အဆီကျချင်သူများအတွက် လုပ်ရမည့်အရာများနှင့် ထားရှိရမည့် စိတ်



ဗိုက်ရွှဲ အဆီတက် ၀နေတဲ့ အထက်တန်းစားခန့်ညားမှုတခုက အခုခောတ်လူသားတွေကို ထိပ်တန်းပြသနာတခုအနေနဲ့ အကြီးအကျယ် ခြိမ်းခြောက်လို့နေပါတယ်.. ပညာရှင်ခေတ် စည်းပွားရေးခေတ်ဖြစ်လာလို့ အချိန်နဲ့အမျှ အလုပ် အလုပ် အလုပ် တွေနဲ့ပဲ ၀န်တွေပိ နေ့ပီးရင်ည ညပီးနေ့နဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိတဲ့ ယဉ်ကြီးထဲမှာပဲ လိုက်ပါ စီးမျောပီးမနေ ပါနဲ့.. အဆီရစ်ပီး ကိုယ်အလေးချိန်တိုးလာလို့လဲ ကိုယ်လက်လေကျင့်ခန်းလုပ်ဖို့လည်း အချိန်မအား ကယ်လိုရီလောင်
ကြွမ်းစေတဲ့ နည်းတွေလဲ မစဉ်းစားနိုင် နောက်ဆုံးပေါ် ၀ိတ်ကျလိုတဲ့ ဆေးတွေကိုလည်း မစဉ်းစားလိုတဲ့ လူကြီးမင်းတို့ အတွက် ရှယ်နည်းလေး မျှဝေချင်လို့ပါ..
တကယ်တော့ လေ့ကျင့်ခန်းမလုပ်အားပါဘူးဆိုတာ လက်ခံလို့မရတဲ့ အသေးစားဆင်ခြေလေးတခုပါ.
သိပ်မလိုအပ်ပါဘူး တနေ့ အချိန်နာရီဝက်ဆိုရင် လုံလောက်ပါတယ်.. ကစားနည်းတွေကလဲ မျိုးစုံ ကြိုက်ရာရွေး အေးဆေးပါပဲ.. အေရိုးဗစ်လား ပြေးမလား စက်ဘီးစီးမလား အစုံပေါ့.. မိမိနေအိမ်မှာလား GYM မှာလား ကြိုက်တာ ကစားလို့ရတယ်.. စားပွဲပေါ်က ကွန်ပြူတာနဲ့ မျက်နှာချင်းဆိုင်နေရသူတွေ အတွက်တော့ ရေချိုးခန်းမ၀င်မီ နာရီဝက် လောက်တော့ အချိန်ပေးလိုက်ပေါ့. GYM မှာ ကစားတာကတော့ စက်ကိရိယာလည်းစုံတယ်.. အများစုက ကိုယ်လက်

လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ကြတာဆိုပေမယ့် ယောကျားမိန်းမတိုင်းရဲ့ ဗိုက်ပြသနာကို ဖြေရှင်းကြတာများတယ်..

အရင်က ကြမ်းပြင်ပေါ်မှာ ဘယ်လီရိုက်ကြတယ်. အားအင်တွေအများကြီးသုံးကြတယ်.. အခုတော့ ဘောလုံးနဲ့
ဘယ်လီရိုက်လာကြပီ.. ဘောလုံးအသုံးပြုခြင်းဟာ ခါးကိုသက်သာစေပီး အိစက်ညက်ညောမှုဖြစ်စေတော့ လူတွေလည်း နှစ်သက်တယ်. ဘယ်လီရိုက်အားပိုကောင်းပီး ကြမ်းပြင်မှာထက် ဘောလုံးပေါ်မှာဘယ်လီရိုက်ရတာ ပိုအဆီကျစေတယ်. ဘောလုံးဆိုဒ်ဟာ ၂ပေခွဲပတ်လည်နဲ့ ၁ပေခွဲပတ်လည် အမျိုးအစား၂ ခုရှိပီး ကြမ်းပြင်မှာ ကစားတဲ့ နည်းမျိုးစုံအတိုင်း

ဘောလုံးပေါ်မှာ ကစားလို့ရတယ်လို့ (Trader Hotel- fitness center) မှ ကိုယောဟန်က ဆိုပါတယ်. တချို့က မိခင်ဘ၀ ပိုင်ဆိုင်နေတဲ့ အရွယ်ကျမှ လူငယ်တွေနဲ့ ရင်ဘောင်တန်းပီး ကစားကြရမှာကို ရှက်နေတတ်ကြတယ်. အသက်၈၀ဖြစ်ပါ စေ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ လေ့ကျင့်ခန်းတွေ ရှိပီးသားပါ. အဆီအများစုက ဗိုက်သားမှာ လာပီးစုနေတတ်တာ

ကြောင့် အသက်ကလေး (၃၀) စွန်းလာပီဆိုရင် ဗိုက်ကလေး နည်းနည်း ရွှဲချင်လာပီ. ကြွက်သားတွေကို ကစားပေးနိုင်မှ ချွေးထွက်ပီး ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တာကြောင့် ၄၀နားနီးမှ မဖြစ်တော့ဘူးဟဲ့ လေ့ကျင့်ခန်းလေးလုပ်အုံးမှ ဆို

တဲ့ စိတ်ကူးနဲ့ ထကစားတာက ငယ်စဉ်ကတည်းက ပုံမှန်ကစားလာတဲ့လူတွေလိုတော့ ဘယ်လိုမှ ကိုယ့်စိတ်ကြိုက် slim body ဖြစ်လာမှာ မဟုတ်ဘူး. အဆီကျပီး ကျန်းမာရုံ သက်သက် နေလို့ထိုင်လို့ ကောင်းရုံရတော့မပေါ့.





အိမ်မှုကိစ္စတွေ ရင်ဆိုင်လှုပ်ရှားနေကြရတဲ့ အိမ်ရှင်မတွေအတွက်ကတော့ ထူးထူးထွေထွေ ဘာမှ စဉ်းစားမနေနဲ့.အမည်တပ်မရတဲ့ အိမ်ထောင်တာဝန်တွေနဲ့ လှုပ်ရှားနေခြင်းဟာ ခန္ဓာကိုယ်က အဆီထုကြီးကို အကောင်းဆုံးချေဖျက် ပေးနိုင်တဲ့ နည်းစနစ်တခုပါပဲ. အ၀လွန်တယ်ဆိုတာဟာ ကိုယ်မှာ ရှိနေတဲ့ စွမ်းအင်တွေကို အပြည့်အ၀ အသုံးမချ

တတ်လို့ ဖြစ်တဲ့ ပြသနာပါ. အဆီ ၁ ဂရမ်ဟာ စွမ်းအင် ၉ ကယ်လိုရီကို ပေးနိုင်တယ်. စွမ်းအင် ၉ ကယ်လိုရီကို ဖြုန်းဖို့ အတွက် အဆီ ၁ ဂရမ်ကို ဖြုန်းပစ်ရပါမယ်. ဥပမာ အေရိုးဗစ် နာရီဝက်ကစားတာဟာ ကယ်လိုရီ ၁၂၀ အသုံးပြုရတော့ အဆီ ၂၀ ဂရမ်ခန့် ကုန်ဆုံးစေတာပေါ့. အေရိုးဗစ်တော့ လုပ်ပါ၇ဲ့ ဆေးလိပ် ဘီယာ အရက်တွေ သောက်နေလို့ကတော့ သွေးကြောနံ၇ံ တွေမှာ အဆီတက်ပီး ဂုတ်ပိုးတက် ဗိုက်ရွှဲနေမှာပဲ. လူတွေက ပိန်ချင်တယ်လို့သာ အော်နေကြတာ ပိန်ဖို့ နည်းလမ်းတွေ နေထိုင်စားသောက်မှု စတိုင်လ်တွေပြောင်းလဲပစ်ဖို့ကျတော့ အရေးမလုပ်ကြဘူး. ဒါကလဲ သိသိသာသာ ပြောင်းလဲပစ်ဖို့ အင်တိုက်အားတိုက် လှုံဆော်ပေးမယ့်သူ မရှိကြသေးလို့ပါ. အစားလျော့စားတာဟာ ကယ်လိုရီ သုံးစွဲမှုကို
နည်းပါးစေတဲ့အတွက် အလွယ်ကူဆုံးနည်းလမ်းတခု. စားချင်သောက်ချင်တဲ့ စိတ်ကိုထိန်းချုပ်ဖို့ဆိုတာ ရုတ်တရက် မလွယ်ကူပေမယ့် စိတ်ထားတတ်ရင် လွယ်လွယ်လေးပါ.

မြင်မြင်သမျှ လျှာအရသာခံနေမယ့်အစား ‘ဒင်းကပဲ မြူဆွယ်နိုင်မလား ငါကပဲ ခံနိုင်ရည်ရှိမလား’ ဆိုတဲ့ အတွေးနဲ့ ခပ်ထေ့ထေ့လေး အနိုင်ပိုင်းပြလိုက်စမ်းပါ. ဒါဆိုရင် ဗိုက်ရွှဲ အဆီတက် ၀မှာ မပူနဲ့. ဒီလိုနည်းနဲ့ အနိုင်ရပီဆိုပေမယ့် တခါတရံ ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မထူးပါဘူး စားချင်တာ စားပစ်မယ်ဆိုပီး စိတ်လွတ်ကိုယ်လွတ်မဖြစ်ပါစေနဲ့.

(အစားရှောင် အစားရှော့ အငတ်ခံနေရတဲ့ အချိန်လေးတွေ နမြောစရာ) ကိုယ်အလေးချိန်လျော့မယ်ဟေ့လို့ မိမိကိုယ်မိမိ ကြွေးကြော်ဆုံးဖြတ်ပီးတဲ့နေ့ကစပီး မိမိ ကိုယ်အလေးချိန်ကို မှတ်သားပါ. ကိုယ်လက်လှုပ်ရှားမှုလေးကို မပျင်းမရိလေး မှန်မှန်လုပ်. မိမိစားတဲ့အစာကို မှတ်တမ်းလေးလုပ်. ကယ်လိုရီကိုတွက်ပီး ချင့်ချိန်စားပါ. ချစ်စရာကောင်းတဲ့ ထမင်းစား

ပန်ကန်လေးသေးသေးလေးတလုံး သီးသန့်ဝယ်ပီး သတ်မှတ်ထားတဲ့ အချိုးအစားအတိုင်း စား. လျင်မြန်သွက်လက်စွာ စားသောက်ခြင်းထက် အရသာခံပီး ဖြည်းဖြည်းချင်းစားတာက ပိုသင့်တော်ပါတယ်. ထမင်းတော့စားပါရဲ့ ဖူးညွှန့်အိတက် နေတဲ့ အထက်တန်းစား ဆန်မျိုးကို စားနေရင်လဲ သိပ်မထူးပြန်ဘူး. ဆန်အကြမ်းနှင့် ပေါင်မုန့်အကြမ်းကို ရွေးချယ်

စားသောက်တာ ပိုကောင်းပါတယ်. တနေ့တာရဲ့ အင်နာဂျီတွေကို ဖြည့်ဆည်းပေးဖို့နဲ့ လုပ်ငန်းခွင်မှာ အားမာန်အပြည့်နဲ့ ကြိုးစားနိုင်ဖို့ နံနက်စာကို စိတ်ကြိုက်များများ စားပေးခြင်းဟာ ၀ိတ်လျော့လိုသူတွေအတွက် အကောင်းဆုံးနည်းလမ်းပါ.





ဒါပေမယ့် ဆီစိမ်ဘူးသီးကြော်မျိုးတော့မဖြစ်စေနဲ့ပေါ့. နည်းနည်းနဲ့ နာရီခြားပီး ခဏခဏစားပါ. သို့သော် အဆာခံနိုင် ရုံဖြစ်ပါစေ. နောက်တခု ထမင်းမစားမီမှာ အရွက်သုတ်လေး တခုခု စားလိုက်ခြင်းဟာ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ရရှိစေပီး အစာထဲမှာ အမျှင်ဓါတ်တွေ ပိုရစေပါတယ်. စားချင်သောက်ချင်တဲ့စိတ်လေး

ကို ဖြေလျော့စေလို့ အမြန်ဆုံး ကယ်လိုရီ ချနိုင်တဲ့ နည်းလမ်းပေါ့. အသီးအရွက်တွေရဲ့ သဘာဝမှာကိုက အစာစားချင် စိတ်ကို ချိုးနှိမ်ပေးတဲ့ သဘောရှိတယ်. အမျှင်ဓါတ်ပါဝင်တဲ့ အသီးအရွက်က သွေးထဲကို သကြားဓါတ်ရောကရှိမှုကို နှေးကွေးစေလို့ ဆာလောင်မွတ်သိပ်ခြင်းကို ထိန်းပေးနိုင်တယ်. အမျိုးသမီးတချို့ဟာ ညစာမစားမီ အရွက်သုတ်လေး တခုခုကြိုစားပီးမှ ၎င်းတို့စိတ်ကြိုက်ညစာ စားသောက်စေကာမူ သာမန်ထက် ၁၂ ကယ်လိုရီ လျော့ပါးသွားတယ်လို့ အမေရိကန် အစားအသောက်ထိန်းသိမ်း စားသောက်မှု ပြုတဲ့ အဖွဲ့က ထုတ်တဲ့မှတ်တမ်းများမှာ ဖော်ပြထားတာကို တွေ့
ရပါတယ်. အာဟရပညာရှင်တွေကလဲ အရောင်စုံဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း မုန်လာဥနီ အနီရောင် ငရုပ်ပွနဲ့ ဟင်းနုနွယ်တွေဟာ ကင်ဆာရောဂါကို တိုက်ဖျက်စေပီး အရွက်သုပ်တွေထဲမှာ သံလွင်ဆီပါဝင်ခြင်းကလဲ ဗီတာ မင်ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ခန္ဓာကိုယ်ကရအောင် ကူညီပေးကြတယ်လို့ဆိုတယ်. အစာအိမ်မှ အစာထွက်မှုကို နှေးကွေးစေလို့ ဗိုက်ပြည့်တဲ့ခံစားမှုကို ရစေပါတယ်. ဒါကြောင့် အချိုတွေ အဆီတွေ သကြားဓါတ်တွေ လျော့စားပီး ဟင်းသီးဟင်းရွက် များများစားပေးဖို့ တိုက်တွန်းကြတာပါ. တချို့က တနင်္ဂနွေလို အားလပ်ရက်ရောက်ရင် တံတွေးမြိုချ
စားချင်တာတွေ မစားခဲ့ရတဲ့ နေ့ရက်တွေအတွက် အစားထိုးပီး မီးကုန်ယမ်းကုန် ၀ါးတော့ သမတော့တာပဲ.
အဲလို အလစ်သုတ်တတ်တဲ့အကျင့်တွေတော့ စိတ်နဲ့တောင်မကူးမိကြပါနဲ့နော်. အဓိက ကတော့ ခန္ဓာကိုယ်မှာ
အာဟရဓါတ် လုံလောက်မျှတနေဖို့ပါပဲ. ခန္ဓာကိုယ်ထဲက အဆီတွေဟာ မျိုးရိုးဗီဇနဲ့လဲသက်ဆိုင်ပါတယ်. ခန္ဓာဝခြင်းဟာ အဆီဆဲလ်အရေအတွက်ကို တိုးပွားစေတာကြောင့် ခပ်မြန်မြန်လေးပိန်အောင်လုပ်နိုင်မှ ခန္ဓာထဲက ဆဲလ်အရေတွက်က တဖြည်းဖြည်းသေးပီး ကျုံ့ဝင်သွားတာပါ. သို့ပေမယ့် တချို့က ၀သာဝနေတာ ကိုလက်စရော မရှိတဲ့သူက ဒုနဲ့ဒေးပါ. ခန္ဓာကိုယ်အလေးချိန်ကို ပြောင်းပြန်လှန်ဖို့ လေ့ကျင့်ခန်းလုပ် အစားလျော့စားခြင်းအပြင် ပိန်ဆေးသောက်ခြင်းကလဲ သင့်ကိုအကူအညီပေးပါလိမ့်မယ် ပိန်ဆေးတွေဟာ ဦးဏှောက်ကနေတဆင့် ဆာလောင်တဲ့စိတ်နဲ့ စားသောက်ချင်စိတ် ကို ထိန်းချုပ်ပေးတယ်.

စားဆေးမသုံးချင်တဲ့သူတွေကတော့ လိုအပ်တဲ့အခါမှာ အချိန်တိုတိုနဲ့ ချချင်တဲ့ အဆီတွေကို မိနစ်ပိုင်းအတွင်း ဖြေရှင်း ပေးနိုင်တဲ့ center တွေကိုပြေးကြတယ်. မိနစ်ပိုင်းအတွင်း စက်နဲ့ အဆီချခြင်းဟာ ခန္ဓာနာကြင်မှုမရှိ ကျန်းမာရေးဆိုး ကျိုးမရှိဘဲ ၂၄ နာရီအတွင်း အဆီချလို့၇တဲ့ နည်းတမျိုးပါ. ဗိုက်ရွှဲတဲ့သူတွေအများစုက အခမ်းအနား ပွဲလမ်းသဘင် တွေမတက်မီ ၂ နာရီလောက်အလိုမှာ ပြေးအဆီချလို့ရတော့ ဒီနည်းကို သဘောခွေ့ကြတယ် ဆိုရမယ်. မိနစ်ပိုင်း
အတွင်း ၁ လက်မခွဲလောက် ချက်ချင်း အဆီကျသွားတာဆိုတော့ မိန်းမသားတွေအတွက် စိတ်ကြိုက်ဖြစ်သွားတာပေါ့. နောက်ပီး လူ့ခန္ဓာကိုယ်က အညစ်အကြေးတွေ စွန့်ထုတ်တဲ့ ပြန်ရည်ကြောကတဆင့် အဆီတွေက ခန္ဓာအပြင်ကို ရောက်သွားစေတာမို့ ကျန်းမာရေးအတွက်လဲ ထိခိုက်စရာမလိုတဲ့ နည်းလမ်းတသွယ်လို့ဆိုတယ်. စားဆေးမတိုးတော့
ဘူးဆိုပါတော့. ခွဲစိတ်ပီး ခန္ဓာထဲက အဆီတွေကို လျော့ချလို့လဲရတယ် (ဒါလဲဖြစ်တယ်)

Copy From http://www.mmcfamily.org/

2 comments:

အကြံပေးကြည့်ပါလား.......