စာဖတ်သော အယ်ဒီတာ
ဆိုဗီယက်ရုရှား ခေတ်ပြောင်းတော်လှန်ရေးကြီးကို ခေါင်းဆောင် အောင်မြင်စေခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်
လီနင်ဟာ သတင်းစာဆရာ၊ ဂျာနယ်အယ်ဒီတာအဖြစ် စာအလွန်ဖတ်သူ ဖြစ်တယ်။ စာအလွန်ဖတ်ပြီး ဆောင်းပါးတွေလည်း ရေးခဲ့ပါတယ်။ စာဖတ်လွန်းတဲ့ လီနင်ဟာ အမြင်ကျယ်ပါတယ်။
စာဖတ်သောရှေ့နေ
အမေရိကန်သမ္မတပေါင်း
(၄၅) ဦးလောက် ရှိတဲ့အနက်မှာ
လင်ကင်း(သို့) အေဗရာဟမ်လင်ကွန်း က ဘယ်သှူမှ
မယှဉ်သာအောင် လူသေသော်လည်း နာမည်မသေသူ လေးစားချစ်ခင် မြတ်နိုးဖွယ်
ပုဂ္ဂိုလ်ထူးကြီး ဖြစ်ပါသည်။ လင်းကင်းရဲ့ စာပေစာမျက်နှာများမှာ
ကျောင်းတက်ရက် တစ်နှစ်ခွဲတောင် မရှိဘဲ ကျောင်းစာလည်း ကောင်းကောင်း
မသင်ခဲ့ရရှာပါဘူး။ ဒါပေမယ့် စာပေကို အလှမ်းမဝေးဘဲ ရသမျှ လက်လှမ်းမီသမျှ
စာတွေကို ဖတ်မှတ်လေ့လာတယ်။ ရှိတ်စပီယားနဲ့ အကျော်အမော် စာဆိုကြီးတွေရဲ့
စာတွေနဲ့ ရင်းနှီးလှတဲ့ လင်ကင်းရဲ့ မိန်ခွန်းတိုင်းက အဆီအသား ပြည့်ဝလှပြီး
ပြည်သူ့ဘ၀င် စွဲနေလို့  ဒီနေ့အချိန်အထိ မေ့မရ တသသဖြစ်နေဆဲ ဖြစ်ပါတယ်။
စာကြည့်တိုက်မှူးမှ ဗိုလ်မှူးကြီးအဆင့်သို့
နယ်ချဲ့ဆန့်ကျင်ရေး
တိုက်ပွဲကာလအတွင်းမှာ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ကြရပါတယ်။ အဲဒီအခါမှာ
ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲကို ဟိန္ဒားသတ္တုမိုင်း အလုပ်သမားတစ်ယောက်ဟာ
ယိုးဒယားမှ ရန်ကုန်သို့ တိုက်ခိုက်ချီတက်လာတဲ့ စစ်ကြောင်းမှာ ရဲဘော်အဖြစ်
ဝင်ရောက်လုပ်ကိုင် လိုက်ပါလာခဲ့တယ်။ သူက ဟိန္ဒားသတ္တုတွင်း အလုပ်သမား
စာကြည့်တိုက်မှာ “စာကြည့်တိုက်မှူး စေတနာ့ဝန်ထမ်း” လုပ်တယ်။ သူက အတန်းပညာ
ရှစ်တန်း၊ ကိုးတန်းသာ အောင်ပေမယ့် စာဖတ်ဝါသနာထုံတော့ အလွန်
စာဖတ်အားကောင်းတယ်။ ဘီအိုင်အေခေတ်မှာ သူဟာ ရာထူးအဆင့်ဆင့် တက်ပြီး အရာရှိ
ဖြစ်လာတယ်။
ဗိုလ်ဗထူး ပေါ့။ တိုက်ရည်ခိုက်ရည် ထူးထူးချွန်ချွန်
ကောင်းတာကြောင့် တပ်ရင်းမှူးရာထူး ပေးအပ်ခြင်း ခံရတယ်။
(ရဲဘော်သုံးကျိပ်ဝင်တွေတောင် တပ်ရင်းမှူးရာထူး မရတဲ့သူတွေ ရှိပါတယ်)
ဖက်ဆစ်တော်လှန်ရေးမှာတော့ ဗိုလ်ချူပ်အောင်ဆန်းက ဗိုလ်မှူးကြီးဗထူးကို
မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ကွပ်ကဲ တိုက်ခိုက်စေပါတယ်။
စာဖတ်ခြင်းရဲ့ ကောင်းကျိုး နမူနာလေးပါ ။ ဗိုလ်မှူးကြီးဗထူးလို
လူကောင်းလူတော်တွေ ဦးစီးကွပ်ကဲတော့ ဖက်ဆစ်တော်လှန်ရေးကြီးဟာလည်း
ပြည်သူတွေရဲ့ အားပေးကူညီမှုနဲ့ အင်္ဂလိပ်တွေ တအံ့တသြ ဖြစ်ရလောက်အောင်အထိ
ရာဇ၀င် စာတင်ခဲ့ရတာပဲပေါ့။
စာဖတ်သော အမျိုးသားခေါင်းဆောင်
သခင်အောင်ဆန်း
(သို့) ဗိုလ်ချုပ်အောင်ဆန်းဟာ တိုက်ရေးခိုက်ရေး ရှေတန်းတင် ဦးစားပေးပြီး၊
ရိုးရိုးသားသား၊ အညာသားဆန်ပေမယ် တကယ့် သံတမန် စေ့စပ်ဆွေးနွေးမှု ၊
ရှေ့ဆောင်လမ်းပြနိုင်မှု၊ ဆုံးဖြတ်ချက် တိကျပြတ်သားမှုနဲ့ မြင်ကြားတတ်သိ
လွယ်မှုတွေမှာ ယှဉ်သာသူ မရှိလောက်အောင် ထင်ရှားလှပြီး ယနေ့တိုင်
မြန်မာပြည်သူလူထုရဲ့ အမှတ်အသားကိုယ်စားပြု ဖြစ်နေဆဲ ဖြစ်ပါတယ်။
သခင်အောင်ဆန်းရဲ့ ပင်ကိုယ်စရိုက်အဖြစ် ဘုဆတ်ဆတ် ခပ်ပြတ်ပြတ်
ပြောဆိုတတ်ပြီး၊ မလိုအပ်လျှင် နှုတ်ဆိတ်နေတတ်သော အမူအကျင့် ရှိသော်လည်း၊
ပြောရေးပြောသင့် ပြောခွင့်ကြုံတဲ့အခါ ထိထိရောက်ရောက်၊ ထက်ထက်မြက်မြက်
ရှိလှခြင်းက စာအလွန် ဖတ်ခြင်းကြောင့် ဖြစ်ပါတယ်။ ကိုယ်တိုင် ကဗျာ၊ ၀တ္ထု၊
ဆောင်းပါးများကိုလည်း ရေးသားနိုင်ခဲ့သူ ဖြစ်ပါတယ်။
စာဖတ်သော ထောင်ထွက်အလှူရှင်
ပခုက္ကူဒေသမှ
ထနောင်းကုန်းကျေးရွာအုပ်စု ရှားတောရွာနေ ငယ်အမည် တောခွေး (ခ)
မောင်အုံးဖေရဲ့ ဘ၀အစက နွမ်းပါးလှပြီး မြင်းထိန်း၊ ကွမ်းယာသည်၊ ဖောင်သမား၊
ကျပန်းအလုပ်စုံနဲ့  ဓားပြဖြစ်ပြီး ထောင်သုံးကြိမ် ကျဖူးခဲ့ပါတယ်။
ထောင်တွင်းမှာ ဘ၀သစ်၊ အတွေးသစ်တွေကို စာပေများမှ ရယူပြီး မကောင်းမှုများ
စွန့်လို့ သူဌေးသူကြွယ်၊ ကုန်သည်ပွဲစား ဖြစ်ခဲ့ပါတယ်။ ဘ၀မှတ်တမ်းများနဲ့
“
ပခုက္ကူဦးအုန်းဖေ” ဆိုတဲ့ ကလောင်တစ်ချောင်းလည်း ပိုင်ဆိုင်ခဲ့ပြီး
စာပေရန်ပုံငွေ (၇၆-သန်း)ကျော် နဲ့ ပညာရေးထူးချွန်ဆု ရန်ပုံငွေ
(၅၄-သိန်း)ကိုလည်း စာပေမျိုးစေ့ချ လှူဒါန်းပြီး ပရဟိတ အောင်မြင်ခဲ့သူ
ဖြစ်ပါတယ်။
စာဖတ်သော အထွေထွေ အတွင်းရေးမှူးချုပ်
အာရှကုလသမဂ္ဂခေါင်းဆောင်
ပထမဦးဆုံး မြန်မာနိုင်ငံမှ သက်တမ်းနှစ်ကြိမ် (၁၀ နှစ် တိတိ)
တာဝန်ထမ်းဆောင်ခဲ့သူ
ဦးသန့်ဟာ ပန်းတနော် အမျိုးသားကျောင်းမှ
ကျောင်းဆရာတစ်ဦးဖြစ်ပြီး စာအလွန်ဖတ်သူတစ်ဦး ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ
အားလုံးက ကန့်ကွက်မဲမရှိ တညီတညွတ်တည်း ထောက်ခံရွေးချယ် ခန့်အပ်ခံရခြင်းက
စာအရမ်းဖတ်လို့ ကမ္ဘာ့ခေါင်းဆောင်နေရာ ရောက်သွားခဲ့တာပါ။
စာအလွန်ဖတ်သော ၀န်ဇင်းမင်းရာဇာ
မြန်မာရာဇ၀င်များထဲမှ
ဘုရင်စိတ်ကျေနပ်သည်အထိ အတိအကျ မှန်ကန်စွာ ဖြေကြားနိုင်ခဲ့လို့ အင်းဝဘုရင်
စွာစော်ကဲ လက်ထက်မှ မင်းလေးဆက်တိုင်အောင် ရာထူးချီးမြှင့် ခံခဲ့ရပါတယ်။
ဘိုးရာဇာ လျှောက်ထုံးများဟာ ယနေ့အထိ မှန်ကန်ဆဲ၊ ကိုးကားနေရဆဲလည်း
ဖြစ်ပါတယ်။ နန်းတော်မှာလည်း
အမတ်ကြီး ဘိုးရာဇာအဖြစ် ရာဇ၀င်
ထင်ရှားနေရခြင်းများက စာဖတ်တဲ့ အကျိုးများ ဖြစ်ပါတယ်။