Oop!! You are Gay



လူလတ်ပိုင်းအရွယ်ရှိပြီဖြစ်သော စတိဗ်သည် တက္ကသိုလ်ပြန်တက်၍ဘွဲ့ယူရန် ဆုံးဖြတ်လိုက်သည်။မည်သည့် ဘာသာရပ်ကို သင်လိုသည်ဟု တိတိကျကျဝေခွဲနိုင်ခြင်းမရှိဘဲ စတိဗ် ကျောင်းဝင်ထဲလျှောက်ကြည့်သည်။
စာသင်ခန်းများကိုဖြတ်ကျော်ခဲ့ ပြီးနောက် “ထင်မြင်ယူဆမှုဘာသာရပ်”ဟု အမည် တပ်ထားသော စာသင်ခန်းကိုတွေ့ရသဖြင့် အံ့သြသွားသည်။

တစ်ခါမျှမကြားဖူးသော ဘာသာရပ်ဖြစ်သဖြင့် ရပ်၍စဉ်းစားနေတုန်း စာသင်ခန်းထဲမှလူတစ်ယောက်ထွက်လာသည်။
ထိုသူကသူသည် ဤဘာသာရပ်တွင်ဌာနမှူးဖြစ်ပြီး စတိဗ်ကို ဘာအကူအညီပေးရမလဲမေးသည်။ စတိဗ်က-
“ကျွန်တော်“ထင်မြင်ယူဆမှုဘာသာရပ်”လို့ တစ်ခါမှ မကြားဖူးဘူး- အဲဒါဘာလဲ”
“ဒါ ကျွန်တော်တို့ရဲ့ထင်မြင်ချက်တွေကို တစ်မျိုးပြောင်းပြီးအသုံးပြုတဲ့ ဘာသာရပ်ပါ”ဟု ဌာနမှူးက ရှင်းပြသည်။
သို့သော် စတိဗ်ကမူ နားမရှင်းသေး။ သို့နှင့်ဌာနမှူးက သူနားလည်ရန်ဥပမာပေးသည်။
“ဒီလိုဗျာ ခင်ဗျားမှာ ခွေးတစ်ကောင်ရှိတယ်လို့ ကျွန်တော်ယူဆလိုက်မယ်”
“ဟာ... ရှိတာပေါ့”
“ဒါဆိုရင် ခင်ဗျားမှာ ခွေးဆော့ကစားဖို့ ခြံဝန်းလဲရှိမှာပဲ”
“မှန်ပါတယ်ဗျာ.. ရှိပါတယ်“
“ခြံဝန်းရှိရင် အိမ်လဲရှိမှာပေါ့”
“အိမ်...ရှိတာပေါ့”
စတိဗ် အံ့အားသင့်စပြုလာသည်။
“အိမ်လဲရှိတယ် ၊ ခွေးလဲရှိတယ် ၊ ခြံဝန်းလဲရှိတယ်ဆိုတော့ ချစ်ဇနီးလဲရှိမှာပဲလို့ ကျွန်တော်ထင်တယ်ဗျာ”
“ဘုရားရေ ဘယ်လိုသိတာလဲ ကျွန်တော့မှာ မိန်းမရှိတယ်ဗျ”
“မိန်းမရှိမှတော့ ခင်ဗျားဟာ အခြောက်မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်ဗျာ”
“ကျွန်တော် အခြောက်မဟုတ်ပါဘူး”
ထိုအခါ ဌာနမှူးက “ကဲ ခင်ဗျား သိပြီနော်။ ခွေးရှိ မရှိကနေစလိုက်တာ ခင်ဗျားအခြောက်မဟုတ်ဘူးအထိရောက်သွားပြီ ဒါ ထင်မြင်ယူဆမှုရဲ့ ပညာပဲဗျ” ဟုပြောသည်။
စတိဗ် သဘောကျသွားပြီး ထိုဘာသာရပ်ကို သင်ယူရန်ဆုံးဖြတ်လိုက်သည်။
သုံးပတ်ကြာမျှ အတန်းတက်နေပြီး တစ်ရက် အတန်းအပြင်တွင် မတ်တပ်ရပ်နေခိုက်-
ပထမအကြိမ် ဤရှေ့သို့ သူရောက်စဉ်ကလိုပင် တွေဝေသောမျက်နှာထားနှင့်ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်သည်။
“ဘာကူညီရမလဲ” ဟူသော စတိဗ်အမေးကို ထိုလူက “ဒါ ဘာသင်တာလဲ”ဟု ပြန်မေးသည်။
စတိဗ်က ဌာနမှူးစကားကို ပြန်သုံး၍ ထင်မြင်ချက်တွေကို တစ်မျိုးပြောင်းပြီးအသုံးပြုတဲ့ ဘာသာရပ်ဟုရှင်းပြတော့ ထိုလူနားမလည်။
စတိဗ်က ၀မ်းသာအားရဖြင့်.......
“ဥပမာဗျာ......... ခင်ဗျားမှာ ခွေးရှိတယ်လို့ ကျွန်တော်ယူဆလိုက်မယ်”
“ဟင့်အင်း.......ကျွန်တော့မှာ ခွေးမရှိပါဘူး”
ထိုလူ၏အဖြေကြောင့် စတိဗ်အလန့်တကြားနောက်ဆုတ်လိုက်ပြီး ပြောသည်။
ဟာ.......ခင်ဗျား အခြောက်ပဲ

r@bp!G

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......