အဖေဟာသအမှတ်တရ (2011)

အဖေအားပေးသည်
အဖေ - သားရေ... ၈ ကို ၉ နဲ့မြောက်ရင် ဘယ်လောက်ရမလဲကွ။
သား - ၇၀ ပါ အဖေ။
အဖေ - အေး... ငါ့သားက တော်တယ်ကွ၊ ရော့ သားအတွက် ချောကလက်ဆုချတယ်။
အိမ်နီးချင်း - ဟေ့လူ... ၈ ကို ၉ နဲ့မြောက်ရင် ၇၂ ရတယ်လေဗျာ။
အဖေ - သူတိုးတက်လာတာဗျ။ မနေ့ကတုန်းက ၆၈ လို့ ဖြေတယ်လေ။

ဘာများကွာလို့လဲ
လူကြီး - မင်းအဖေအသက်ဘယ်လောက်ရှိပြီလဲ။
ကလေး - ကျွန်တော်နဲ့ရွယ်တူပဲ။
လူကြီး - ဟေ... ဘယ်လိုလုပ် ဖြစ်နိုင်မလဲကွ။
ကလေး- ကျွန်တော့်ကို မွေးပြီးမှ သူလည်း အဖေဖြစ်တာလေ။

သားအတွက်နော်
ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။

အဖေ့အကြံ
တစ်ခါက လူသားစားတဲ့တောကလူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့အသားမရှိတော့တာနဲ့ မြို့အစွန်နားအထိ တက်လာကြတယ်။ တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး ချက်စားဖို့ပေါ့။ ဒီလိုနဲ့လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကို မိန်းမပိန်ပိန်တစ်ယောက်ဖြတ်လာတယ်။

သားကမေးတယ် " အဖေ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွား မလား.." ဆိုတော့ အဖေက " နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။ "
နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော့.....
သားကမေးတယ် " အဖေ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။
ဖမ်းသွားရအောင်..." အဖေကလည်း " ဒီတစ်ယောက်က ၀လွန်းတယ်။
ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့ "
ဒီလိုနဲ့စောင့်ကြည့်နေရင်း
ကိုယ်လုံးကိုယ်ထည်လှလှပပမိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း " အဖေ ဒီတစ်ယောက်ဆိုအနေတော်ပဲ။ ပိန်လည်းမပိန်၊ ၀လည်းမ၀ဘူး။ဖမ်းသွားရအောင်..." လို့မေးတယ်။
အဖေကလည်း " ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။
အိမ်ရောက်ရင်မင်းအမေကို ချက်စားကြတာပေါ့သားရယ် …"




No comments:

Post a Comment

အကြံပေးကြည့်ပါလား.......