ဂိမ်းထဲမှာတင်အားမရလို့ အပြင်မှာပါ ဖြစ်တဲ့ ရန်ပွဲ

အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ကလေး ၃ ယောက်အဖေဟာ သူရဲ့ကွန်ပျူတာ ဂိမ်းတစ်ခုဖြစ်တဲ့ “Call of Duty : Black Ops” ထဲက ဇာတ်ကောင် အသတ်ခံရလို့ သူ့ဇတ်ကောင်ကို သတ်သွားတဲ့ ဆယ်ကျော်သက်လေးကို သွားပြီး ရန်ရှာလို့ တရားစွဲခံထားရပါတယ်။

အင်္ဂလန် နိုင်ငံ ပလိုင်းမောင့် မှာ နေထိုင် မာ့ခ် ဘရက်ဖို့ဒ် ရဲ့ ကွန်ပျူတာဂိမ်းဇတ်ကောင်ဟာ အသတ်ခံရပါတယ်တဲ့။ ဒီထက်ဆိုးတာက သူ့ဇာတ်ကောင်ကို သတ်သွားတဲ့သူက အသက် ၁၃ နှစ်အရွယ် ချာတိတ်လေးတစ်ယောက်ဖြစ်နေခြင်းပါ။ သူတို့ အင်တာနက်ကနေတစ်ဆင့် ကစားခဲ့ကြတာဖြစ်ပြီး အဲ့ဒီအချိန်မှာ မိုက်ခရိုဖုန်းကတစ်ဆင့် စကားလည်းပြောကြပါတယ်တဲ့။ မာ့ခ်ဟာ ကောင်လေးနေတဲ့နေရာကိုလည်း သိပါသတဲ့။

အဲ့ဒီမှာတင် ချာတိတ်လေးက မာ့ခ်ရဲ့ ဇာတ်ကောင်ကို ပစ်သတ်လိုက်တော့ မာ့ခ်တစ်ယောက်ဒေါသူပုန်ထပြီး ကောင်လေးအိမ်ကိုသွားပြီး လည်ပင်းညှစ်ပါတယ်လို့ ကောင်လေးရဲ့အမေက “Mirror” သတင်းစာကို ပြောပြသွားပါတယ်။ ချာတိတ်လေးကတော့ ခြစ်ရာအနည်းငယ်ထင်သွားပေမယ့် ပြောပြလောက်အောင်တော့ ဒဏ်ရာမရဘူးလို့ဆိုပါတယ်။
မာခ့်ကတော့ တရားရုံးကို “ကျွန်တော့် ဒီချာတိတ်ကို အန္တရာယ်ပေးဖို့ မဟုတ်ပါဘူး၊ သူ့ကို ဆွဲလွဲရုံသက်သက်လေးပါ။ တောင်းလည်းတောင်းပန်ပါတယ် ပြောပြလောက်အောင်တော့ ထိခိုက်မှု့ မဖြစ်သွားပေမယ့် ခုတော့ နောင်တရပါပြီ” လို့ ထွက်ဆိုသွားပါတယ်။
မာခ့်ရဲ့ ရှေ့နေ ထရေစီ ဘေကာ ရဲ့အဆိုအရတော့ “မာခ့်ဟာ ကမူးရှုးထိုးဖြစ်သွားတာပါ၊ သူ့မှာ ဒီလို ရန်ပြုလိုတဲ့ အစီအစဉ်မရှိပါဘူး” လို့ ဆိုပါတယ်။
ချာတိတ်လေးရဲ့အမေကတော့ “ဒီလို ကြီးတောင်ကြီးမားနဲ့ ကလေးလေးကို ဒီလိုလာပြီး အနိုင်ကျင့်ရသတဲ့လားရှင်….. ကလေးလေးတောင်မှ နိုင်အောင်မဆော့နိုင်ရင်လည်း ဂိမ်းမဆော့ဘဲနေပါလားလို့” သတင်းစာကိုပြောသွားပါတယ်။

အော်…. ကလေး ၃ ယောက်အဖေကြီးကလည်း ဂိမ်းလေးရှုံးတာနဲ့ ဒေါသကြီးလိုက်တာ… ကလေးတောင်နိုင်အောင် မဆော့နိုင်ဘူးတဲ့။

 Copy From : http://blog-aunghtut.blogspot.com

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......