အမျိုးသမီးများ၏ တင်ပါးများအား ဓားဖြင့် လိုက်လံထိုးမှုများ ဖြစ်ပေါ်နေ



မန္တလေး တိုင်း ဒေသ ကြီး၊ ပြင် ဦး လွင်မြို့ တွင် အသက် ၄၀ အရွယ် ခန့် အမျိုး သား တစ်ဦးဆိုင်ကယ်ဖြင့် သွားလာနေသည့် အမျိုးသမီး များအား ရွေးချယ်ကာ နောက်မှ လိုက်ပြီး အမျိုးသမီး များ၏ တင်ပါးအား ဓားဖြင့် ထိုးခွဲကာ ထွက်ပြေး သွားသော စိတ္တဇဆန်ဆန် ပြစ်မှု ကျူးလွန်မှုများ ဖြစ်ပေါ်နေကြောင်း နှင့် အဆိုပါဖြစ်စဉ်များနှင့် ပတ် သက်၍ မြို့လူထုမှ စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဖြစ်ပွားပုံမှာ ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီအချိန်ခန့်က ပြင်ဦး လွင်မြို့၊ ရပ်ကွက်ကြီး ၈၊ ပြည်သာ ယာလမ်း၊ အမှတ် (..)နေ မ.. (၃၈) နှစ်သည် နှစ်နှစ်အရွယ် သမီးကို စက်ဘီးပေါ်တွင်တင်၍ ကံ့ကော် လမ်းအတိုင်း စက်ဘီးကိုတွန်းလာ စဉ် တောရ ရွှေစည်းခုံ ဘုန်းကြီး ကျောင်းအနီး အရောက်တွင် အသက် ၄၀ အရွယ်ရှိ အမျိုးသား တစ်ဦးက ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လာပြီး ၄င်း၏တင်ပါးအား ဓားဖြင့်ထိုးခွဲ ထွက်ပြေးသွားသဖြင့် အဆိုပါ ဖြစ်စဉ်အား ပြင်ဦးလွင် ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ပ-၃၁/ ၂၀၁၂၊ ပြစ်မှု ပုဒ်မ ၃၅၄/ ၃၂၄ ဖြင့် အရေးယူ ဆောင်ရွက်ထား သည်။

အလားတူ ဇန်နဝါရီ ၂၀ ရက်၊ ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့် က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၈၊ သိင်္ဂီလမ်း၊ အမှတ် (..)နေ မ...(၂၇) နှစ်သည်ယောက္ခမဖြစ်သူနှင့်အတူ သိင်္ဂီလမ်း အတိုင်း လမ်းလျှောက် လာစဉ် ကျားညီနောင် အိမ်ဆောက် ပစ္စည်း ရောင်းဝယ်ရေး ဆိုင်ရှေ့ အရောက်၌ နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသူက ၄င်း၏ဘယ်ဘက် တင်ပါးအား ဓားဖြင့်ထိုးခွဲ ထွက် ပြေးသွားသဖြင့် အဆိုပါ ဖြစ်စဉ် အား ပြင်ဦးလွင်ရဲစခန်းသို့ တိုင် ကြားရာ ပ-၃၂/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၅၄/၃၂၄ အရ အရေးယူ ဆောင် ရွက်ထားသည်။

တစ်ဖန် ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က ပြင်ဦး လွင်မြို့၊ ရပ်ကွက်ကြီး ၁၊ ထုံးဘို လမ်းနေ မ... ၃၃ နှစ်သည် သူငယ် ချင်းဖြစ်သူနှင့်အတူ စက်ဘီးစီးနင်း လာစဉ် ရွှေမြင်တင် ဘုရားနှင့် ထုံးဘို လမ်းဆုံ အရောက်တွင် နောက်မှ ဆိုင်ကယ် စီးနင်းလာသူ အမျိုးသား က ၄င်း၏ ဘယ်ဘက် တင်ပါးအား ဓားဖြင့်ထိုးခွဲပြီး ထွက်ပြေးသွားရာ အဆိုပါ ဖြစ်စဉ်အား ပြင်ဦးလွင် ရဲစခန်းသို့ တိုင်ကြားရာ ပ-၄၁/ ၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၅၄ /၃၂၄ အရ အမှုဖွင့် အရေးယူထားသည်။

အဆိုပါ ပုံစံတူ ကျူးလွန်မှု အား သက်ဆိုင်ရာ ပြင်ဦးလွင် ရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိ သူများက အပူတပြင်း ရှာဖွေဖော် ထုတ်လျက်ရှိရာ အဆိုပါ ပြစ်မှု ကျူးလွန်သော အမှုများနှင့် ပတ် သက်၍ သင်္ကာမကင်းသူ ပြင်ဦး လွင်မြို့၊ ရပ်ကွက်ကြီး (..)နေ မောင် ... ၃၂ နှစ်အား ခေါ်ယူစစ်ဆေး လျက်ရှိသည်။

Copy From : http://yoyarlay.com

2 comments:

အကြံပေးကြည့်ပါလား.......