ဂျပန် ငါးပြတိုက် တစ်ခုမှ လျှပ်စစ် ငါးရှဥ့်များ ခရစ္စမတ် သစ်ပင်များကို မီးအလှဆင် ပေး

ဂျပန်နိုင်ငံ အလယ်ပိုင်း Mie စီရင်စုမှ ငါးပြတိုက် တစ်ခုမှာ ခရစ္စမတ် သစ်ပင်တွေမှာ အလှဆင် ထားတဲ့ မီးတွေကို လင်းစေတဲ့ လျှပ်စစ် ငါးရှဥ့်တွေဟာ လာရောက် လည်ပတ် သူတွေကို ဆွဲဆောင် လျက်ရှိတယ်လို့ သိရပါတယ်။ တောင်အမေရိကတိုက် အမေဇုန်မြစ် အတွင်းမှာ တွေ့ရတဲ့ လျှပ်စစ် ငါးရှဥ့်တွေဟာ သူတို့ရဲ့ သားကောင် အစာကို ဖမ်းတဲ့ အချိန်မှာ လျှပ်စစ် ဓါတ်အား ဗို့ ၈၀၀ ခန့် ထုတ်လုပ် နိုင်ပါတယ်။









“မိုင်အီ” စီရင်စု Toba မြို့ရှိ အဆိုပါ ငါးပြတိုက်ဟာ လျှပ်စစ် ငါးရှဥ့်တွေ မွေးမြူထားတဲ့ ရေကန်ရဲ့ ရှေ့မှာ ခရစ္စမတ် သစ်ပင် နှစ်ပင်ကို စီစဉ်ထား ရှိထားပြီး ရေကန် ထဲက ငါးရှဥ့်တွေ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ချိန်မှာ ခရစ္စမတ် သစ်ပင်တွေက မီးတွေကို လင်းလာ အောင်စီမံ ထားတာ ဖြစ်ပါတယ်။ ငါးရှဥ့်တွေက လျှပ်စစ် ဓါတ်အားဗို့ ၁၀၀နဲ့ အထက် ထုတ်လုပ်ရင် ပန်းရောင် မီးလေးတွေ လင်းလာပြီး ဗို့ ၄၀၀ နဲ့အထက် ထုတ်လုပ် ရင်တော့ မီးအနီရောင်လေးတွေ လင်းလာမှာ ဖြစ်ပါတယ်။ အဲ့ဒီ ပြကွက်ကို ဒီဇင်ဘာလ ၂၅ရက်နေ့ အထိ ပြသထား မှာဖြစ်ပြီး လာရောက် ကြည့်ရှုသူ တွေနဲ့ စည်ကား နေတယ်လို့ သတင်း ရရှိပါတယ်။

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......