ထိပ်ပြောင်ခြင်းအကြောင်း သိကောင်းစရာများ

ထိပ်ပြောင်နေတဲ့ ဦးဦးကြီးတွေကိုရော ထိပ်ပြောင် ခြင်းအကြောင်း သိကောင်းစရာလေးတွေကို သိအောင်ပြောပြမယ်နော်။

 



ထိပ်ပြောင်ရခြင်း အကြောင်းရင်းများ


 



Genes

ထိပ်ပြောင်တာက မျိုးရိုးလိုက်တာလို့ သိထားကြတယ်ဟုတ်။ တကယ်လည်း မျိုးရိုးလိုက်ပါတယ်။  အဖေက ထိပ်ပြောင်ရင် ဒါမှမဟုတ် အဘိုးက ထိပ်ပြောင်ရင် ကိုယ်လည်း ထိပ်ပြောင်နိုင်တယ်လေ။   အဘိုးက အဖေဘက်ကဖြစ်ဖြစ် အမေဘက်က ဖြစ်ဖြစ်နော်။ ဒါပေမယ့် မျိုးရိုးမှာ ထိပ်ပြောင်တဲ့သူတွေ   ရှိလို့ ငါလည်းပြောင်တော့မှာပဲလို့ တွေးပူပြီး အရမ်းစိတ်ညစ်မနေနဲ့အုံးနော်။ မျိုးရိုး ရှိတိုင်းလည်း ထိပ်ပြောင်မယ်လို့တော့ မဟုတ်ဘူး။ မျိုးရိုးရှိရင် ထိပ်ပြောင်နိုင်ချေများတယ်။ ဒါပေမယ့် ဘယ်တွေပေါ်မူတည်သေးလဲဆိုတော့ အဓိကက ဟော်မုန်းနဲ့ အသက်အရွယ်ပဲ။ စိတ်ဖိစီးမှုနဲ့လည်း ဆိုင်တယ်နော်။

Hormone
ထိပ်ပြောင်ရခြင်းရဲ့ အဓိကတရားခံလူဆိုးကြီးက ကျားဟော်မုန်းပါ။ အမျိုးသားတွေ သန်သန်မာမာ ကျားကျားလျားလျားကြီးတွေဖြစ်ဖို့အတွက် ကျားဟော်မုန်းများများလိုတာပေါ့။ ဒါပေမယ့် Testosterone လို့ခေါ်တဲ့ ကျားဟော်မုန်းက Dihydrotestosterone (DHT) အဖြစ်ပြောင်းသွား တယ်။ ဆံပင်တွေ ထွက်လာတဲ့ မွှေးညှင်းအိတ်တွေပေါ်မှာ DTH ရဲ့ သက်ရောက်မှုကြောင့် မွှေးညှင်း အိတ်တွေ ကျုံ့သွားတယ်။ အဲဒီတော့ ထွက်လာတဲ့ ဆံပင်တွေက မသန်တော့ဘူး။ ပြီးတော့ တဖြည်းဖြည်းပါးလာ တာကနေ နောက်ဆုံးပြောင်သွားပါလေရော.. တကယ်က ထိပ်ပြောင်တယ်ဆိုတာဟာဆံပင်လုံးဝ မပေါက်တော့တာ မဟုတ်ပါဘူး။ ဆံပင်ကျွတ်တာလည်း ဟုတ်တယ်၊ တစ်ချို့ဆံပင်တွေ မပေါက်တော့တာလည်း ဟုတ်တယ်၊ အဓိကက ထွက်လာတဲ့ဆံပင်တွေက အရမ်းကို ပါးလွန်းနေလို့
သေချာမမြင်ရတာပါ။

Age

ဟုတ်ပြီ.. မျိုးရိုးလည်း ရှိတယ်၊ ကျားဟော်မုန်းဆိုတာလည်း ယောကျာ်းတိုင်းမှာ ရှိတယ်။
ဘာလို့ အသက်ငယ်တုန်းမှာ ထိပ်မပြောင်လဲပေါ့။ သူငယ်ချင်းတို့ မသိချင်ဘူးလား။ ရင်နှင်းလည်း
ကိုယ့်ဟာကိုယ်မေးခွန်းတွေ ထုတ်ပြီး အရမ်းသိချင်တော့ အဖြေကို မရမကရှာ။ ထိပ်ပြောင်တဲ့ အကြောင်းကို သေချာရေးထားတဲ့စာတွေက ရှားတော့ မနဲကိုရှာလိုက်ရတယ်။ အဖြေကတော့ အချိန်ပါပဲ။ ကျားဟော်မုန်းတွေက လူပျိုဖော်ဝင်မှ အရွယ်ရောက်မှပေါ့နော်.. ယောကျာ်း တစ်ယောက်အတွက် လုံလောက်တဲ့ပမာဏရအောင် ခန္ဓာကိုယ်က ထုတ်ပေးတာပါ။ အဲလို ဟော်မုန်းတွေများလာပေမယ့်လည်း မွှေးညှင်းအိတ်တွေကို မထိခိုက်နိုင်သေးဘူး။ အဓိကက မျိုးရိုးရှိတဲ့သူတွေမှာ မွှေးညှင်းအိတ်လေးတွေက ဟော်မုန်းကိုအကြာကြီးထိတွေ့ပြီး   တော့မှ မွှေးညှင်း အိတ်တွေ ကျုံ့သွားပြီး ထိပ်ပြောင်သွားရတာပါ။

ဆံပင်တစ်ချောင်းရဲ့သက်တမ်းတောင် ၂ နှစ်ကနေ ၆ နှစ်ရှိတာဆိုတော့ မွှေးညှင်းအိတ်လေးတွေက
ဟော်မုန်းကို အကြာကြီးထိတွေ့ပြီးတော့မှ မွှေးညှင်းအိတ်တွေ ကျုံ့သွားပြီး သိသိသာသာထိပ်ပြောင်
လာဖို့က တော်တော်အချိန်ကြာမှ အသက်ကြီးမှ ဖြစ်တာပေါ့။ တော်သေးတာပေါ့နော်။ မဟုတ်ရင်
ငယ်ငယ်ရွယ်ရွယ်နဲ့ လှလှပျက်မှာ.. :D ထိပ်ပြောင်တာမှာ တချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ပြောင်စပြု
လာတယ်။ တချို့ကလည်း အသက်ကြီးမှ ပြောင်တယ်။ ဘယ်ပေါ်မူတည်လည်းဆိုတော့ ဟော်မုန်း
ပမာဏများတာတို့၊ စိတ်ဖိစီးမူများတာတို့၊ အာဟာရပြည့်ပြည့်၀၀မစားသောက်တာတို့၊ ဆံပင်ကို
ဂရုမစိုက်တာတို့ဆိုရင် စောစောစီးစီးပြောင်တော့တာပေါ့။


ထိပ်ပြောင်တဲ့ ပုံသဏ္ဍာန်အမျိုးမျိုး

ထိပ်ပြောင်တာကလည်း ခေါင်းမှာ ပြောင်ချင်တဲ့နေရာမပြောင်ဘူးနော်။ စည်းကမ်းရှိတယ်။ :D
နားထင်နဲ့ နောက်စေ့က ဆံပင်တွေကတော့ မပြောင်တတ်ဘူး။ ထိပ်ပြောင်တဲ့ ပုံသဏ္ဍာန်အမျိုးမျိုး
ကို ပုံလေးနဲ့ ပြောပြမယ်နော်။

ပြောင်ပုံပြောင်နည်း အမျိုးမျိုး


ထိပ်ပြောင်ခြင်းကို ကုသမှု

ခုထိ ထိပ်ပြောင်ရင် ဆံပင်ပြန်ပေါက်လာအောင် ထိရောက်တဲ့ကုသမှု မရှိသေးပါဘူး။ Minoxidil ပါတဲ့ လိမ်းဆေးတွေတော့ ရှိပါတယ်။ မွှေးညှင်းအိတ်တွေကို လှုံ့ဆော်ပေးတော့ ဆံပင် ကျွတ်တာ နှေးစေတယ်။ တချို့သူတွေမှာဆိုရင် ဆံပင်တောင် သန်သန်စွမ်းစွမ်းပြန်ပေါက်လာတယ် တဲ့။ Finasteride ဆိုတဲ့ သောက်ဆေးတစ်မျိုးလည်း ရှိပါတယ်။ ဒါပေမယ့် အဲ့ဆေးက ကျားဟော် မုန်းကြောင့် ထိပ်ပြောင်မလာအောင် ထိပ်ပြောင်တဲ့နှုန်းနှေးအောင် လုပ်ပေးရုံပဲ။ ဆံပင်တွေ ပြန် ပေါက်စေတာ မဟုတ်ဘူး။ Minoxidil ထက်တော့ နဲနဲပိုကောင်းတယ်တဲ့။ ဒါပေမယ့် ဒီဆေးတွေကို ဖြတ်လိုက်ရင် ထိပ်ပြောင်အုံးမှာပဲတဲ့။ တစ်သက်လုံး လိမ်းရ သောက်ရမယ့်ကိန်းပဲ။ ဈေးလည်းကြီးတော့ မချောင်ဘူးနော်။

အနောက်နိုင်ငံတွေမှာတော့ အသည်း၊ ကျောက်ကပ်တို့လို ခန္ဓာကိုယ်အဂါင်္အစိတ်အပိုင်း
တွေကို အစားထိုးသလို ဆံပင်ကိုလည်း အစားထိုးပြီး စိုက်ကြတယ်။ ခု ပညာရှင်တွေက ဆံပင်တွေ
ကောင်းကောင်းမွန်မွန်ပြန်လည်ရှင်သန်နိုင်မယ့် လိမ်းဆေးတွေ တီထွင်နေကြပါတယ်တဲ့။ မြန်မြန်
ထွင်နိုင်ကြပါစေလို့ ဆုတောင်းရမှာပေါ့နော်။

လောလောဆယ်ကတော့ ထိပ်ပြောင်ပြီးရင် ဆံပင်ပြန်ပေါက်အောင် မလုပ်နိုင်သေးတော့
အထူးသဖြင့် မျိုးရိုးရှိသူတွေက ထိပ်မပြောင်အောင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။
ကြိုတင်ကာကွယ်ထားရင် ထိပ်ပြောင်နိုင်ချေလည်း နဲသွားသလို အရမ်းလည်းမဆိုးနိုင်တော့ဘူးလေ။
ဆံပင်မကျွတ်ဆံပင်သန်စေမယ့် အစားအစာများနဲ့ ဆံပင်မကျွတ်ဆံပင်သန်စေမယ့် ဗျူဟာများဆိုတဲ့
ပို့စ်တွေထဲကအတိုင်း လုပ်နော်။ စိတ်ဖိစီးမူများရင်လည်း ဆံပင်ကျွတ်နိုင်တယ်ဆိုတော့ ပျော်အောင်
နေပြီး ဆံပင်မကျွတ်အောင် ထိပ်မပြောင်အောင် ကာကွယ်ကြနော်။

ထိပ်ပြောင်စပြုနေတဲ့ ဦးဦးပေါက်စတွေ၊ ထိပ်ပြောင်နေတဲ့ ဦးဦးကြီးတွေလည်း ဆံပင်ပြန်
ပေါက်မယ့် ရေရေရာရာနည်းမရှိသေးလို့ စိတ်ဓာတ်မကျကြပါနဲ့အုံး။ ထိပ်ပြောင်တာက ရှက်စရာမှ
မဟုတ်တာ။ လူမျိုးမရွေး ဘာသာမရွေး လူတန်းစားမရွေး ပြောင်နိုင်တာပဲလေ။ အနောက်နိုင်ငံ
တွေမှာဆို ထိပ်ပြောင်တာကလည်း ခံ့ညားတဲ့ဆွဲဆောင်မှုတမျိုးလို့တောင် ကောင်မလေးတွေက
မှတ်ချက်ပေးကြတယ်တဲ့။ ၀ီလျံမင်းသားတောင် ထိပ်ပြောင်တာပဲလေ။ ဒါပေမယ့် အရမ်းခံ့ညားပြီး
ယောကျာ်းပီသတယ်ဆိုပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်နေတာပဲ။

မင်းသား ၀ီလျံလဲ ပြောင်


သူထိပ်ပြောင်တာသိသာတဲ့ပုံကို မနဲရှာတင်ထားရတာ။ သိရင် အသရေဖျက်မှုနဲ့ ရင်နှင်းကို တရားစွဲ
မလားမသိဘူး။ :D ဒါပေမယ့် ရင်နှင်းက ထိပ်ပြောင်လည်း အလှမပျက်ပါဘူးလို့ ထိပ်ပြောင်နေတဲ့သူ
တွေ စိတ်ဓာတ်မကျပါနဲ့လို့ ဆိုလိုချင်တာပါ။

ဘာပဲဖြစ်ဖြစ် ထိပ်ပြောင်နေလို့ စိတ်မညစ်ပါနဲ့။ စိတ်နေစိတ်ထား၊ အရည်အချင်းနဲ့ ဟာသ
ဥာဏ်ပြည့်ဝပြီး သပ်သပ်ရပ်ရပ်နေတတ်တဲ့သူ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့သူဆိုရင် အလို
လိုယောကျာ်းပီသပြီး ခံ့ညားနေတာပါပဲ။ ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ အားလုံးကို အကောင်းမြင်ပြီး
ပျော်ပျော်သာနေနော် သူငယ်ချင်းတို့.. ဒါမှ လူဖြစ်ရကျိုးနပ်မှာပေါ့.. :)

This is forward mail from friend....I wanna share to my MMC family.

Copy From : http://www.mmcfamily.org

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......