အွန်လိုင်းကနေ အဖော်ရှာ လိမ်လည်သူကို မိပြီ
အဖမ်းခံလိုက်ရတဲ့ Ohm ကို ရဲတွေ ခေါ်လာတဲ့ပုံ ဖြစ်ပါတယ်။ 
သူနဲ့တွေ့ခဲ့ဖူးတဲ့ အမျိုးသမီးတယောက်ကဆိုရင် သူ့နာမည်နဲ့ Facebook page တခုတောင် လုပ်ထားပါသေးတယ်။ "Hunting Ohm" ဆိုတဲ့ နေရာမှာ သူတို့ ဘယ်လို လှည့်ဖြားခံခဲ့ရကြောင်း အမျိုးသမီးများက ရင်ဖွင့်ထားကြပါတယ် တဲ့။ သူကတော့ အမျိုးသမီး ၁၅ ယောက်လောက်နဲ့ အိပ်ခဲ့တာကိုတော့ ၀န်ခံပါတယ်။
(ဓာတ်ပုံများ- ဘန်ကောက်ပို့စ်)
ဝချင်သူများအတွက်.....
ကိုယ်အလေးချိန်တိုးဖို့ လိုအပ်နေသလားကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခန္ဓာကိုယ်ရှိတာဟာ ကိုယ်အလေးချိန် နည်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မိမိရဲ့အရပ်အမြင်နဲ့ လိုက်လျောညီထွေရှိတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်ဖို့ လိုတာဖြစ်ပါတယ်။
အစားမလျှော့ဘဲ ကိုယ်အလေးချိန် ကျစေမည့်နည်းလမ်းများ
အစားအသောက်ကို အလွန်အမင်း လျှော့စရာ မလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အစားအသောက် မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်း ကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အဖေကိုတရားစွဲတဲ့ စေါဘဦးကြီး” (၁၂.၈.၂၀၁၂ သို့ )
*မှတ်ချက် ။ ….ဒီအကြောင်းလေးကို ၀၄.၀၈.၂၀၁၂ က ဟစ်တိုင် ကိုပေးပို့ ထားခဲ့ပါတယ်။ နေရာအခက်အခဲကြောင့်ထင်ပါရဲ့ ယနေ့ ထိပေါ် မလာ ခဲ့လို.အချိန်မှီအောင်၊ ကိုယ့်FB မှာဘဲတင်လိုက် ပါတယ်။ ဖတ်ရတာတော့ဟိုမှာလိုသိတ်..မစမတ်..ဖူးပေါ့ လေ။
...................................
ကိုယ်အလေးချိန်ကျဆင်းအောင် အိပ်ရေးဝ၀အိပ်ပါ။
အိပ်ရေး မဝတာကြောင့် ငြီးစီစီကြီး ဖြစ်နေတယ် ဆိုတာ ကိုတော့ သိကြပြီး သားပါ။ အခု ဆွီဒင်မှ လေ့လာမှု အသစ် အရ အိပ်ရေး မဝခဲ့ရင် ကယ်လိုရီ လောင် ကျွမ်းနိုင်စွမ်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်း ပြီး ဆာလောင်မှု ဖြစ်စေတဲ့ ဟော်မုန်း Ghrelin ထုတ်လုပ်မှုလည်း   မြင့်တက်လာ နိုင်တယ်လို့ သိရပါတယ်။ ညစဉ် အနည်း ဆုံး ခုနစ်နာရီခန့် အိပ်စက်တာကြောင့် လေးရက်အတွင်း ဇီဝရုပ်ဖြစ်ပျက်နှုန်း   ပြန် လည် ကောင်းမွန်ပြီး ကိုယ်အလေးချိန် ၂၄ ပေါင်ခန့် ကျဆင်းအောင် ကူညီနိုင် တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါ တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင်  အောက်ပါတို့ကို ပြုလုပ်ပေးပါ။
စာဖတ်ခြင်းကြောင့် အကျိုးကျေးဇူး ခံစားကြရသူများ
စာဖတ်သော အယ်ဒီတာ 
 ဆိုဗီယက်ရုရှား ခေတ်ပြောင်းတော်လှန်ရေးကြီးကို ခေါင်းဆောင် အောင်မြင်စေခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင် လီနင်ဟာ သတင်းစာဆရာ၊ ဂျာနယ်အယ်ဒီတာအဖြစ် စာအလွန်ဖတ်သူ   ဖြစ်တယ်။ စာအလွန်ဖတ်ပြီး ဆောင်းပါးတွေလည်း ရေးခဲ့ပါတယ်။ စာဖတ်လွန်းတဲ့ လီနင်ဟာ အမြင်ကျယ်ပါတယ်။
စာဖတ်သောရှေ့နေ
အမေရိကန်သမ္မတပေါင်း (၄၅) ဦးလောက် ရှိတဲ့အနက်မှာ လင်ကင်း(သို့) အေဗရာဟမ်လင်ကွန်း က ဘယ်သှူမှ မယှဉ်သာအောင် လူသေသော်လည်း နာမည်မသေသူ လေးစားချစ်ခင် မြတ်နိုးဖွယ် ပုဂ္ဂိုလ်ထူးကြီး ဖြစ်ပါသည်။ လင်းကင်းရဲ့ စာပေစာမျက်နှာများမှာ ကျောင်းတက်ရက် တစ်နှစ်ခွဲတောင် မရှိဘဲ ကျောင်းစာလည်း ကောင်းကောင်း မသင်ခဲ့ရရှာပါဘူး။ ဒါပေမယ့် စာပေကို အလှမ်းမဝေးဘဲ ရသမျှ လက်လှမ်းမီသမျှ စာတွေကို ဖတ်မှတ်လေ့လာတယ်။ ရှိတ်စပီယားနဲ့ အကျော်အမော် စာဆိုကြီးတွေရဲ့ စာတွေနဲ့ ရင်းနှီးလှတဲ့ လင်ကင်းရဲ့ မိန်ခွန်းတိုင်းက အဆီအသား ပြည့်ဝလှပြီး ပြည်သူ့ဘ၀င် စွဲနေလို့  ဒီနေ့အချိန်အထိ မေ့မရ တသသဖြစ်နေဆဲ ဖြစ်ပါတယ်။
                                  စာကြည့်တိုက်မှူးမှ ဗိုလ်မှူးကြီးအဆင့်သို့ 
 နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကာလအတွင်းမှာ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ကြရပါတယ်။ အဲဒီအခါမှာ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲကို ဟိန္ဒားသတ္တုမိုင်း အလုပ်သမားတစ်ယောက်ဟာ ယိုးဒယားမှ ရန်ကုန်သို့ တိုက်ခိုက်ချီတက်လာတဲ့ စစ်ကြောင်းမှာ ရဲဘော်အဖြစ် ၀င်ရောက်လုပ်ကိုင် လိုက်ပါလာခဲ့တယ်။ သူက ဟိန္ဒားသတ္တုတွင်း အလုပ်သမား စာကြည့်တိုက်မှာ “စာကြည့်တိုက်မှူး စေတနာ့ဝန်ထမ်း” လုပ်တယ်။ သူက အတန်းပညာ ရှစ်တန်း၊ ကိုးတန်းသာ အောင်ပေမယ့် စာဖတ်ဝါသနာထုံတော့ အလွန် စာဖတ်အားကောင်းတယ်။ ဘီအိုင်အေခေတ်မှာ သူဟာ ရာထူးအဆင့်ဆင့် တက်ပြီး အရာရှိ ဖြစ်လာတယ်။ ဗိုလ်ဗထူး ပါ့။ တိုက်ရည်ခိုက်ရည် ထူးထူးချွန်ချွန် ကောင်းတာကြောင့် တပ်ရင်းမှူးရာထူး ပေးအပ်ခြင်း ခံရတယ်။ (ရဲဘော်သုံးကျိပ်ဝင်တွေတောင် တပ်ရင်းမှူးရာထူး မရတဲ့သူတွေ ရှိပါတယ်) ဖက်ဆစ်တော်လှန်ရေးမှာတော့ ဗိုလ်ချူပ်အောင်ဆန်းက ဗိုလ်မှူးကြီးဗထူးကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ကွပ်ကဲ တိုက်ခိုက်စေပါတယ်။ စာဖတ်ခြင်းရဲ့ ကောင်းကျိုး နမူနာလေးပါ ။ ဗိုလ်မှူးကြီးဗထူးလို လူကောင်းလူတော်တွေ ဦးစီးကွပ်ကဲတော့ ဖက်ဆစ်တော်လှန်ရေးကြီးဟာလည်း   ပြည်သူတွေရဲ့ အားပေးကူညီမှုနဲ့ အင်္ဂလိပ်တွေ တအံ့တသြ ဖြစ်ရလောက်အောင်အထိ ရာဇ၀င် စာတင်ခဲ့ရတာပဲပေါ့။
                                       စာဖတ်သော အမျိုးသားခေါင်းဆောင်
သခင်အောင်ဆန်း (သို့) ဗိုလ်ချုပ်အောင်ဆန်းဟာ တိုက်ရေးခိုက်ရေး ရှေတန်းတင် ဦးစားပေးပြီး၊ ရိုးရိုးသားသား၊ အညာသားဆန်ပေမယ် တကယ့် သံတမန် စေ့စပ်ဆွေးနွေးမှု ၊ ရှေ့ဆောင်လမ်းပြနိုင်မှု၊ ဆုံးဖြတ်ချက် တိကျပြတ်သားမှုနဲ့ မြင်ကြားတတ်သိ လွယ်မှုတွေမှာ  ယှဉ်သာသူ မရှိလောက်အောင် ထင်ရှားလှပြီး ယနေ့တိုင် မြန်မာပြည်သူလူထုရဲ့ အမှတ်အသားကိုယ်စားပြု ဖြစ်နေဆဲ ဖြစ်ပါတယ်။ သခင်အောင်ဆန်းရဲ့ ပင်ကိုယ်စရိုက်အဖြစ် ဘုဆတ်ဆတ် ခပ်ပြတ်ပြတ် ပြောဆိုတတ်ပြီး၊ မလိုအပ်လျှင် နှုတ်ဆိတ်နေတတ်သော အမူအကျင့် ရှိသော်လည်း၊ ပြောရေးပြောသင့် ပြောခွင့်ကြုံတဲ့အခါ ထိထိရောက်ရောက်၊ ထက်ထက်မြက်မြက် ရှိလှခြင်းက စာအလွန် ဖတ်ခြင်းကြောင့် ဖြစ်ပါတယ်။ ကိုယ်တိုင် ကဗျာ၊ ၀တ္ထု၊ ဆောင်းပါးများကိုလည်း ရေးသားနိုင်ခဲ့သူ ဖြစ်ပါတယ်။
စာဖတ်သော ထောင်ထွက်အလှူရှင်
   ပခုက္ကူဒေသမှ ထနောင်းကုန်းကျေးရွာအုပ်စု ရှားတောရွာနေ ငယ်အမည် တောခွေး (ခ) မောင်အုံးဖေရဲ့ ဘ၀အစက နွမ်းပါးလှပြီး မြင်းထိန်း၊ ကွမ်းယာသည်၊ ဖောင်သမား၊ ကျပန်းအလုပ်စုံနဲ့  ဓားပြဖြစ်ပြီး   ထောင်သုံးကြိမ် ကျဖူးခဲ့ပါတယ်။ ထောင်တွင်းမှာ ဘ၀သစ်၊ အတွေးသစ်တွေကို စာပေများမှ ရယူပြီး မကောင်းမှုများ စွန့်လို့ သူဌေးသူကြွယ်၊ ကုန်သည်ပွဲစား ဖြစ်ခဲ့ပါတယ်။ ဘ၀မှတ်တမ်းများနဲ့ “ပခုက္ကူဦးအုန်းဖေ” ဆိုတဲ့ ကလောင်တစ်ချောင်းလည်း ပိုင်ဆိုင်ခဲ့ပြီး စာပေရန်ပုံငွေ (၇၆-သန်း)ကျော် နဲ့ ပညာရေးထူးချွန်ဆု ရန်ပုံငွေ (၅၄-သိန်း)ကိုလည်း စာပေမျိုးစေ့ချ လှူဒါန်းပြီး ပရဟိတ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။
စာဖတ်သော အထွေထွေ အတွင်းရေးမှူးချုပ် 
အာရှကုလသမဂ္ဂခေါင်းဆောင် ပထမဦးဆုံး မြန်မာနိုင်ငံမှ သက်တမ်းနှစ်ကြိမ် (၁၀ နှစ် တိတိ) တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်ဟာ ပန်းတနော် အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး စာအလွန်ဖတ်သူတစ်ဦး ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အားလုံးက ကန့်ကွက်မဲမရှိ တညီတညွတ်တည်း   ထောက်ခံရွေးချယ် ခန့်အပ်ခံရခြင်းက စာအရမ်းဖတ်လို့ ကမ္ဘာ့ခေါင်းဆောင်နေရာ ရောက်သွားခဲ့တာပါ။
                                          စာအလွန်ဖတ်သော ၀န်ဇင်းမင်းရာဇာ
မြန်မာရာဇ၀င်များထဲမှ ဘုရင်စိတ်ကျေနပ်သည်အထိ အတိအကျ မှန်ကန်စွာ ဖြေကြားနိုင်ခဲ့လို့ အင်းဝဘုရင် စွာစော်ကဲ လက်ထက်မှ မင်းလေးဆက်တိုင်အောင် ရာထူးချီးမြှင့် ခံခဲ့ရပါတယ်။ ဘိုးရာဇာ လျှောက်ထုံးများဟာ ယနေ့အထိ မှန်ကန်ဆဲ၊ ကိုးကားနေရဆဲလည်း ဖြစ်ပါတယ်။ နန်းတော်မှာလည်း အမတ်ကြီး ဘိုးရာဇာအဖြစ် ရာဇ၀င် ထင်ရှားနေရခြင်းများက စာဖတ်တဲ့ အကျိုးများ ဖြစ်ပါတယ်။
ဆေးလိပ်ဖြတ် မရသူတို့ အတွက် အီလက်ထရွန်း နစ် E စီးကရက်
E စီး ကရက် သုံးစွဲမှု ဟာ ဆေးလိပ် အစားထိုး သောက်သုံး သူများ စွာရဲ့ လက်စွဲ တော်ဖြစ်နေ ပါပြီ။ ကမ္ဘာ ကျော် ရုပ်ရှင်သရုပ်ဆောင်တွေက စပြီး
လူငယ်တွေအဆုံးE စီးကရက်ကို အသုံး ပြုနေကြပါပြီ။ ကျန်းမာရေးအရကော၊ စီးပွားရေး (ဆေးလိပ်သောက်တဲ့အတွက် ကုန်ကျစရိတ်)အရကော၊ အနံ့အသက်ဆိုး တွေမထွက်တာအရကော အဘက်ဘက်မှ အကျိုးရှိတယ်လို့ ပြောဆိုကြပါတယ်။
ငယ်ပါထွားသူတစ်ဦး လေဆိပ်မှာ လုံခြုံရေးကြောင့် အခက်ကြုံ
အမေရိကန်နိုင်ငံတစ်ဝန်း လေကြောင်းခရီးနဲ့ ခရီးသွားလာဖူးသူများ တစ်နိုင်ငံလုံးမှာရှိတဲ့ တင်းကျပ်တဲ့ လေဆိပ်လုံခြုံရေး အကြောင်း တစေ့တစောင်း သိကောင်း သိကြပါလိမ့်မယ်။   လေဆိပ်လုံခြုံရေး အရ နိုင်ငံ့ခေါင်း ဆောင်များနှင့် ထိပ်တန်း အရာရှိကြီး များမှအပ ကျန် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ နှင့် ကလေးပါမကျန် ခရီးသွား အားလုံးဟာ မိမိတို့ဝတ်ဆင်လာတဲ့ ဖိနပ် နဲ့ ပိုက်ဆံအိတ်ကအစ ခါးပတ် အဆုံး ပါသမျှကို X-ray Scanner နဲ့ စစ်ဆေးခံကြရပါတယ်။ အခန့်မသင့်လို့ သံသယရှိရင်တော့ ကိုယ်လုံးပေါ် Scanner နဲ့ ထပ်မံ စစ်ဆေးခံရပါဦးမယ်။ ဒီ့ထက်ပိုပြီး သင်္ကာမကင်းဖြစ်ရင်တော့ လှန်လှောပြီး စစ်ဆေးခံရပါလေဦးမယ်။
ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်တဲ့ အမျိုးသမီး
ချန်ဝီရီး ဆိုသော ထိုင်ဝမ်မှ အမျိုးသမီး သည်  မိတ်ဆွေ အယောက် ၃၀ နှင့်အတူ သူမ၏ မင်္ဂလာပွဲ ကျင်းပရန် မင်္ဂလာခန်းမ ငှါးရမ်းလိုက်ပါသည်။ သို့သော် ဤမင်္ဂလာဆောင်အတွက် သတိုးသား မရှိပါ။ သူမမိမိကိုယ်မိပြန်လက်ထပ်မည်ဖြစ်သည်။
အင်တာနက်ပေါ်က သဇင်
မြန်မာပြည်က ပြည်သူ့အချစ်တော် အဆိုတော် ရုပ်ရှင်သရုပ်ဆောင် သဇင်တယောက် အင်တာနက်စာမျက်နှာပေါ်မှာ သတင်းကြီးလို့နေပါပြီ။
သူ့ရဲ့ ပျော်ပါးဖေါ်နဲ့ အပိုင်း(၁)၊ အပိုင်း(၂) ဗွီဒီယိုဖိုင်ထွက်ရှိလာပြီးနောက် ယခုရက်ပိုင်းမှာပဲ အပိုင်း(၃) ဆိုပြီး ထွက်ရှိလာပါပြီ။
ပထမတုန်းက ဟိုတယ်က ခိုးရိုက်တယ်လို့ ဆိုကြပေမဲ့ သူ့ရဲ့ ဗွီဒိယိုဖိုင်(၃)ခုစလုံးကို ကြည့်မယ်ဆိုရင် သူ့ရဲ့ ပျော်ပါးဖေါ်အမျိုးသားက ရိုက်ကူးထားတယ်ဆိုတာ ထင်ရှားသွားမှာပါ။
သဇင်ကိုယ်တိုင်က ဒါက အိမ်ထောင်ရေး ဖေါက်ပြန်တာ မဟုတ်တဲ့အတွက် အိမ်ထောင်ရေးကို မထိခိုက်နိုင်ပါဘူး၊ အော်စီမှာ တခါထပ်ပြီး မင်္ဂလာဆောင်ဦးမယ်လို့  First News ဂျာနယ်မှာ အတိအလင်း
ဆိုလာပါတယ်။
ဒါကြောင့် ဒီဗွီဒီယိုဖိုင်ဟာ အိမ်ထောင်မကျခင်တုန်းက ရိုက်ကူးထားတယ်လို့ ယူဆလို့ရပါတယ်။
ဘာပဲဖြစ်ဖြစ် လက်ရှိသဇင့်ယောကျာင်္းက သဘောထားကြီးစွာနဲ့ ခွင့်လွှတ်နားလည်ပေးနိုင်ပေမဲ့ ပတ်ဝန်းကျင်နဲ့ နေထိုင်ရတဲ့ ယဉ်ကျေးတဲ့ လူးအဖွဲ့အစည်းထဲက သူ့အသိုင်းအ၀ိုင်း၊ ဆွေမျိုးရင်းချာတွေက လက်ခံနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
တချို့က သဇင်ဟာ ယောကျာင်္းသားတွေ အနားကမခွာနိုင်အောင် ဆွတ်ပျံ့ကြည်နူးဖွယ် သာယာမှုအထွတ်အထိပ်ကို ပေးနိုင်စွမ်းအရှိဆုံး မြန်မာအမျိုးသမီးရယ်လို့လည်း ချီးကျူးထောပနာပြုကြပါတယ်။
သဇင်ရဲ့ အပိုင်း(၃)ဗီဒီယို ဖိုင်ကိုတော့ မတင်ပေးတော့ပါဘူး။
စိတ်ဝင်စားတယ်ဆိုရင် ကိုယ်ဘာသာ လိုက်ရှာပြီး ကြည့်စေချင်ပါတယ်။
ဧရာမရင်သားအလှပိုင်ရှင်
ယောကျာင်္းလေးတွေကို ဆွဲဆောင်နိုင်တဲ့ အမျိုးသမီးတွေရဲ့ အလှအပတွေထဲမှာ ရင်သားအလှလည်း ပါဝင်ပါတယ်။ 
 အမျိုးသမီးတွေရဲ့ ဆယ်ကျော်သက်ရင်သားအလှကတော့ဆွဲဆောင်မှု အရှိဆုံးလို့ ပြောလို့ရပါတယ်။
ဒါကြောင့်လည်း ဆယ်ကျော်သက်ကိုကျော်လွန်လာတဲ့အခါ ပုံစံမကျတော့တဲ့ ရင်သားတွေကို ခေတ်ပေါ် နည်းစံနစ်တွေနဲ့ ပြင်ဆင်ကြတာကိုလည်း ကြားဖူးကြမှာပါ။
 မြန်မာပြည်မှာလည်း အမျိုးသမီးတွေရဲ့ လုံးဝန်းလှပတဲ့ ရင်သားအလှကို ထုတ်ဖေါ်လှစ်ဟပြနေကြပါပြီ။ 
ဥရောပမှာတော့ ရင်သားအလှကို ပြစားတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။
အခုဖေါ်ပြမဲ့ ဧရာမရင်သားအလှပိုင်ရှင်ကတော့ ဂျာမဏီနိုင်ငံက ဘီရှိုင်း ဆိုတဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။
ကြိုက် လိင်မှုဆိုင်ရာ အနုပညာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေပါတယ်...
ကျူပီအာအသင်းနှင့် မန်ယူကွင်းလယ်ကစားသမား ပက်ဂျီဆန်စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့*
(လန်ဒန်၊ ဇူလိုင် ၈)
မန်ယူကွင်းလယ်ကစားသမား ပက်ဂျီဆန်သည် အပြောင်းအရွှေ့ရာသီမပိတ်မီ ကျူပီအာအသင်းနှင့် စာချုပ် ချုပ်ဆိုရန်သဘောတူညီခဲ့ကြကြောင်း ဇူလိုင် ၈ ရက် အားကစားသတင်းတစ်ရပ်က ဖော်ပြသည်။
ကျူပီအာအသင်းသည် တောင် ကိုရီးယားကြယ်ပွင့် ပက်ဂျီဆန်အားပြောင်းရွှေ့ ကြေးပေါင် ၅ သန်းဖြင့် စာချုပ် ချုပ်ဆိုမည်ဟု ဆိုထားသော်လည်းကျူပီအာအသင်းအနေဖြင့် အသက် ၃၁ နှစ်အရွယ်ရှိ မန်ယူကွင်းလယ်ကစားသမား ပက်ဂျီဆန်အား ပထမဦးစွာ အနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးပေါင်နှစ်သန်းပေးမည်ဟု ဆိုသည်။
မန်ယူနှင့် တောင်ကိုရီးယားကြယ်ပွင့်ပက်ဂျီဆန်သည် ၂ဝဝ၅ ခုနှစ်တွင် PSV Eindhoven အသင်းမှ အိုးထရက်ဖို့ဒ်သို့ရောက်ရှိခဲ့ပြီး မန်ယူအသင်းအတွက် ပရီမီယာလိဂ်ပြိုင်ပွဲပေါင်း ၁၃၃ ပွဲ ကစားပေးခဲ့သူလည်းဖြစ်သည်။
ထို့ပြင် ကွင်းလယ်ကစားသမားပက်ဂျီဆန်သည် မန်ယူအသင်းနှင့်အတူ ပရီမီယာလိဂ်ဖလားလေးကြိမ်နှင့် ချန်ပီယံလိဂ်ဖလားတစ်ကြိမ်တို့ကို ရရှိအောင်လည်း စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။
တောင်ကိုရီးယားကြယ်ပွင့် ပက်ဂျီဆန် သည် ၄င်း၏ ကြေးစားဘောလုံးသမားဘဝကို ဂျပန်ကလပ် Kyoto Purple Sanga အသင်းတွင် စတင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂ဝဝ၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ပါဝင်ကစားခဲ့သည်။
ကျူပီအာအသင်းနှင့် ပက်ဂျီဆန်တို့သည် စာချုပ်ရန် သဘောတူညီထားသော် လည်း အပြီးသတ်ခေါ်ယူမှုနှင့် ပတ်သက်၍အပြောင်းအရွှေ့ရာသီ ပိတ်ခါနီးမှသာ အတည်ပြုနိုင်ဖွယ်ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။ (အင်တာနက်)
MR.BEAN နဲ့ လက်ထပ်ပွဲ
ရယ်မောခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေပြီး ဆေးတပါးလည်း ဖြစ်ပါတယ်။ မစ္စတာ ဘီးန်း နဲ့ မင်္ဂလာပွဲကို ကြည့်ရှု့ အားပေးရင်း ဘ၀ အမောတွေ ပြောလျော့ပြီး ရယ်မောနိုင်ပါစေ။
ဆေးလိပ်စွဲနေသည့် အင်ဒိုနီးရှားမှ မျောက်ဝံအား ဆေးလိပ်ဖြတ်ရန် ကြိုးပမ်း
တိုရီဆိုတာကတော့ အကျင့်ဆိုးတစ်ခု စွဲနေတဲ့ ဆယ်ကျော်သက် တစ်ဦးပါပဲ။ စွဲနေတဲ့ အကျင့်ဆိုးကလည်း ဆေးလိပ်ကြိုက်တဲ့ အကျင့်ဖြစ်ပါတယ်။ ဒါပေမယ့် တိုရီဟာ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ အသက် ၁၅ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံရှိ တိရိစ္ဆာန်ရုံထဲက အိုရန်ဂူတန် မျောက်မျိုးနွယ်ဝင် မျောက်ဝံမ တစ်ကောင်ပင် ဖြစ်ပါတော့သည်။
သူမ ဆေးလိပ်စွဲနေသည်မှာ ဆယ်စုနှစ်တစ်ခုပင် ရှိနေပြီဖြစ်ပြီး ယခုအခါတွင်တော့ တိရိစ္ဆာန်ရုံ တာဝန်ရှိသူများက တိုရီအား ဆေးလိပ်ဖြတ်ရန် ကြိုးပမ်းတော့မည်ဟု သိရှိရသည်။
တိုရီ ဆေးလိပ်စွဲသွားရသည့် အဓိက အကြောင်းရင်းမှာ စည်းကမ်းမရှိသည့် လူအများက လှောင်အိမ်အတွင်း ဆေးလိပ်တိုများ ပြစ်ပေးကာ အကျင့်ဖျက်ခဲ့ခြင်း ဖြစ်သည်။ ထိုသူများက နောက်ပြောင်ပြီး ဓါတ်ပုံရိုက်လိုစိတ်ဖြင့် ယခုကဲ့သို့ ပြုလုပ်ခဲ့သော်လည်း တိုရီမှာမူ အမှန်တကယ်ပင် ဆေးလိပ်စွဲသွားခဲ့ရပြီး ယခုအခါတွင် အသက်အန္တရာယ်အတွက် စိုးရိမ်လာရပြီဖြစ်သည်။
တိုရီသည် ဆေးလိပ်အား လူတစ်ဦးကဲ့သို့ ကျွမ်းကျင်စွာ သုံးစွဲတတ်ပြီး၊ လက် ၂ ချောင်းဖြင့် ဆေးလိပ်အားညှပ်ကာ ရှုရှိုက်သွင်းပြီးနောက် နှာခေါင်းမှလည်း ပြန်ထုတ်တတ်သည်။ ယင်းကြောင့် တိုရီသည် တိရိစ္ဆာန်ရုံလာ ပရိသတ်ကြီး၏ အသည်းစွဲလည်း ဖြစ်နေခဲ့သည်။
သို့သော်လည်း ယခုအခါတွင် တာဝန်ရှိသူများက သူမအား လူအများနှင့် အလွယ်တကူ မထိတွေ့နိုင်သည့် သီးခြားခြံဝန်းအတွင်းသို့ ပြောင်းရွှေ့တော့မည်ဖြစ်သည်။ ယင်းခြံဝန်း၌ တိုရီအပါအဝင် မျိုးတုန်းလုဖြစ်နေသည့် အိုရန်ဂူတန် မျောက်မျိုးစုဝင် အခြားမျောက် ၃ ကောင်နှင့်အတူ နေထိုင်ရမည်ဖြစ်သည်။
ထိုနည်းတူ မကြာမီ ရက်ပိုင်းအတွင်း သူမ၏ ကျန်းမာရေး အခြေအနေ စစ်ဆေးထားမှု အဖြေအား ရရှိမည်ဖြစ်ပြီး ဆေးလိပ်သောက်သုံးမှုက သူမ၏ ကျန်းမာရေးအား မည်မျှထိခိုက်စေပြီး ဖြစ်သည်ကို သိရှိရမည်ဖြစ်သည်။
မကြာသေးမီ ကာလအတွင်းကလည်း စည်းကမ်းမဲ့ ပြည်သူအချို့က နောက်ပြောင်ပစ်ပေါက်ခဲ့သည့် ပလတ်စတစ် ရေသန့်ဘူးများအား မျိုချခဲ့မိသည့် သစ်ကုလားအုပ်ကြီး တစ်ကောင်မှာလည်း အင်ဒိုနီရှားရှိ Surabaya တိရိစ္ဆာန်ရုံတွင် သေဆုံးခဲ့ရသည်။ ယင်း၏ ဝမ်းဗိုက်အတွင်းက ကီလို ၃၀ ခန့်ရှိ ပလတ်စတစ် အလုံးကြီးအား ခွဲစိတ်တွေ့ရှိခဲ့ရသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆေးလိပ်ရောင်းချမှုအား ထိန်းချုပ်တားမြစ်မှု အနည်းဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အင်ဒိုနီးရှားရှိ အမျိုးသားဦးရေ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ အပါအဝင် လူဦးရေ စုစုပေါင်း၏ ၃ ပုံ ၁ ပုံမှာလည်း မှာ ဆေးလိပ်သောက်သုံးသည်ဟု သိရှိရသည်။
မိန်းမ တစ်ယောက်ရဲ့ အသက်ကို ဘယ်လို ခန့်မှန်းသလဲ
အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင် သွားပြီး မျက်နှာပေါ်က အရေးအကြောင်း   တွေကို ပြုပြင်လိုက်တယ်။
ဒေါ်လာ ငါးထောင်လောက် သုံးပစ်လိုက်ရပေမဲ့ အင်မတန် အကျိုးထူးတဲ့ ရလာဒ် ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက် သေးတယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။
နိုင်ငံရေး ဆိုတာက........
ပွင့်လင်းစပြုလာသောမြန်မာနိုင်ငံမှာ နိုင်ငံရေးအကြောင်းကို လူတော်တော်များများ online မှာသာမက offline ပါ ပြောရဲဆိုရဲနေကြပါပြီ၊ ဒီလိုပြောကြ ဆိုကြ ငြင်းကြ ခုံကြတာဟာ အချက်အလက်နဲ စဉ်းစားတွေးတောဆရာတွေ ပွါးစေပါတယ်။ ဘာပဲဖြစ်ဖြစ် ဝါရင့်နိုင်ငံရေးသမားကြီးတွေရဲ့ အတွေ့အကြုံ နဲ့ ယှဉ်ပြီး ပြောပြထားသော  နိုင်ငံရေးဆိုတာ.... definition တွေကိုပြန်လည် ဝေမျှလိုက်ပါတယ်။ FWD Mail တစောင်ပါ၊ ဘာသာပြန်သူကိုမသိပါ.။ တွေးနိုင်ကြပါစေ။