အိုင်တီခေတ် အင်တာနက်စကားပုံများ



အိုင်တီခေတ် အင်တာနက်စကားပုံများ.
 အပျင်းပြေပေါ့














ကံကိုယုံ၍ ဆူးပုံမနင်းနှင့်
လျှပ်စစ်မီးကိုယုံ၍ Save မလုပ်ပဲ မနေပါနှင့်။အစက ပြန်လုပ်ရလိမ့်မည်။

ကျောချမှ ဓားပြမှန်းသိ
ဖုန်းအပိတ်ခံရမှ ကြိုတင်သွင်းငွေကုန်မှန်းသိသည်။


ခရီးသွားဟန်လွှဲ
အလုပ်ကိစ္စ၊ ကျောင်းစာအတွက် ဒေါင်းလုပ်လာဆွဲရင်း facebook လေးဝင်မန့်လိုက်၊
G-talk လေးဝင်ကြူလိုက် လုပ်သည်။

စစ်မရောက်ခင်မြားကုန်
တနေကုန်ဖုန်းဖွင့်ထားပြီး တကယ်တမ်းပြောမည်လုပ်ကာမှ
ဘတ္ထရီအားကုန်သည်။ (CDMA 450MHz)

တစ်ရွာတစ်ကျီဆောက်သည်
အင်တာနက်ကဖေးတစ်ခါထိုင်တိုင်း အီမေးလ် အသစ်တစ်ခုလုပ်သည်။



တစ်မိုးလုံး ဖျောက်ဆိတ်ချည်း
ဘယ်နားကြည့်ကြည့် facebook နှင့် G-talk ကပြေးမလွတ်ချေ။



ဒူးလောက်တင်မှ ရင်လောက်ကျသည်
ဒေါင်းလုပ်ဆွဲရာတွင် ၁ နာရီကြာမည်ဟူသော စာတန်းပေါ်ပါက အိမ်ကို ၂ နာရီကြာမည်ဟု ကြိုပြောထားပါ။







နူရာဝဲစွဲ လဲရာသူခိုးထောင်း
လိုင်းကျနေသည်ဆိုမှ မိုးကအုံ့သည်။ မီးကလဲ ပျက်သေးသည်။

ပေါက်သည့်နဖူး မထူးတော့
၁၅ သိန်းပေး၍ ဝယ်ထားရသော GSM ကြီးကိုဆိုလိုသည်။

ရှင်ဘုရင်တစ်ခါထွက်၊ ပဲကြီးတစ်လှေချက်
G-mail တစ်ခါတက် ထမင်းအိုး တစ်ခါချက်

သမင်မွေးရင်း ကျားစားရင်း
ဒေါင်းလုပ်ဆွဲရင်း ပျက်ကျရင်း
အမဲရိုးနှယ် ဟင်းအိုးမှအားမနာ
သုံးသည့် စက်များကတော့ international Standard ရှိပါသည်။ သို့သော် ကွန်နက်ရှင်ကတော့...
FWD Mail , Images from google

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......