တခါက အညာဘက်မှ တောသားကြီးတစ်ဦးသည် ရန်ကုန်မြို့ရှိဈေးတစ်ခုတွင်
ကုန်များဝယ်ရန် အကြောင်းဖန်လာသတဲ့ ။ ရန်ကုန်ကိုလည်း တစ်ခါမှမရောက်ဖူး ၊
မိမိတို့ရွာမှ ကားစီးသွားလျှင် ရောက်တယ် ဆိုတာတော့ သိတယ်တဲ့
ရန်ကုန်သားဖြစ်ဖူးသော ရွာဦးဆရာတော်က လိပ်စာလေးရေးပေးကာ
ကူညီလိုက်လို့တော်သေးတာပေါ့ ။ အဲဒါနဲ့ပဲ အရဲစွန့်ပြီး ရန်ကုန်သို့
တက်လာခဲ့တော့တယ် ။
ရန်ကုန်ကားဂိတ်ရောက်တော့ တောသားတို့ ထုံးစံအတိုင်းပေါ့ ဘယ်သွားလို့
ဘယ်လာရမှန်း မသိဘူးတဲ့ ။ ယောင်ပေ ယောင်ပေနဲ့ အနားကဖြတ်သွားတဲ့
လူတစ်ယောက်ကို ဘုန်းဘုန်းရေးပေးလိုက်တဲ့ စာကိုပြပြီး အကူညီတောင်းလိုက်တာ
ပေါ့ ။ ထိုလူက ကူညီရှာပါတယ် ။ သူ့ကို ကားတစ်စီးပေါ်တင်ပေးလိုက်ပြီး
ဆင်းရမယ့်မှတ်တိုင်ကို စပယ်ယာကို ပြောထား ပေးခဲ့သတဲ့ ။ သူကိုယ်တိုင်လဲ
မှတ်ထားတာပေါ့ ။ ဘာတဲ့ “မင်္ဂလာဈေး” ဆိုလားပဲ ။ ကားစီးလာရင်း ခဏမျှကြာတော့
သူတော်တော်လေး ညောင်းလာတော့တယ် ။ ရွာကနေကားစီးလာရတဲ့ခရီးကလဲ
ရှိခဲ့သေးတာကိုး ။ တော်တော်လေး ပင်ပန်းလာတယ်ထင်ပါရဲ့ ခေါင်းထဲလဲ
မူးနောက်နောက်ဖြစ်လာတာနဲ့ သူ့ရှေ့မှာထိုင်နေတဲ့ အမျိုးသမီးကို အကူညီ
တောင်းလိုက်သတဲ့ ။
“ အမ ဟိုဘက်နဲနဲလေးတိုးပေးပါလား ၊ ဖင်လေးနဲနဲချချင်လို့ပါ ”
“ ဘာ……. ဘာပြောတယ်……… ပြန်ပြောကြည့်စမ်းပါဦး ”
“ ဟုတ်ကဲ့….. ကျွန်တော်သိပ်ညောင်းလာလို့ပါဗျာ ၊ ကျေးဇူးပြုပြီးတော့ပေါ့
ဖင်လေးချချင်လို့ပါဗျာ နော်…. နော်လို့……”
“ ရှင် မိုက်ရိုင်းလှချည်လား ၊ လူကို ဘယ်လိုအစားမျိုးထဲက အောင့်မေ့လို့လဲ
၊ ဒီမှာကားစပယ်ယာ ကားကိုအခုချက်ခြင်း ရပ်ပေးပါ ။ ”
အော်ကျယ်အော်ကျယ် အသံများကြောင့် လူတွေ အကုန်လုံး ၀ိုင်းကြည့်ကုန်ကြတယ် ။
ဒီမှာစပယ်ယာလေးရောက်လာပြီး
“ ဘာဖြစ်ကြတာလဲဗျာ ”
“ ဒီမှာ ကျွန်မကို လာစော်ကားနေတယ်လေ ၊ ဒီလိုလုပ်လို့ရမလား ဟင်းးးးးး ၊
ခုချက်ချင်း ရဲစခန်းသွားမယ်”
ဒီမှာ စပယ်ယာလေးက “ ကဲ ဒီက အကိုကြီးက ဘယ်လိုစော်ကားတာလဲ ပြော ”
“ မဟုတ်ပါဘူးကွာ ငါကညောင်းလွန်းလို့ ဖင်လေးချချင်တယ်လို့ ပြောတာပါကွာ ”
“ ဟာ မှားကုန်ပါပြီ အကိုကြီးကလဲ အဲလိုမပြောရဘူးလေ ထိုင်ချင်တယ်လို့
ပြောရတယ်ဗျာ ဒုက္ခပါပဲဗျာ”
“ ဆောရီးပါအမရယ် ဒီကအကိုကြီးက အညာသားမို့ စကားပြောမတတ်တာပါ ၊
ဟိုသဘောမျိုးပြောတာ မဟုတ်ရပါဘူးဗျာ ကျွန်တော်သူ့အစား တောင်းပန်ပါတယ်နော် အမ ။ ”
ကားစပယ်ယာလေး ၀င်ရှင်းပြတော့မှပဲ အားလုံး နားလည်သွားကြတယ်လေ ။
“ ကဲ အကိုကြီး ရှေ့မှတ်တိုင်ဆို အကိုကြီးဆင်းရမယ့် မင်္ဂလာဈေးမှတ်တိုင်ရောက်ပြီ ”
“ အေးအေး ကျေးဇူးပဲ ငါ့ကောင်ရာ ငါ့လခွေး မင်းကူညီလို့သာပေါ့ ”
“ ( _ )နံပါတ်ပါတဲ့ ကားကိုစီးနော် ” ကားပေါ်မှာလဲ ထိုင်ချင်တယ်ဆိုင်
ထိုင်ချင်တယ်ပဲပြောနော် လို့မှာခဲ့လေ၏ ။
ဒီလိုနဲ့ပဲ ရွာသားကြီးဟာ သူ့ရဲ့လွယ်အိတ်လေးနဲ့ မင်္ဂလာဈေးကိုရောက်ခဲ့လေတယ်
။ ရွာကမှာလိုက်တဲ့ ကုန်တွေစုံအောင် ပါလာတဲ့စာရွက်လေးနဲ့ တိုက်ရင်း
ဝယ်ရင်းနဲ့ အားလုံးဝယ်ပြီးသွားတော့ သူဝင်လာတဲ့ အပေါက်ကို လိုက်ရှာသတဲ့ ။
မမှတ်မိတော့ဘူး သွားပြီ…… အဲဒါနဲ့ အနီးမှာရှိတဲ့ မိန်းမကြီးတစ်ယောက်ကို
မေးကြည့်လိုက်တယ် ။
“ ဟို အမကြီး ကျွန်တော့ကို လူထွက်တဲ့ အပေါက်လေး နဲနဲပြပေးပါလား ဗျာ”
“ ဘာ……. ”
“ ဟုတ်ကဲ့ ကျွန်တော့ကို လူထွက်တဲ့ အပေါက်လေး တစ်ချက်လောက် ပြပါလားလို့ ”
“ ရှင် မိုက်ရိုင်းလှချည်လား ” “ ဟဲ့ ဈေးကလူကြီးတွေကိုသွားခေါ်ပေးစမ်
“ xxxxxxxxxxxxxxxxx ”
ဈေးကလူကြီးတွေရောက်လာကြတော့တယ် ။ အညာသားလဲ ကြောင်တောင်တောင်နဲ့ပေါ့
“ ကဲ ဘယ်လိုဖြစ်ရတာလဲ ဗျ ”
ဒီမှာ မိန်းမကြီးက ဖြစ်ကြောင်းကုန်စင်အောင် ပြောပြတော့တယ် ။ ဒီမှာလူကြီးတွေက……
“ ကဲ ခင်ဗျားက ဘာလို့ အဲလိုမေးတာလဲ ”ဆိုတော့ သူက ကြောင်တောင်တောင်နဲ့
“ ကျွန်တော် ၀င်လာတုန်းက မှတ်မိတယ်ဗျ ၊ ဈေးဝယ်ရင်းနဲ့
ပြန်ထွက်မယ်ဆိုတော့ မမှတ်မိတော့တာ ဒါကြောင့် အဲဒီ အမကြီးကို အကူညီတောင်းရတာပေါ့ဗျာ ”
“ သြော် ဒီလိုလား ”
“ ခင်ဗျားသွားရမှာက ( _ _ _ _ ) အတိုင်းပဲ ၊ ကဲမှတ်မိပြီနော်
နောက်ဆိုဒီလို မမေးနဲ့ အပြင်ထွက်တဲ့လမ်းလို့မေးနော်လို
ပြန်ပြီးပြောပြလိုက်သတဲ့ ”
“ ဟုတ်ကဲ့ ကျေးဇူးပါပဲဗျာ နောင်ကြီးတို့ ကူညီလို့ပါပဲ ငါ့လခွေး ”
ဒီလိုနဲ့ရွာပြန်ရောက်ခဲ့တယ် ။ ရွာကအမျိုးတွေကတော့ မေးကြတာပေါ့ ။ ရန်ကုန်က
ပျော်ဖို့ကောင်းလား ၊ ဘာလား ဆိုတော့
အညာသားကြီးက တစ်ခွန်းပဲပြန်ဖြေရှာသတဲ့
“ ဟေ့ နောက်တစ်ခါ ရန်ကုန်ဆိုရင် ငါ့ပါးစပ်ကို တိတ်နဲ့ အရင်ကပ်ပြီးမှ လွတ်ဟ ” တဲ့
No comments:
Post a Comment
အကြံပေးကြည့်ပါလား.......