်သွားတဲ့အတွက် ဒေသခံတွေက လုံခြုံရေးကို စိုးရိမ်နေ ကြတယ်လို့ ဆိုပါတယ်။ ရုပ်သံဖိုင်ကို ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်က ပေးပို့ပါတယ်။





No comments:

Post a Comment

အကြံပေးကြည့်ပါလား.......