ဟိုတယ်ဧည့် သည်များရဲ့ ထူးထူးခြားခြားတောင်းဆိုမှုများ...

မိမိကိုယ်တိုင် ဟိုတယ်ဝန်ထမ်းတစ်ဦးဖြစ်ခဲ့ တာမို့ လာရောက်တည်းခိုသူ အပေါင်းရဲ့ အမျိုးမျိုး

အဖုံဖုံသော တောင်းဆိုဂျီကျမှုတွေနဲ့ ကြုံတွေ့ ခဲ့ ရပါတယ်...

တစ်ခါတစ်ရံတော့ ဟိုတယ်ဝန်ဆောင်မှုအပိုင်းမှချို့ ယွင်းချက်ကြောင့် တည်းခိုသူ ဧည့် သည်

အနေနဲ့ တောင်းဆိုရတာဖြစ်ပေမယ့်  အများအားဖြင့် တော့ ငွေကြေးချမ်းသာသူတွေဟာ ဥစ္စာ

ဓနမာန်တွေနဲ့ ကိုယ်လိုချင်တာကိုသာ ဇွတ်အတင်းတောင်းဆိုတတ်ကြတာပါပဲ...

တစ်ခါတော့ အရက်သေစာသောက်စားမှုကိုဘာသာရေးအရတရားဝင်တားဆီးထားတဲ့ နိုင်ငံ

ဖြစ်တဲ့ ဒူဘိုင်းမှာ အာရပ်အမျိုးသမီးများတည်းခိုတဲ့ အခန်းကနေ အရက်မူးနေတဲ့ အမျိုးသမီး

တစ်ဦးက သူနဲ့ လာရောက်အိပ်ပေးဖို့ တောင်းဆိုတာလည်း ကြုံခဲ့ ရဖူးပါရဲ့ ...

( ကြောက်လို့ တစ်ခြားဌာနကို ဖုန်းလွှဲပေးလိုက်ပါတယ်ဗျာ...)

 

customer is always right ဆိုတဲ့  ဆောင်ပုဒ်ကိုလက်ကိုင်ထားတဲ့ ဝန်ဆောင်မှုပေးတဲ့ ဟို

တယ် ၀န်ထမ်းဘ၀မို့ သည်းခံခြင်းတရားလက်ကိုင်ထားပြီးတော့  သာ ဖြေရှင်းဆောင်ရွက်ပေး

ခဲ့ ၇တာပါပဲ...

တစ်ချို့ မိုက်မိုက်ရိုင်းရိုင်းအော်ဟစ်ပြောဆိုတာတွေ၊ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေတောင်မှရှိ

တတ်ပါသေးတယ်...

အခုတော့ အဲဒါနဲ့ ဆက်စပ်တဲ့ သတင်းလေးတစ်ပုဒ်တွေ့ လို့ ဗဟုသုတအလို့ ငှာဘာသာပြန်

တင်ဆက်လိုက်ပါတယ်...

 

ဟိုတယ်ဝန်ထမ်းများအနေနဲ့ မွေးနေ့ လက်ဆောင်အဖြစ် ကြံ့ တစ်ကောင်ရှာဖွေပေးရတာအပါအ၀င် စိုး

ရွံ့ ထိတ်လန့် တုန်လှုပ်နေတဲ့ ဧည့် သည်ကိုယ်စား သူ့ ရဲ့ ချစ်သူကို လက်ထပ်ခွင့် တောင်းပေးရခြင်း၊ ၎င်း

တို့ ရဲ့ ဘောင်းဘီများကို ဧည့် သည်များအားငှားရမ်းရခြင်း စတာတွေဟာ ဟိုတယ်တွေမှာတည်းခိုနေတဲ့ 

ဧည့် သည်တွေရဲ့ ထူးဆန်းအံ့ သြတဲ့ တောင်းဆိုမှုတွေပဲဖြစ်ပါတယ်လို့ ဗြိတိန်နိုင်ငံမှဟိုတယ်လုပ်ငန်းအ

ကြီးအကဲများရဲ့ လေ့ လာဆန်းစစ်မှုတစ်ခုကဖော်ပြခဲ့ ပါတယ်.......

လွန်ခဲ့ တဲ့ နှစ်အတွင်းက ဗြိတိန်နိုင်ငံမှာရှိတဲ့ တည်းခိုခန်းပေါင်း ၅၈၀ မှာတည်းခိုခဲ့ ကြတဲ့ ဧည့် သည်
များရဲ့ ကြောင်တောင်တောင်အနိုင်ဆုံးသော တောင်းဆိုမှုတွေကို ဟိုတယ်များရဲ့ ဦးဆောင်သူများက 
အဆိုပါဟိုတယ် ၀န်ထမ်းများကို ဖုံးဆက်မေးမြန်းပြီးပြုစုထားခဲ့ တာဖြစ်ပါတယ်...
အဆိုပါ စာရင်းထဲက အဆိုးရွားဆုံး၊ အံ့ သြဖွယ်အကောင်းဆုံးတောင်းဆိုမှုကတော့ ချက်စတာအရပ်က
တည်းခိုခန်းတစ်ခုမှာတည်းခိုခဲ့ တဲ့ ဧည့် သည်တစ်ဦးက ဟိုတယ်ဝန်ထမ်းတစ်ဦးကို သူ့ ရဲ့ သူငယ်ချင်း
တစ်ဦးကို ကြံ့ တစ်ကောင်မွေးနေ့ လက်ဆောင်အဖြစ်ဝယ်ပေးချင်လို့  ဘယ်နေရာမှာဝယ်လို့ ရနိုင်မလဲ
ဆိုတာ ( တစ်ကယ်ကို အလေးထားပြီး ) မေးမြန်းတောင်းဆိုခဲ့ တာဖြစ်ပါတယ်...

ဒေါဆက်ဒေသ၊ ဘန်းမောက် အရပ်က ဟိုတယ်တစ်ခုမှာတည်းခိုခဲ့ တဲ့ ဧည့် သည်တစ်ဦးကတော့ ဟို
တယ်ဝန်ထမ်းတစ်ဦးကို သူဟာစိုးရိမ်ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်နေတာမို့ သူ့ ကိုယ်စား သူ့ ရဲ့ ချစ်
သူကို သူနဲ့ လက်ထပ်ပါမည့် အကြောင်းသွားရောက် ပြောဆိုစေခဲ့ ပါတယ်...
အဆိုပါ ၀န်ထမ်းဟာ အစိုးရိမ်ကြီးစိုးရိမ်နေတဲ့ အချစ်မင်းသား ရိုမီယိုအတွက် ထိုအမျိုးသမီးရှေ့ မှာ ဒူး
ထောက်ပြီး ရှင်းပြပြောဆိုတောင်းဆိုပေးလို့ အမျိုးသမီးက နားလည်ခွင့် လွှတ်ကာ ရွှေဧည့် သည်ရဲ့ တူ
နှစ်ကိုယ် ရွှေလက်တွဲမယ့် အရေးကို သဘောတူခေါင်းငြိမ့် ခဲ့ ပါတယ်....
မက်ကဲဖီးအရပ်၊ ချက်စရှိုင်းယား ကဟိုတယ်ရဲ့ လူချမ်းသာဧည့် သည်တစ်ဦးကတော့ သူတို့ ညစာစား
သုံးနေစဉ် ဟိုတယ်ဝန်ထမ်းတစ်ဦးကို သူ့ ရဲ့ ကား လူခိုးမခံရလေအောင် သူ့ ရဲ့ ဖယ်ရာရီကားထဲမှာသွား
ရောက်ပြီးထိုင်နေစေခဲ့ ပါတယ်...

ဆာရေးဒေသ၊ ဂေါ့ ဒ်စတုန်းအရပ်က တည်းခိုခန်းတစ်ခုရဲ့ ဧည့် သည်ကတော့ သူမရဲ့ ရေချိုးခန်းအတွက်
ရော်ဘာဘဲရုပ်အကြီးကြီးတစ်ခုယူလာပေးဖို့ တောင်းဆိုခဲ့ ပြီး၊ လစ်ဗာပူး မှာတည်းခိုခဲ့ တဲ့ ဧည့် သည် က
တော့ အရေးကြီးတဲ့ အစည်းအဝေးတစ်ခုသွားစရာရှိတာ သူလမ်းလျှောက်လိုက်တာနဲ့ သူ့ ရဲ့ ဘောင်းဘီ
ကွဲသွားလို့  ၀န်ထမ်းရဲ့ ဘောင်းဘီကိုငှားရမ်းခဲ့ ပါတယ်...

အဆိုပါလေ့ လာမှုစစ်တမ်းကိုပြုလုပ်ခဲ့ တဲ့ ပရီးမီးယားအင်း ရဲ့ အကြီးအကဲပိုင်ရှင်ဖြစ်သူ စတိဗ်ကွန်ဝေး က
အထက်ပါ တောင်းဆိုချက်တွေဟာ လွန်ခဲ့ တဲ့ ၁၂ လအတွင်း တည်းခိုခန်းတွေမှာ လာရောက်တည်းခိုခဲ့ 
တဲ့  ၁၅ သန်းမျှသော ဧည့် သည်တွေရဲ့ ကြောင်တောင်တောင်အနိုင်ဆုံး တောင်းဆိုမှုတွေဖြစ်ပြီး ဟိုတယ်
ဝန်ထမ်းတွေအနေနဲ့ အားလုံးကို ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ တယ်လို့ ဆိုပါတယ်...
" ကျွန်တော်တို့ ပရီးမီးယားအင်း ဟိုတယ်မှာတော့  ၀န်ထမ်းတွေဟာ တည်းခိုသူတွေစိတ်ချမ်းသာအောင်
အပိုဝန်ဆောင်မှုတွေလုပ်ဆောင်ပေးဖို့ အမြဲပဲအဆင်သင့် ရှိနေကြပါတယ်...ဒါပေမယ့် တစ်ခါတစ်လေ
တော့ လည်း ဧည့် သည်တွေရဲ့ တောင်းဆိုမှုတွေကြောင့် တော့ အံ့ သြခဲ့ ကြရပါသေးတယ်..."  လို့ ဆို
ခဲ့ ပါတယ်...

တော်သေးတာပေါ့ ...ဧည့် သည်ကိုယ်စားလက်ထပ်ခွင့် တောင်းတဲ့ ဟိုတယ်ဝန်ထမ်းကိုပဲ ယူမယ်လို့ အ
ဖြေမပေးလိုက်လို့ .

Copy From : http://blog.kopeter.com

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......