လျှပ်စစ်ဆိုင်ကယ်ဆိုသည်မှာ...



အခု မြန်မာပြည် ဆင်ခြေဖုံးရပ်ကွက်တွေမှာ ခေတ်စားနေတဲ့ လျှပ်စစ်ဆိုင်ကယ် (အခြားအမည်များ : စက်ဘီးဆိုင်ကယ်, လျှပ်စစ်စက်ဘီး, အော်တိုဘီး, electric ဘီး, e-bike) အကြောင်း ကျွန်တော် သိသလောက် တင်ပြလိုက်ပါတယ်။
ဝန်ခံချက် ။ ။ ကျွန်တော်က တောင်ဒဂုံမှာ လျှပ်စစ်ဆိုင်ကယ် အရောင်းဆိုင်လေးဖွင့်ထားတဲ့ အတွက် ဗမာပြည်တွင်းက လျှပ်စစ်ဆိုင်ကယ်တွေ အကြောင်းသက်သက်ကိုသာ ပြန်လည်တင်ပြခြင်းသာဖြစ်ပါတယ်။


  လျှပ်စစ်ဆိုင်ကယ်တစ်စီးနဲ့ အင်ဂျင်ဆိုင်ကယ် ဘာကွာသလဲ ?
- အင်ဂျင်နဲ့ ဆိုင်ကယ်က အင်ဂျင်အသုံးပြုပြီး မောင်းသည်
- လျှပ်စစ်ဆိုင်ကယ်များက လျှပ်စစ်မော်တာဖြင့် မောင်းနှင်သည်

အခြားကွာခြားမှုများမှာ သိပ်မပြောပလောက်ပေ။
- လျှပ်စစ်ဆိုင်ကယ်များတွင် အင်ဂျင်ဘီးများကဲ့ သို့ ကလပ် မပါခြင်း။
- ဘရိတ်မှာ လက်ကိုင်တွင် ဖြစ်ခြင်း။
- ဂီယာကို လက်ကိုင်တွင်ရှိသော ခလုတ်ဖြင့်ပြောင်းရခြင်း
- ဂီယာပြောင်းရာတွင် ကလပ်မလိုခြင်း
- အချို့ ဘီးများတွင် ဂီယာမပါခြင်း



လျှပ်စစ်ဆိုင်ကယ်၏ အားသာချက်များ

- ဆီဖိုး မကုန်ခြင်း


- စက်သံငြိမ်ခြင်း

(noise pollution မဖြစ်ခြင်း)


- အင်ဂျင်မပါ၍ မီးခိုးမထွက်ခြင်း

(air pollution မဖြစ်ခြင်း )


- သဘာဝပတ်ဝန်းကျင် သန့် ရှင်းရေး အတွက် အထောက်အကူပြုခြင်း

(တနည်း : Green ဖြစ်ခြင်း)

- မီးခိုးမထွက်၍ Indoor အသုံးပြုနိုင်ခြင်း


- ပြင်ဆင်စရိတ်နှင့် ပြုပြင်ထိန်းသိမ်းစရိတ်နည်းပါးခြင်း

- Ignition/Starting မှာ သော့တစ်ချက်လှည့်ရုံဖြင့်ပြီးခြင်း

(အချို့ ဘီးများမှာ အဝေးထိန်း remote ဖြင့်လည်း စက်နှိုးနိုင်သည်။)


- အိမ်၌ပင် အိမ်သုံးမီးအားဖြင့်ပင် ပလပ်ထိုး၍ အားသွင်း၍ရခြင်း။

(လျှပ်စစ်ကားများကဲ့သို့ ဗို့ အားမြင့်သော power station များ၌ အားသွားသွင်းရန်မလိုခြင်း)


- ဂီယာပြောင်းရာတွင် ကလပ်မပါသည့်အတွက် အသုံးပြုရလွယ်ကူခြင်း

(ဂီယာကို လက်ကိုင်ရှိ switch ခလုတ်နှိပ်ရုံဖြင့် ပြောင်းနိုင်သည်)


- Acceleration ကောင်းခြင်း

(အရှိန်မြင့်တင်ရာတွင် ရိုးရိုးဆိုင်ကယ်များထက် ပိုကောင်းခြင်း)

(မှတ်ချက် : အချို့ ဘီးများမှာ စက်နှိုး၍ လက်ကိုင်လှည့်သည်နှင့် တဟုန်ထိုး ရုန်းထွက်နိုင်သည် အထိ acceleration အားကောင်းသည်)



- ဆိုင်ကယ်အများစုမှာ အဝေးထိန်း Remote ပါပြီး ထို Remote Control ဖြင့်
  o Alarm ပေးခြင်း
  o Alarm ကိုဖျောက်ခြင်း
  o စက်နှိုးခြင်း
  o အသံမြည်အောင်လုပ်ခြင်း (မလိုအပ်သော သူများ အနားမကပ်စေရန်။)
 များလုပ်နိုင်သည်။


(မှတ်ချက် : Alarm ပေးထားလျှင် ဆိုင်ကယ်၏ မည်သည့်နေရာသို့ ဖြစ်စေ ပုတ်မိ ရိုက်မိပါက အသံကျယ်လောင်စွာမြည်မည်ဖြစ်သည်။
 Alarm ပေးထားလျှင် ဆိုင်ကယ်ကို ဒေါက်ဖြုတ်၍ ရသော်လည်း တွန်းသွား၍ မရပါ။ ဘီးများ lock ဖြစ်၍ တုန်ခါနေမည်ဖြစ်သည်။)
(Remote Control မပါသော ဆိုင်ကယ်များတွင် နောက်ဘီးကို Lock လုပ်နိုင်သော် Key ပါသည်။ Alarm ပေးလျှင် ဆိုင်ကယ်မှ ခလုပ်ကို နှိပ်ပေးရပြီး
 Alarm ဖျောက်လိုလျှင် ဆိုင်ကယ်ကို သော့ထည့်၍ စက်နှိုးရသည်။)

အခု မြန်မာပြည် ဆင်ခြေဖုံးရပ်ကွက်တွေမှာ ခေတ်စားနေတဲ့ လျှပ်စစ်ဆိုင်ကယ် (အခြားအမည်များ : စက်ဘီးဆိုင်ကယ်, လျှပ်စစ်စက်ဘီး, အော်တိုဘီး, electric ဘီး, e-bike) အကြောင်း ကျွန်တော် သိသလောက် တင်ပြလိုက်ပါတယ်။


လျှပ်စစ်ဆိုင်ကယ်များ၏ အားနည်းချက်များ

- အသံတိတ်ခြင်း

( ရိုးရိုးဆိုင်ကယ်လာနေသည် ကို အင်ဂျင်သံကြားရုံဖြင့် အခြားယဉ်များသိနိုင်သော်လည်း လျှပ်စစ်ဘီးများမှာ အသံလုံးဝ နီးပါး တိတ်သဖြင့် ယဉ်အန္တာရယ် အတွက် စိုးရိမ်ရသည်)


- အချိန်ကြာမြင့်စွာ အားသွင်းရခြင်း

( ရိုးရိုးဆိုင်ကယ်များအနေဖြင့် ၁၀မိနစ် ၁၅မိနစ် အတွင်း ဆီအပြည့်ဖြည့်နိုင်သော်လည်း လျှပ်စစ် စက်ဘီးများ အားပြည့်ရန် အနည်းဆုံး ၃နာရီမှ ၈နာရီ ခန့် အထိ ကြာနိုင်ခြင်း)


- ဈေးနှုန်းကြီးမြင့်ခြင်း

(ခြေနင်းပါသော ဘီးများမှာ အနည်းဆုံး ၂သိန်းခန့် ရှိပြီး ခြေနင်းမပါသော ဘီးများမှာ အနည်းဆုံး ၅သိန်းခန့် ရှိသည်။)


- အထိအခိုက်မခံခြင်း

(ဆိုင်ကယ်၏ ကော် ကာဗာများမှာ အများအားဖြင့် အထိအခိုက်မခံကြပါ။ သို့ သော် Suspension ကောင်းသော ဘီးများတွင် သွားလာရာ၌ တုန်ခါမှုကြောင့် ထိခိုက်ခြင်းမှာ မရှိသလောက်နည်းသည်။)


- ဆိုင်ကယ်ကို ကာလကြာရှည်အသုံးပြုခြင်း မရှိပင်လျှင် ဘက်ထရီများ မသေစေရန် ပုံမှန် အားသွင်းပေးရခြင်း။


- ခြေနင်းမပါသော ဘီးများမှာ ဘက်ထရီအားကို သတိထား၍ မကြည့်ရူထားပါက လမ်း၌ မောင်းနေရင်း အားကုန်သွားသော ဒုက္ခမျိုးခံရနိုင်ခြင်း။


- အထပ်မြင့်တိုက်တွင်နေသူများ အတွက် ဆိုင်ကယ်ကို အားသွင်းရာ၌ အခက်အခဲရှိနိုင်ခြင်း။




ဆိုင်ကယ်၏ အစိတ်အပိုင်းများ



မော်တာ

Brush-less မော်တာများဖြစ်သည်။ BLDC motor ၊
Electronically Commutated Motors(ECMs, EC motorsစသည်ဖြင့်လည်းခေါ်ပါတယ်။
အကြမ်းအားဖြင့် သံလိုက်ဓာတ်ကို အသုံးပြုပြီး လည်ပတ်သော မော်တာအမျိုးအစားဖြစ်သည်။
အသေတပ်ထားသော coil များသို့ လျှပ်စစ်ဖြတ်သန်းစေပြီး ထိုမှတဆင့် permanent magnet တစ်ခုအပေါ် magnetic သံလိုက်လှိုင်းများ သက်ရောက်စေခြင်းပုံစံဖြင့် လည်ပတ်ခြင်းဖြစ်သည်။
မော်တာကို နောက်ဘီး hub ထဲတွင်ထည့်၍ မြှုပ်ထားသည်။ ဤအမျိုးအစားမော်တာများမှာ အအေးခံစရာ မလိုသောကြောင့် နောက်ဘီးတွင် မော်တာကို တပ်ပြီး ဖုန်မ၀င်စေရန် အလုံပိတ်ထားသည်။

ဘက်ထရီ
Lead-acid battery တွေပဲ အခုလောလောဆယ် ပြည်တွင်းမှာတွေ့ ရပါတယ်။
ဘက်ထရီခြောက်လို့ ခေါ်ကြပါတယ်။
အက်စစ်ထည့်တာဘာညာ ဘာမှမလိုပါဘူး။ သုံးပြီး ပျက်ရင် ပစ်ရတဲ့ ပုံစံမျိုးပါ။
လောလောဆယ်မှာ 20A နဲ့ 12A ဆိုပြီး Ampere ကွာတာ နှစ်မျိုးပဲ ကျွန်တော်သိပါတယ်။
20A battery တွေက capacity ပိုဆံ့လို့ ပိုကြာကြာခံပါတယ်။

Brakes

အမြင့်ပိုင်းတွေက များသောအားဖြင့် Disc brake တွေနဲ့ ပါ။
တချို့ ဘီးတွေက ရှေ့ဘီး Disc နောက်ဘီး Drum နဲ့ ပါ။
အမြင့်ပိုင်းတွေက လက်ကိုင်မှာဘရိတ်ဆီသုံးတဲ့ဘီးတွေက ပိုများပါတယ်။
ဟက်ဘရိတ်နဲ့ ဘီးတွေလည်း ရှိပါတယ်။
Disc brake ကတော့ အားလုံးထဲမှာ အကောင်းဆုံးပါ။
(ဆိုင်ကယ် ဘရိတ်အကြောင်း သိပ်မလေ့လာထားလို့ ဒီလောက်ပဲ သိပါတယ်။) :)

Tyres
တာယာ အများစုက စက်ဘီးလေထိုးတံနဲ့ ပြန်ထိုးလို့ ရတဲ့ တာယာတွေပါ။
Tyre type Tubeless tyre. Alloy ခွေနဲ့ ကအမြင့်ပိုင်းတွေမှာ ပိုများပြီး ရိုးရိုး ကယ်ရီဘီးတွေမှာတော့
Smoke တိုင်တွေနဲ့ ပါ။

Suspension
ခြေနင်းပါတဲ့ ဘီးအများစုက suspension ညံ့ပါတယ်။ carry ဘီးလို့ ခေါ်တဲ့ ဘီးတွေလဲ ညံ့ပါတယ်။ ရန်ကုန်က လမ်းတွေနဲ့ တော့ သိပ်တော့ ဟန်မကျပါ။
အမြင့်ပိုင်းတွေကတော့ တော်တော်လေးကောင်းတာတွေ့ ရပါတယ်။ဝန်ခံချက် ။ ။
ကျွန်တော်က တောင်ဒဂုံမှာ လျှပ်စစ်ဆိုင်ကယ် အရောင်းဆိုင်လေးဖွင့်ထားတဲ့ အတွက် ဗမာပြည်တွင်းက လျှပ်စစ်ဆိုင်ကယ်တွေ အကြောင်းသက်သက်ကိုသာ ပြန်လည်တင်ပြခြင်းသာဖြစ်ပါတယ်။ ပြည်ပက နည်းပညာတွေ (ဥပမာ Lithium Ion battery တွေ Hybrid တွေဘာတွေ တော့ ထည့်မရေးထားပါဘူး)
အင်တာနက်မှာ ရေးထားတာတွေကို ပြန်ကူးရေးတာက ၁၀ ရာခိုင်နှုန်းလောက်ပဲပါပါတယ်။





 အထွေထွေ
Warrenty

လျှပ်စစ်ဆိုင်ကယ်များကို ဘက်ထရီကိုပဲ Warrenty ပေးတာ ကြားဖူးပါတယ။်

များသောအားဖြင့်တော့ တစ်နှစ် Warrenty ပေးပါတယ်။ ဒါပေမယ့် Warrenty ပေးတဲ့ ဆိုင်က တော်တော်နည်းပါတယ်။
ပြီးတော့ ဘက်ထရီတွေကလဲ တစ်နှစ်အတွင်း ပျက်တယ်ဆိုတာ ရှားပါတယ်။
(အားသွင်းပုံသွင်းနည်း မမှန်ရင်တော့ ပျက်တတ်ပါတယ်။ သူ့ ဘာသာ သူပျက်ဖို့ ကတော့ ရှားပါတယ်။)
Spare Parts နှင့် Servicing
အပိုပစ္စည်းတွေကတော့ တော်တော်များများ ရှိပါတယ်။ ဘက်ထရီတွေဆို ၄ လုံးတစ်ကဒ်ကို ၁ သိန်း ၃သောင်းလောက်နဲ့ အပြင်မှာဝယ်လို့ ရပါတယ်။
ရှားနေတာကတော့ ဦးထုပ်တို့ နောက်ကြည့်မှန်တို့ ပါ။
ဆိုင်ကယ်ထဲက ပစ္စည်းတွေကတော့ ပေါပါတယ်။

ပြင်တာဆင်တာကလဲ Car Wiring ကျွမ်းကျင်တဲ့သူတစ်ယောက်တောင် ပြင်တတ်လောက်အောင် လွယ်ကူပါတယ်။
(အများအားဖြင့် ပျက်လေ့ရှိတာက Wiring ပါ။ Signal မီးမလင်းတာ Horn မရတော့တာတွေတော့ ဖြစ်တတ်ပါတယ်။)
 
လျှပ်စစ်ဆိုင်ကယ်များ ဘယ်ကလာသလဲ?

တရုတ်ပြည်ကပေါ့။ အားလုံး China Made တွေပါ။ တချို့ က ဟိုကတည်းက ဆင်ပြီးလာတယ်။ တချို့ က ပါကင်နဲ့ လာပြီး ဒီရောက်မှ ဆင်ကြတယ်။
တရုတ်ပြည်မှာက ဒါတွေ စီးနေတာကြာပါပြီ။
လေ့လာကြည့်ရသလောက် တရုတ်ပြည်တွင်းမှာတွင် လျှပ်စစ်ဆိုင်ကယ်ထုတ်တဲ့ Manufacturer က သုံးလေးထောင်လောက်အထိ အများအပြားရှိနေပါတယ်။
ဒါတောင် တနိုင်တပိုင်တွေ မပါသေးပါဘူး။

ပြည်တွင်းကို ၀င်လာတာတွေကလဲ အစုံပါပဲ။ တချို့ က နယ်စပ်က ထုတ်တဲ့ နယ်စပ်ဘီး။ တချို့ က ပြည်မကြီးဘီးတွေပါ။
နယ်စပ်ဘီးတွေက များသောအားဖြင့် အရည်အသွေးပိုညံ့ပါတယ်။

 အခွန်ဆောင်ခြင်း

နယ်စပ်ဘီးအများစုက without တွေပါ။ အခွန်မဆောင်ထားရသေးတဲ့ ဘီးတွေပါ။
အခွန်ဆောင်ပြီးသား ဘီးများလဲ ၀င်ပါတယ်။ ဈေးနှုန်းကတော့ မဆောင်ထားသေးတဲ့ ဘီးတွေနဲ့ အနည်းငယ် ကွာပါတယ်။


လိုင်စင် ကိစ္စ


အခု ကညနကနေ ရန်ကုန်မြို့ တွင်းမှာ ခြေနင်းမပါနဲ့ ဘီးတွေ စီးနင်းခွင့်အတွက် မှတ်ပုံတင်ခွင့်ကို ဖွင့်ပေးနေပြီလို့ ဂျာနယ်ထဲမှာ ဖတ်ရပါတယ်။
ခြေနင်းပါတာတွေကတော့ အနှေးယဉ်သဘောအဖြစ်သတ်မှတ်လို့ အနှေးယာဉ် မ၀င်ရနယ်မြေတွေမှာပဲ စီးနင်းခွင့်မရှိတာပါ။

ဂျာနယ်တစ်စောင်ကတော့ ရန်ကုန်စည်ပင်နယ်နိမိတ်နဲ့ မန္တလေးက လွဲရင် ကျန်တဲ့ နေရာ စီးနင်းခွင့်မှတ်ပုံတင်ပေးနေပြီ
လို့ ပြောပါတယ်။
ဒါပေမယ့် အဲ့ဒါက အဓိပ္ပါယ်မရှိဘူးလို့ တော့ ကျွန်တော်ထင်ပါတယ်။
ရန်ကုန်မှာ မစီးပဲ တောမှာ ဆိုင်ကယ်သွားစီးရမလိုဖြစ်နေလို့ ပါ။

မှတ်ပုံတင်ခကတော့ ၁၈၀၀၀ လောက်လာမယ်လို့ ပြောပါတယ်။ နှစ်စဉ်ကြေးက ၄၀၀လို့ ရေးထားပါတယ်။


လောလောဆယ်တော့ ကျွန်တော် စဉ်းစားမိသမျှက ဒီလောက်ပါပဲ။
လျှပ်စစ်ဆိုင်ကယ်ဆိုတာ ဘာမှန်းစမ်းတ၀ါးဝါး ဖြစ်နေတဲ့ သူတွေ အတွက်တော့ အကျိုးရှိမယ်ထင်ပါတယ်။


Regards,
ဝေယံ

FWD Mails

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......