
တရုတ်က စီးပွားရေးမှာတင် စူပါပါဝါဖြစ်လာရုံ မဟုတ်ဘဲ၊ အားကစားမှာလည်း ကမ္ဘာ့အင်အားကြီးဖြစ်အောင် တည်ဆောက် နေသည်။ ပြီးခဲ့တဲ့ ပေကျင်းအိုလံပစ်မှာ တရုတ်အားကစားသမားတွေက အခြားနိုင်ငံတွေထက် ရွှေတံဆိပ်ပိုမို ရရှိခဲ့ကြသည်။လာမယ့် ဇူလိုင်လ လန်ဒန်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာလည်း တရုတ်က ရွှေတံဆိပ် အများဆုံးရဖို့ အသားကုန် ပြန်ဆင်နေကြသည်။
အထူးသဖြင့် လန်ဒန် အိုလံပစ် အမျိုးသမီးပြိုင်ပွဲအရပ်အရပ်မှာ ရွှေတံဆိပ်အားလုံးကို တရုတ်အမျိုးသမီးတွေက အားလုံး သိမ်းကျုံးရယူဖို့ ပြင်ဆင်နေခြင်း ဖြစ်သည်။
တရုတ်အစိုးရ အားကစား အကယ်ဒမီကျောင်းကလည်း တစ်နေ့ကို ရှစ်နာရီနှုန်းနဲ့ တစ်ပတ်ကို ခြောက်ရက် မောင်းသည်။ ၄င်း အားကစားသိပ္ပံကျောင်းက နာမည်ကြီး တရုတ်အားကစားသမားအများအပြား မွေးထုတ်ပေးခဲ့သည်။ ယခုလည်း တရုတ် ပြည်နယ်အသီးသီးက ကျေးလက်တောရွာတွေဆင်းပြီး ဇရှိတဲ့ အားကစားသမားတွေကို လိုက်လံရှာဖွေ လစာ ထိုက်ထိုက်တန်တန်ပေး လေ့ကျင့်ပေးနေသည်။
အောက်တွင် ကမ္ဘာကျော်ခဲ့သော တရုတ် အားကစားသမားအချို့ကို ဖော်ပြလိုက်ပါသည်။
 |
Guo Jingjing က ရေကူးကန်ပျဉ်ချပ်ပေါ်ကနေ လေထဲခုန် ဂျွန်းဘားကစားရင်း ဒိုင်ဗင်ထိုးရာမှာ ပရိသတ်ကို ရင်သတ်ရှုမောစေသူ ဖြစ်သည်။ အိုလံပစ် ရွှေတံဆိပ်လေးခုနဲ့အတူ နိုင်ငံတကာဆုများစွာ ဆွတ်ခူးထားသည်။
|
 |
Ma Long က စားပွဲတင် တင်းနစ်မှာ ကမ္ဘာ့နံပါတ်တစ် နေရာ ရယူထားသည်။ စားပွဲတင်တင်းနစ် ကမ္ဘာ့ထိပ်တန်း ၁၀ ဦးမှာ Ma Long နှင့် အခြား တရုတ်ကစားသမား ၅ ဦးက ထိပ်ဆုံးမှာ နေရယူထားသည်။
|
 |
Li Na က ၂၀၁၁ ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ Grand Slam ချန်ပီယံဆု ရယူထားသူဖြစ်သည်။ အဲဒီဆုကို အာရှတိုက်မှ ပထမဆုံး ရယူနိုင်သည့် တင်းနစ်သမား ဖြစ်လာသည်။ လက်ရှိ အမျိုးသမီး တင်းနစ် လက်စွမ်းပြမှု အဆင့်အရ ကမ္ဘာ့အဆင့် (၉) တွင် ရှိသည်။
|
 |
Liu Xiang ပေကျင်း အိုလံပစ်ပြိုင်ပွဲမှာ အကျော်ကြားဆုံး တရုတ် အားကစားသမားဖြစ်ခဲ့သလို၊ မီတာ ၁၁၀ တန်းကျော် ပြိုင်ပွဲ ရွှေတံဆိပ်ရခဲ့သည်။ နောက်ထပ် တန်းကျော်ခုန် နိုင်ငံတကာဆုအများအပြားရရှိထားသည်။ ၂၀၁၁ ခုနှစ် တောင်ကိုရီးယားမှ နိုင်င်ငံတကာပြိုင်ပွဲမှာ ဆုရပြီးနောက် ခြေထောက်ဒဏ်ရာကြောင့် အားကစားလောကနေ စောစီးစွာ စွန့်ခွာသွားခဲ့ရသည်။ သူ အားကစားလောကကို ကျောခိုင်းသွားလို့ တရုတ်လူထုက အင်တာနက်ပေါ်မှာ အတော်ကြာအောင် ငိုကြွေးခဲ့ကြသည်။
 |
အရပ် ၇ ပေ ၆ လက်မ ရှိတဲ့ Yao Ming က NBA ဘတ်စကက်ဘောပြိုင်ပွဲကြီးမှာ တရုတ်အသင်းနှင့် ရှန်ဟိုင်းအသင်း ကိုယ်စားပြုပြီး ငါးနှစ် ဆက်တိုက် ပါဝင်ကစားပြီး ဆုတံဆိပ်များစွာ ရရှိထားသည်။ ကမ္ဘာကျော် ဘတ်စကက်ဘောသမား အဖြစ် ထင်ရှားပြီး၊ အသက် ၃၀ မတိုင်မီ ဒဏ်ရာများကြောင့် ၂၀၁၁ တွင် အနားယူခဲ့ရသည်။
|
 |
Lin Dan ကို ကြက်တောင် လောကမှာ ‘ဆူပါ ဒင်’ လို့ ချစ်စနိုး ခေါ်ကြသည်။ ကမ္ဘာ့ကြက်တောင်ပြိုင်ပွဲ ၉ ခုစလုံးက ဆုတွေကို သိမ်းယူထားသူဖြစ်သည်။ |
 |
စကိတ်စီး သရုပ်ပြသူ Xue Shen နှင့် Hongbo Zhao တို့ စုံတွဲက အိုလံပစ် ဆုတံဆိပ်အပါအ၀င်၊ နိုင်ငံတကာ ရွှေတံဆိပ် အများအပြား ရထားသူနှစ်ဦး ဖြစ်သည်။ |
ဝင့်ထန်း
http://maukkha.org/
FWD Mail
|
No comments:
Post a Comment
အကြံပေးကြည့်ပါလား.......