အဆမတန်ကြီးနေသော ဒုက္ခတဲ့



ဒါဟာ ရယ်စရာကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။
အမေရိကန်ပြည်ထောင်စု လာစ်ဗေးဂတ်စ်မြို့ (Las Vegas)နေ အသက် ၄၇ နှစ်အရွယ် အမျိုးသားရဲ့ အဆမတန်ကြီးမား ထွားကြိုင်းလာခဲ့တဲ့ ဝှေးစေ့ ကို ခွဲစိပ်ဖို့ သူ့မှာ ဒေါ်လာ တသန်းလောက် လိုအပ်နေပါတယ်။ သူရဲ့  ဝှေးစေ့ဟာ ၄၅ ကီလိုဂရမ်တောင် လေးပါသတဲ့။အဲလောက်  အင်မတန်ကြီးသွားတဲ့ အတွက် သူက သမားရိုးကျ ဂျင်းဘောင်းဘီတွေလည်းဝတ်လို့မရ၊လမ်းလျှောက် တဲ့ အခါမှာလည်း ဒုက္ခ၊ အိမ်သာ တက်တဲ့ အခါမှာလည်း ဒုက္ခ၊ ဒုက္ခမျိုးစုံ ကြုံနေ ရကြောင်း Las Vegas Review-Journal ကို ဖွင့်ဟ ထား ပါတယ်။"ဒီဒုက္ခကြီးကြောင့် အခန်း ထဲမှာပဲ နေခဲ့ ရပါတယ်၊ ထသွား ထလာ လုပ်ရတာလည်း မလွယ် ကူပါဘူး၊သူများတွေလို ရည်းစားတွေ ထားချင်ပါတယ်" လို့သူက ပြောပါတယ်။

အဆမတန်ကြီးတဲ့ သူ့ ဒုက္ခကြီးကို ခွဲစိတ်ကုသဖို့ အလှူခံနေပါတယ်။

Source: Las Vegas Review Journal

Images: Wesley Warren Jr


ဧရာဝတီဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......