မ​​ချောများ​​၏ ဝတ်လစ်စလစ်ပုံများ​​ ကြည့်​​ရှုခြင်း​​ဖြင့်​​ ဦး​​​နှောက်စွမ်း​​​ဆောင်ရည်တိုး​​မြှင့်​​နိုင်

အမျိုး​သား​များ​အတွက် ရည်ရွယ်ချက်မဂ္ဂဇင်း​အဖုံး​တခု © dailymail

နှစ်လိုဖွယ် မိန်း​​က​​လေး​​များ​​၏ ဝစ်လစ်စား​​လစ် ဓာတ်ပုံများ​​ကို ကြည့်​​ရှုခြင်း​​သည် ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်များ​​ကို တိုး​​မြှင့်​​​ပေး​​​ကြောင်း​​ သိရှိရသည်။ သု​​တေသီများ​​က Page 3မှ လှပ​​သော ​​လေဆီ၊​ ကီလီနှင့်​​ ရီအန်တို့​​ကဲ့​​သို့​​ ​​မော်ဒယ်မိန်း​​က​​လေး​​များ​​၏ အဝတ်ဗလာ ဓာတ်ပုံများ​​ကို ပြသပြီး​​ စမ်း​​သပ်ချက်အရ ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်ကို လှုံ့​​​ဆော်​​ပေါ်နိုင်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။


ဦး​​​နှောက်၏ လျှပ်စစ်ဇီဝ စီး​​ဆင်း​​မှုများ​​သည် လှပ၍ ကြည့်​​​ကောင်း​​​သော မိန်း​​က​​လေး​​၊​ ​​ယောက်ျား​​​လေး​​ ဓာတ်ပုံများ​​ကို မြင်ရသည့်​​အခါ ပိုမိုတုံ့​​ပြန်မှု မြန်လာတတ်​​ကြောင်း​​ သိရသည်။ အကယ်၍ ဓာတ်ပုံထဲတွင် ပါ​​သော မိန်း​​က​​လေး​​များ​​ကို ​​ရေကူး​​ဝတ်စုံနှင့်​​ပုံ၊​ သို့​​မဟုတ် အဝတ်အစား​​ အပြည့်​​အစုံနှင့်​​ပုံများ​​ဖြင့်​​ ပြသပါက ဦး​​​နှောက်၏ တုံ့​​ပြန်မှုသည် အဝတ်မပါ​​သော ပုံများ​​တွင် မြင်ရချိန်ထက် ၀.၂ စက္ကန့်​​ ​​နှောင့်​​​နှေး​​​နေတတ်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။

ဖင်လန်နိုင်ငံ တမ်ပီရီ တက္ကသိုလ်မှ ပ​​ရော်ဖက်ဆာ ဂျာရီဟီတာနန်က “ကျွန်​​တော်တို့​​ရဲ့​​ အချက်အလက်​​တွေက အမြင်အာရုံရဲ့​​ နှိုး​​ဆွမှုဟာ ဦး​​​နှောက်ကို သက်​​ရောက်နိုင်တယ်ဆိုတာ ပထမဆုံး​​အကြိမ် လက်​​တွေ့​​ပြနိုင်ခဲ့​​ပါတယ်။ အထူး​​သဖြင့်​​ လိင်နဲ့​​ဆိုင်တဲ့​​ လှုံ့​​​ဆော်မှုဟာ ဦး​​​နှောက်ရဲ့​​ တွက်ချက်မှု မြန်နှုန်း​​ကို သိသိသာသာ ဆက်စပ်သွား​​တယ်ဆိုတာ မြင်ခဲ့​​ပါပြီ”ဟု ​​ပြောကြား​​သွား​​ခဲ့​​သည်။

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......