ဂျာမန်ဘွန်ဒက်လီဂါကလပ်အသင်း နုရင်ဘတ်သည် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုအား ပြောင်းရွှေ့ကြေး ဒေါ်လာ ၅သိန်း ၀န်းကျင်ဖြင့် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုပမာဏသည် မြန်မာ့ ဘောလုံး သမိုင်းတွင် မြန်မာ ကစားသမား တစ်ဦးအတွက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေး တစ်ရပ်လည်း ဖြစ်လာဖွယ် ရှိနေကာ ကျော်ကိုကို အနေဖြင့် အာရှတိုက် ပြင်ပသို့ သွားရောက် ကစားသည့် ပထမဆုံး လက်ရွေးစင် ကစားသမားလည်း ဖြစ်လာမည် ဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ဇေယျာရွှေမြေ အသင်းက ကျော်ကိုကိုအား ဂျာမနီသို့ စေလွှတ်နိုင်ရန် အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ တရားဝင် စာတင်ထားကြောင်း သိရသည်။ ဇေယျာရွှေမြေ အသင်းသည် ဂျာမန် ကလပ်အသင်း ထံသို့ ဇန်န၀ါရီ ၃၁ရက် မတိုင်မီ စေလွှတ်နိုင်မည် မစေလွှတ် နိုင်မည် ဆိုသည်အား အကြောင်း ပြန်ရမည် ဖြစ်သည်။
ကျော်ကိုကိုသည် ပြီးခဲ့သည့် ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ခြေစွမ်း ထင်ပေါ်ခဲ့သည့် ကစားသမား တစ်ဦးဖြစ်ကာ Goal.com ၏ အရှေ့တောင် အာရှ၏ အကောင်းဆုံး ကစားသမား ၅ဦး စာရင်းတွင် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ၎င်းအား အရှေ့ အလယ်ပိုင်းမှ ကလပ်အသင်း များကလည်း စိတ်ဝင်စား ခဲ့ဖူးပြီး မြန်မာနိုင်ငံ၏ ၂၀၁၁ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုအားလည်း ရရှိထားသူ ဖြစ်သည်။
Copy From Soccer Myanmar
No comments:
Post a Comment
အကြံပေးကြည့်ပါလား.......