
ဤ ရလဒ်ကိန်းဂဏန်းများသည် အိပ်ချိန်ဟူသော အချက်တစ်ချက်တည်းအပေါ် မူတည်၍ တွက်ချက်ထားခြင်း ဖြစ်ပြီး အ၀လွန်စေသော အခြား အရေးပါသော အချက်များဖြစ်သည့် အစားအသောက် ပမာဏ၊ အမျိုးအစား၊ ကိုယ်လက်လှုပ်ရှားမှု အနည်းအများ၊ ပညာတတ်မြောက်မှုနှင့် ဆေးလိပ်သောက်မသောက် စသည့် အချက်များကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ အိပ်ရေးပျက်လျှင် ကစီဓာတ်များအပေါ် ခုံမင်စေသော ဟော်မုန်း တစ်မျိုး ထွက်လာခြင်း၊ အစားအသောက်ကို တင်းတိမ်စေသော ဟော်မုန်းတစ်မျိုး အထွက် နောက်ကျခြင်း စသည့် အချက်များကြောင့် နေ့စဉ် အိပ်ချိန်နည်းခြင်းသည် အ၀လွန်ခြင်းကို အားပေးသည်ဟု မြောက်ဥက္ကလာပ ဆေးရုံကြီးမှ လက်ထောက်ဆရာဝန်တစ်ဦးက ပြောကြားသည်။
အိပ်ချိန်များလွန်းခြင်း နည်းလွန်းခြင်းတို့သည် အ၀လွန်ခြင်း၊ ဗိုက်ရွှဲခြင်းတို့အပေါ် တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်သော နည်းများဖြင့် ဆက်နွယ်နေလေရော တတ်နိုင်လျှင် အထက်ပါရလဒ်များအရ အိပ်ချိန် ၆ နာရီမှ ၇ နာရီကြား ထားလျှင် အကောင်းဆုံး ဖြစ်မည်ဟု ကျန်းမာရေးပညာရှင်များက ပြောဆိုကြသည်။
No comments:
Post a Comment
အကြံပေးကြည့်ပါလား.......