ကလေးသူငယ်များ အဝလွန် ရောဂါသည် ခေတ်ကာလ လူနေမှု ပုံစံနှင့် ဆက်စပ်

ကလေးငယ် အ၀လွန် ရောဂါ မှာ ခေတ်ကာလ လူနေမှုပုံစံနှင့်ဆက် စပ်နေကြောင်း၊ အထူးသဖြင့် ယခု ခေတ်အစားအစာ များမှာ အဆီ ဓာတ် ပိုမိုပါဝင်ကြောင်း၊ အချိုလွန် ကဲ ခြင်း၊ အလွယ်တကူ ရရှိနိုင်ခြင်း၊ လှုပ် ရှားမှု နည်းပါးခြင်း၊ အားလပ် ချိန်အ နားယူမှု၌ ဂိမ်း၊ တီဗွီနှင့် သီချင်းနား ထောင်၍ အချိန်ဖြုန်းခြင်း စသည့် နေထိုင် စားသောက်မှုများကြောင့် မိဘများ အနေဖြင့် စနစ်တကျကြည့် ရှုစောင့်ရှောက်သင့်ကြောင်း ဇန်န၀ါ ရီ ၁၂ ရက် မြန်မာနိုင်ငံ ဆေးသုတေ သနဌာန (အောက်မြန်မာပြည်)ဆေး ပညာဆိုင်ရာ စာတမ်းဖတ်ပွဲ၌ ပါ မောက္ခ၀င်းမြတ်အေး၏ပြောကြား ချက်အရ သိရသည်။

ကလေးငယ် အများစုမှာ အ ချိုကြိုက်ကြပြီး မိဘများ အနေဖြင့် ကလေးအငိုတိတ် အောင် အချိုပါ သော အစားအစာများ ကျွေးတတ် ကြောင်း၊ အချိုဆို လျှင် အစတောင် မလုပ်သင့်ကြောင်း၊ မိခင်နို့တိုက် ကျွေးခြင်းသာ ကောင်းမွန် ကြောင်း၊ နို့ဘူးတိုက်ကျွေးခြင်းမှာ အာဟာရ ဓာတ်ညီမျှ အောင်လုပ် ဆောင်ဖို့လွယ် ကူကြောင်း၊ နှစ်နှစ် အောက်ကလေး များကို တီဗွီ လုံးဝမကြည့်ခိုင်း သင့် ကြောင်း၊ ကလေးငယ်များ အိပ်ခန်း၌ တီဗွီမထားသင့်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ထပ်ဆင့်ပြောကြားသည်။

“ဟန်ဘာကာ တွေ အရွယ်အ စားသေးသေး ပြောင်း ထုတ်သင့် တယ်။ စကားပြောရင်း စားတော့ အစားနည်း သွားမယ်။ ဒါ့အပြင် ကလေးစားမယ့် ပန်းကန်ကို မိဘက ပြင်ပေးသင့်တယ်။ စားနိုင်ရုံလောက် ပေါ့။ အများကြီး ထည့်ပြီးကုန်အောင် စားခိုင်းတာမျိုးကို မလုပ်သင့်ဘူး။ နောက်ပြီး မိသားစု အလိုက် လှုပ် ရှားမှုလေးတွေ လုပ်ပေးရင် ပိုပြီးထိ ရောက်မယ်။ တစ်နေ့ တစ်နာရီ လောက်ဖြစ်ဖြစ်ပေါ့။ ဒါဟာ မိသား စုသံယောဇဉ် လည်း ပိုမိုတိုးတက်စေ မှာပါ” ဟု အထက်ပါပုဂ္ဂိုလ်ကပြော ကြားသည်။

ငယ်ငယ် ကတည်းက ၀နေတဲ့ ကလေးတွေဟာ ကြီးလာလျှင်အ၀ လွန်ဖို့ ရာခိုင်နှုန်း ၈၀ လောက်ရှိ ကြောင်း၊ သြစတြေးလျ၊ ရုရှား၊ ကနေ ဒါ၊ ပီရူးနိုင်ငံများတွင် အ၀လွန်ရော ဂါရာခိုင်နှုန်း ၅၀ ကျော်လောက်ခံ စားနေရပြီး မြန်မာ နိုင်ငံတွင်မူ ယခု လောလောဆယ် ၂၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိရှိကြောင်း၊ အမေ ၀၊ အဖေ၀မိဘများမှ ဆင်းသက်လာ သော ကလေးမှာ ၀နိုင်ချေ အလွန် များကြောင်း၊ မိဘများမှာ ကလေး ငယ်များ၏ စံနမူနာ ပုဂ္ဂိုလ်များဖြစ် နေကြောင်း၊ အ၀လွန်ခြင်း ကြောင့် အမျိုးသား များ၌ အူမကြီးကင်ဆာ ဖြစ်နိုင်ပြီး အမျိုးသမီး များ၌ အဆစ် ရောင်နာ ရောဂါများဖြစ်နိုင်ကြောင်း သိရသည်။

ကိုဖြိုး

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......