Awesome Optical Illusions (www.promyanmar.com)



Optical Illusion
(A)ရှိနေတဲ့ လေးထောင့်ကွက်အရောင်နဲ့ (B)ရှိနေတဲ့ လေးထောင့်ကွက်အရောင် တူပါသလား…? မတူပါဘူး… လုံးဝကိုမတူပါဘူး… ဒီလိုထင်လိုက်ရင်တော့ လုံးဝကိုမှားပါတယ်…တူနေတာမှ တစ်ထပ်ထဲပါပဲ… ဒီလို စိတ်ကိုထင်ယောင် ထင်မှားဖြစ်စေတာဟာ Optical illusion သဘောတရားတွေကြောင့်ပါ…
optical illusion ကို ဥပမာပုံတွေနဲ့ ကြည့်လိုက်ကြရအောင်… =)
Optical Illusion (အမြင်ပိုင်းဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်ခြင်း ) ဆိုတာဟာ object ၁ခုကို ဦးနှောက်ကပုံဖေါ်ပေးတဲ့ visual ( အမြင်ပိုင်းဆိုင်ရာ ) ပုံရိပ်တွေနဲ့ အဲ့ဒီ object ရဲ့ reality ( ရုပ်ပိုင်းဆိုင်ရာ ) သွင်ပြင်တွေ ကွဲပြားနေတာကိုဆိုလိုပါတယ်… အခုဒီ post မှာ စုစည်းတင်ပြလိုက်တာတဲ့ ပုံတွေကတော့ တကယ့်ကို မယုံချင်စရာ optical illusion တွေပဲဖြစ်ပါတယ်…

1 ဘယ်အ၀ိုင်းတွေ လည်နေလဲ ?
Rotating Snake
Rotating Snake
အမြင်ပိုင်းဆိုင်ရာအရဆိုရင်တော့ အ၀ိုင်းတိုင်းဟာလည်နေပါတယ်… ရုပ်ပိုင်းဆိုင်ရာအရဆိုရင်တော့ တစ်ဝိုင်းမှ မလည်ပါဘူး… ကိုယ်ကြည့်တဲ့ အ၀ိုင်းကရပ်နေတယ်… ကျန်တဲ့အ၀ိုင်းတွေက လည်နေတယ်…
Rotating Snake ကိုတင်ပြသူကတော့ Akiyoshi Kitaoka ဆိုသူပါ….
2 အမည်းစက်လေးတွေ ရေကြည့်ရအောင်…
Grid illusion
Grid illusion
အမည်းစက် ဘယ်နှစက်ရှိလဲ…? အမြင်ပိုင်းဆိုင်ရာအရဆိုရင်တော့ အစက်တွေဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပါတယ်… ရုပ်ပိုင်းဆိုင်ရာအရဆိုရင်တော့ ၁စက်မှ မရှိပါဘူး… ကိုယ်ကြည့်တဲ့နေရာမှာ အစက်တွေကပျောက်နေပြီး ကျန်တဲ့နေရာတွေမှာ ပေါ်နေပါတယ်…
Grid illusion ကိုတင်ပြသူကတော့ Ludimar Hermann ဆိုသူပါ…

3 ကောင်မလေး နိုင်ရီလက်တံ (clockwise ) အတိုင်း လည်နေတာလား ?
Spinningwoman
Spinningwoman

ကြည့်ကြည့်ချင်းတော့ ဟုတ်ပါတယ်… သေချာပြန်ကြည့်ကြည့်ပါ… နိုင်ရီလက်တံ ပြောင်းပြန် (counter clockwise ) အတိုင်းလည်း လည်ပါတယ်… ( ၂ မျိုးစလုံးလည်ပါတယ် )… ကိုယ်စိတ်ထဲ မှတ်ထားတဲ့ပေါ်မူတည်ပြီး လည်တဲ့ direction ပြောင်းသွားတာပါ…
Spinning Woman ကိုတင်ပြသူကတော့ Nobuyuki Khayahara ဆိုသူပါ…

4 မိန်းမပုံ ၁ပုံ ယောင်္ကျားပုံ ၁ပုံလား ?
Sex Illusion
Sex Illusion
မဟုတ်ပါဘူး… လူ၁ယောက်ထဲ ရဲ့ပုံပါ… ကွဲနေတာကတော့ မျက်နှာပေါ်မှာ ရှိတဲ့ contract အနည်းအများပါပဲ… မိန်းမမျက်နှာရဲ့ မျက်လုံးနဲ့ ပါးစပ်တွေမှာ ယောင်္ကျားမျက်နှာထက် contract ပိုများပါတယ်… ကျန်တဲ့အပိုင်းတွေကတော့ မိန်းမက ယောင်္ကျားထက် contract ပိုနည်းပါတယ်…
Sex Illusion ကို တင်ပြသူကတော့ Richard Russell ဆိုသူပါ…

5 (A)ရှိနေတဲ့ လေးထောင့်ကွက်အရောင်နဲ့ (B)ရှိနေတဲ့ လေးထောင့်ကွက်အရောင် တူပါသလား ?
Same color illusion
Same color illusion
အမြင်ပိုင်းဆိုင်ရာအရဆိုရင်တော့ လုံးဝကိုမတူပါဘူး… ရုပ်ပိုင်းဆိုင်ရာအရဆိုရင်တော့ တူတာမှ တစ်ထပ်ထဲကိုတူတာပါ… စမ်းကြည့်လို့ရတဲ့နည်း ၂ နည်းရှိပါတယ်… (၁) Paint (၂) Photoshop တို့ကိုအသုံးပြုပြီးဖြစ်ပါတယ်…
Paint နဲ့အခုပုံကိုဖွင့်လိုက်ပါ… ပြီးရင် အောက်ပုံမှာပြထားသလို (A) ရှိတဲ့အကွက်နဲ့ (B) ရှိတဲ့အကွက်တွေကို cut လုပ်ပြီးဘေးကိုရွေ့ကြည့်ပါ… တူနေတာကို တွေ့ရမှာပါ…
ဒါနဲ့မှ မကျေနပ်ရင်တော့ Photoshop နဲ့ထပ် စမ်းနိုင်ပါသေးတယ်… (A)ရှိနေတဲ့ လေးထောင့်ကွက် အရောင်ကိုချိန်ကြည့်ပါ… #787878 ဖြစ်ပါတယ်… (B)ရှိနေတဲ့ လေးထောင့်ကွက် အရောင်ကိုလည်းချိန်ကြည့်ပါ… #787878 ပဲဖြစ်ပါတယ်… ဒါကိုကြည့်ချင်းအားဖြင့် ဒီအရောင် ၂ရောင်တူနေတာဟာ code လေး ၁ လုံးတောင်မှ မလွဲတာကိုတွေ့ရမှာပါ…
Same color Illusion ကိုတင်ပြသူကတော့ Edward H.Adelson ဆိုသူပါ…
Same color illusion 1
Same color illusion 1
ကျွန်တော်ကတော့ နောက်ဆုံး same color illusion ကိုအကြိုက်ဆုံးပါ…

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......