ဝချင်သူများအတွက်.....



ကိုယ်အလေးချိန်တိုးဖို့ လိုအပ်နေသလားကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခန္ဓာကိုယ်ရှိတာဟာ ကိုယ်အလေးချိန် နည်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မိမိရဲ့အရပ်အမြင်နဲ့ လိုက်လျောညီထွေရှိတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်ဖို့ လိုတာဖြစ်ပါတယ်။


ကိုယ်အလေးချိန် လျော့နည်းခြင်းဆိုသည်မှာ
လေ့လာမှုတွေအရ လူတွေမှာ ကိုယ်အလေးချိန်က ပုံမှန် အတိုင်းအတာအတွင်း ရှိနေရင် အသက်ရှည်ရှည် နေရနိုင်ပြီးအကောင်းဆုံး ကျန်းမာရေးကို ရရှိစေတယ်လို့ သိရပါတယ်။ ကိုယ်အလေးချိန် လျော့နည်းပါက ကျန်းမာရေးအန္တရာယ်ရှိနိုင်ပါတယ်။ သင့်အနေနဲ့ ကိုယ်အလေးချိန် ပုံမှန်အောက် လျော့နည်းပြီး ပိန်နေသလားဆိုတာကို ဆန်းစစ်နိုင်ဖို့ခန္ဓာကိုယ် ထုထည်အညွှန်းကိန်း (BMI) ကို တိုင်းတာပြီး စစ်ဆေးရပါမယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့အဆိုအရ BMI က ၁၈ ဒသမ ၅ အောက်ဆိုရင် ကိုယ်အလေးချိန် နည်းတယ်လို့ သတ်မှတ်ထားပါတယ်။

ကိုယ်အလေးချိန် လျော့နည်းပါက ဘာဖြစ်တတ်သလဲ
လူအများစုအတွက် ကိုယ်အလေးချိန် လျော့နည်းပါက အရိုးတွေ သန်စွမ်းမှု လျော့နည်းနေတတ်ပါတယ်။ နောက်တစ်ချက် အနေနဲ့ နာမကျန်း ဖြစ်လွယ်တာပါ။ ပိန်လွန်းတာဟာ အမျိုးသမီးတစ်ဦးရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ တကယ်လို့ ကိုယ်အလေးချိန် လျော့နည်းပြီး အမြဲလိုလို ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရရင် အခြေခံကျန်းမာရေး ပြဿနာတွေ ရှိ၊ မရှိ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ တချို့သူတွေမှာ ပိန်ပေမယ့် ဗိုက်အဆီတွေရှိပြီးခါးတုတ် နေတတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် BMI တစ်ခုတည်းကို ကြည့်လို့မရပါဘူး။ ခါးကိုပါ တိုင်းကြည့်ဖို့ လိုပါတယ်။ ခါးအတိုင်းအတာက အာရှလူမျိုးတွေမှာ အမျိုးသားတွေဆိုရင် ၃၆ လက်မထက် မကျော်သင့်သလို အမျိုးသမီးတွေဆိုရင် ၃၁ လက်မထက် မကျော်သင့်ပါဘူး။ ကိုယ်အလေးချိန် နည်းပေမယ့် ဗိုက်ပူ ခါးတုတ်နေရင်လည်း ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီ များတာ၊ ကောင်းတဲ့အဆီ (HDL) လျော့နည်းတာ၊မကောင်းတဲ့ ထရိုင်ဂလစ်စရိုက် အဆီမြင့်တက်တာ စတာတွေ ဖြစ်နိုင်ခြေ ရှိပါတယ်။

တချို့လူတွေက ဘာကြောင့် ခန္ဓာကိုယ် သွယ်လျနေရတာလဲ
စွမ်းအင်မျှတမှု ရှိတာကြောင့် ခန္ဓာကိုယ် သွယ်လျနေရတာ ဖြစ်ပါတယ်။ ဆိုလိုတာက သူတို့ရဲ့ ကယ်လိုရီ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ပမာဏကိုပဲ စားလေ့ရှိတာကြောင့်ပါ။ နောက်တစ်ချက်က မျိုးရိုးဗီဇ လိုက်တာပါ။ အစာစားချင်တဲ့ ဆန္ဒကပုံမှန်အတိုင်း တစ်သမတ်တည်း ရှိနေတာနဲ့ သူတို့စားတဲ့ ပမာဏနဲ့ လှုပ်ရှားတဲ့ အတိုင်းအတာ ညီမျှမှု ရှိတာတို့ကြောင့်ခန္ဓာကိုယ် သွယ်လျရတာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန် မြင့်တက်အောင် ဘယ်လိုလုပ်သင့်ပါသလဲ
လောင်ကျွမ်းတဲ့ ကယ်လိုရီထက် ပိုမိုစားသုံးဖို့ လိုပါတယ်။ ဒါ့အပြင် ကြွက်သားထုထည် မြင့်တက်စေမယ့် လေ့ကျင့်ခန်းတွေကိုလည်း ပူးတွဲ လုပ်ဆောင်ပေးရပါမယ်။ တစ်လမှာ နှစ်ဒသမနှစ်ပေါင် (တစ်ကီလိုဂရမ်) လောက် မြင့်တက်လာဖို့ရည်ရွယ်ချက်ထားပြီး ကြိုးစားသင့်ပါတယ်။ ဒီလိုမြင့်တက်ဖို့ အတွက် မျှတတဲ့အစာကို တစ်နေ့ 300 kcal မှ 350 kcalအထိ စားပေးဖို့ လိုပါတယ်။ သင်ရဲ့ အစာစားတဲ့ပုံစံကို သိနိုင်အောင် ဒိုင်ယာရီတစ်ခု ထားရှိပြီး နှစ်ပတ်လောက် ရေးမှတ်ထားပါ။ အဲဒီဒိုင်ယာရီကို ကြည့်ပြီးမှ ကယ်လိုရီ ပိုရအောင် စားသင့်သလား ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။နံနက်စာအနေနဲ့ ခါတိုင်းစားနေကြ အစားအသောက်အပြင် ပေါင်မုန့်တစ်ချပ်၊ စပျစ်သီး ဖျော်ရည်တစ်ခွက်၊ အာလူးဒါမှမဟုတ် ထမင်း ဒါမှမဟုတ် ခေါက်ဆွဲတစ်ဇွန်းကို ပိုစားပေးပါ။ လေ့ကျင့်ခန်း လုပ်တာက ကယ်လိုရီကို လောင်ကျွမ်း
စေပေမယ့် အရိုးတွေ သန်မာဖို့နဲ့ ကြွက်သားထုထည် အားကောင်းဖို့အတွက် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ တစ်နေ့မိနစ် ၃၀ နဲ့ တစ်ပတ်မှာ ငါးရက်လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။ အလွန်အမင်း လုပ်စရာမလိုပါ။ ဖြည်းဖြည်းနဲ့မှန်မှန်လုပ်ဆောင်ကာ အနားများများ ယူပေးဖို့ လိုပါတယ်။


FWD Mail

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......