ကပ်သီးကပ်သတ် အင်္ဂလိပ် စကားလုံးများ

တာရာမင်းဝေရဲ့ နာမည်ကြီးတဲ့ စာအုပ်တအုပ်ပါခင်ဗျ.. စာအုပ်ထဲက တချို
့စကားလုံးလေးတွေက ကျွန်တော်တို့  အတွက်တော်တော်လေး အသုံးဝင်ပါတယ်….ဒါကြောင့် 
သိပြီးသားသူလဲပြန် အမှတ်ရအောင် မသိသေးတဲ့ သူတွေ လဲကောက်နုတ်သုံးစွဲလို့ ရအောင်
ဒီ Note လေးကိုရေးသားဖော်ပြလိုက်ပါတယ်….

ဆရာတာရာမင်းဝေရဲ့  ၀တ္တုထဲက စကားအသွားအတိုင်းဖော်ပြရမယ်ဆို
ရင် ကျွှန်တော် Notes
ကတော်တော်ရှည် သွားပါလိမ့်မယ်.. ဆိုတော့ ကျွှန်တော်တို
့လိုအပ်တာလေးတွေပဲ…ထုတ်နုတ်ကြည့်ကြရအောင် …၀တ္တုထဲမှာ အသံထွက်
မပါပါဘူး..ဒါပေမဲ့ကျွန်တော် အသံထွက်တွေပါထည့်ပေးထားပါတယ်…ကဲစမယ်..

၁။ဇာတ်တွေထဲမှာ သုံးတဲ့ခရုသင်းကို Conch (kongk/ ခေါ့ ခ်)
ခရုသင်းအခွံတွေလေ့လာတဲ့ ပညာရပ်ကိုတော့ Conchology (ခွန်ခေါ့လော့ဂျီ) လို
့ခေါ်ပါတယ်

၂။ရဟန္တာကို Arhat (အောရဒ်) ၊ တောရကျာင်းကို Cloister (kloi-ster/ ကလွှိုက်စတာ)
ဖြစ်ပြီး
ဈာန်ပျံတာကို Levitation (lev-i-tay-shun'n/ လဗက်တေးရှင်း) ပါ

၃။call girl ဆိုတာတော့သိကြမှာပါ..( ဖုန်းနဲ့ ခေါ်ရတဲ့ ပြည့်တန်ဆာ ကိုပြောတာပါ)

၎။ခိုးရာလိုက်ပြေးတာကတော့ Elope (ih-lohp/ အီလုပ်ပ်) ၊ ကြောရရုံကြံတာကတော့
Philander (fi-lan-dar / ဖီလန်ဒါ) ပါ “ အပျိုရည်ဖျက်”တာကို Deflower
(dih-flor-er/ ဒီဒ်ဖလားဝါး) ၊ “အပျိုရည်ဖျက်ခြင်း” ကိုတော့ Defloration
(ဒပ်ဖလော်ရေးရှင်း) လို့ ခေါ်ပါတယ်

၅။ဝက်ခြံကို Pimple(pim-puh'l / ဖင်ဖဲလ်) ၊ ကြွက်နို့ ကို Wart (wawrt / ၀ါ
့ဒ်) ၊ ဘောက်/ဒက် ကိုတော့ Dandruff (dan-druh'f / ဒဲန်ဒရပ်ဖ်) ပါ။ ၀က်ခြံနဲ
့ဆင်တူတူ Pimp (pimp/ဖင်ပ်) ကတော့ ဇိမ်ခေါင်းပါ ခဗျာ..

၆။ယောက်ချိုဇွန်းကို Ladle (leyd-l / လေဒဲလ်) ပါ စားတော်ကဲကတော့ Chef (shef /
ရှက်ဖ်) ပါ

၇။ငရုတ်ဆုံကို Pestle (peh-uh'l /ဖက်ဆယ်လ်) ၊ ငရုတ်ကျည့်ပွေ့ ကိုတော့ Mortor
(mor-tar / မော်ထာ) ပါ စစ်သုံးတဲ့အမြောက်ငယ်တမျိုးကို လဲ Mortor လို့ ခေါ်ပါတယ်

၈။ထန်းရေကို Toddy (tod-ee / တော့ဒီး ) ပါ

၉။ မန္ဒာလီဘဲ ကို Muscovy duck (muhs-kuh-vee /မတ်စ်ကာဗီး) duck ပါ .
ရှေးခေတ်တုန်းက ရုရှားတွေကို လဲ Muscovy လို့ ခေါ်ကြပါသေးတယ်

၁၀။ စာခြောက်ရုပ်ကိုတော့ Scarecrow (skair-kroh/ စကဲယားခရိုး )
လောက်စလုံးကိုတော့ Pellet (pel-it /ပဲလစ်ဒ်)

၁၁။ သိကြားမင်းကို Indra (in-drun/ အင်ဒရာ) ပါ နတ်သုဒ္ဓါကိုတော့ Nectar(nek-ter
/ နက်ခ်တာ) ဒါမှမဟုတ် Ambrosia (am-broh-zhuh / အမ်ဘရိုရှာ) လို့ ခေါ်ပါတယ်၊
မက်မုန်သီးတမျိုးကိုလည်း Ambrosia လို့ ခေါ် ပါသေးတယ်

၁၂။ သာလိကာလေးကိုတော့ Grackle ( grak-uh'l / ဂရက်ကယ်လ်) ၊ ကတ္တ၀ါ ကိုတော့ 
Cockatoo (kok-uh-too / ကော့ခ် ကတူး) ပါ ၊ အင်း…ဂဠုန်ကိုတော့  Garuda
(ga-uh-dar / ဂရုဒါ) လို့ ပဲမှတ်လိုက်ပါ

၁၃။စက္ကူပန်းကို paper flower လို့ တော့မပြောပါနဲ့  Bougainvillea
(boo-guh'n-vil-ee-uh/ ဘိုဂမ်ဗဲလီယာ) လို့  ခေါ်ပါတယ်

၁၄။ ဘီလူးကိုတော့.. Ogre (oh-ger / အိုဂါး) ပါ… ကျွန်တော်တို
့ဆီကကောင်တွေကတော့  ဘလူးဆိုတော်တော်ကြိုက်ကြသဗျ…

၁၅။နားပူနားဆာ လုပ်တာကို.. Badger (baj-er / ဘက်ဂျာ ) ပါ ခွေးတူဝက်တူကိုလဲ
ဒီအတိုင်းပဲခေါ်ပါတယ်၊ ပတ်ချွဲနပ်ချွဲ လုပ်တာကတော့  Wheedle (hweed-l /
ဝှီးဒိုလ်) ပေါ့ 

၁၆။ ကျို့ ထိုးတာကို Hiccup (hik-uhp / ဟစ်ကပ်ပ်) ၊ လေချဉ်တက်တာကို Belch
(belch/ ဘဲလ်ဂ်ျ) ၊ လေလည်တာ ကတော့  Fart (fahrt / ဖတ်ဖ်ဂ်ျ) ပါ.. Break Wind
လို့ လဲခေါ်နိုင်ပါတယ်

၁၇။ ရယ်တာကတော့ laugh ပေါ့ ဗျာ.. လှောင်ရယ်တာကျတော့  Gibe (jahyb/ ဂျိုက်..ဘ်)
အသံရှည်ဆွဲပြီးပြောရပါတယ်…. SMS ရေးသလို Ha Ha Ha လို့ လဲရေးလို့ ရပါတယ်… Ha
Ha လို့  ၂လုံးထဲတော့  မရေးနဲ့ ဗျ…အဲတာ..ခြံစည်းရိုးတို့ ..တူးမြောင်းတို့ ကို
ပြောတာ…

၁၈။ အနိစ္စ ကို Impermanence (im'par-min-nanse / အင်ပါမန်းနန့် စ်) ဒုက္ခ နဲ့ 
အနတ္တ ကို သိရင် ပြောပေးကြပါဦး ဥပေက္ခာ ကရော..Detachment (dih-tach-muhn't /
ဒီတက်ခ်ျမန့်  ) (၀ါ) Aloof (uh-loof / အလုဖ်) ပါ..

၁၉။ ကာလာအရောင် အမည်တွေကိုရော…ဘယ်လိုခေါ်ကြမလဲ.. တချို
့အရောင်တွေက..မြန်မာလိုပြောရတာ ရှူပ်သားဗျ… အဲဒီတော့ ..ကိုယ်ဟာကိုယ် ပဲ
ရှာပြီးအမည်ပေးကြပေါ့ ဗျာ.. အောက်က Link မှာရှာနိုင်ပါတယ်…

http://en.wikipedia.org/wiki/List_of_colors

၂၀။ ကဲ..sorry ဗျာ… ကျင်ကြီးကို ဘယ်လို ခေါ်လဲ… Ordure (awr-jer/ အောဂျာ) ၊
Excrement (ek-skruh-muh'nt / အက်စ်ခရီုမန့် ) ဒါမှမဟုတ်… Stool (stool /
စတူးရ်) လို့ ခေါ်ပါတယ်…. ၀က်စတူးတို့ .. ကြက်စတူးတို့ 
ကြိုက်တယ်မလား...နောက်တာနော်… စားရတဲ့  ၀က်စတူးကိုတော့  pock stew လို
့ခေါ်ပါတယ်.. ခွေးခြေခုံ ကိုလည်း Stool လို့ ပဲခေါ်ပါတယ်… ခွေးခြေခုံ နဲ
့အပေါက်ခံရရင်… ကျင်ကြီးနဲ့ အပေါက်ခံရသလို ပဲပေါ့ ဗျာ..
 လူဗိုလ်

FWD Mail

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......