၁။ ဘယ်ရီသီး
စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ မွှေးကြိုင်တဲ့ အနံ့ကို ရေကစုပ်ယူနိုင်ပါတယ်။ သင်သောက်မယ့်ရေထဲကို စတော်ဘယ်ရီသီးကို ထက်ခြမ်းခွဲပြီး ခြေထည့်ပါ။
၂။ ဆား
ဈေးထဲမှာရောင်းတဲ့ ဓာတ်ဆားရည်နဲ့ အားဖြည့်အချိုရည်တွေမှာ စားပွဲတင်ဆားဟာ အဓိကပါဝင်ပါတယ်။
သောက်ရေထဲမှာ ဆားအနည်းငယ်ထည့်သောက်ရင် ခန္ဓာကိုယ်က ရေဓာတ်ကို မြန်မြန်စုပ်ယူနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်သူတွေဟာ ချွေးမှတစ်ဆင့် ဆားဓာတ်တွေ ထွက်သွားတာမို့ လေ့ကျင့်ခန်း လုပ်သူတွေ အတွက် အသင့်တော်ဆုံးပါ။
၃။ ဝိုင်
ဝိုင်တစ်ဆကို ရေဆယ်ဆနဲ့ ရောစပ်ပြီးသောက်ရင် အနံ့အရသာရှိတဲ့ အရည်ဖြစ်သွားပါတယ်။
၎။ အချဉ်အရသာရှိသော အသီး
သံပုရာသီးကိုအရည်ညှစ်ပြီး ရေခဲခဲတဲ့ခွက်ထဲအနည်းငယ်ထည့်ကာ ရေခဲထားပါ။အဲဒီရေခဲကို ရေနဲ့ စိမ်သောက်ရင် ဗီတာမင် C လည်း ရရှိမယ့်အပြင် အနံ့အရသာနဲ့ပါ ပြည့်စုံသွားပါမယ်။
၅။ ပူဒီနာ၊ နံနံပင်
ပူဒီနာ၊ နံနံပင် အစရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို အနည်းငယ်ကြိတ်ပြီး ရေထဲထည့်သောက်ပါ။
၆။ ချင်း (ဂျင်း)
ချင်းဖက်အနည်းငယ်ကို ရေနွေးပူပူထဲ ထည့်ပြီး သောက်ပါ။ အေးတဲ့ရာသီမှာ လည်းချောင်းရှင်းစေပြီး အပူဓာတ်လည်း ရရှိနိုင်ပါတယ်။
၇။ ရှလကာရည်
ရှလကာရည်ကို ရေထဲထည့်သာက်တာဟာလည်းသံပုရာသီးထည့်သောက်သလိုမျိုးဗီတာမင်Cရရှိတဲ့အပြင်
အနံ့အရသာလည်း ပြည့်စုံသွားနိုင်ပါတယ်။
၈။ သခွားသီး
သခွားသီးကိုစိတ်ပြီး ရေထဲစိမ်သောက်ရင် လန်းဆန်းတဲ့ အရသာရရှိပြီး သခွားသီးနံ့လေးလည်း သင်းစေနိုင်ပါတယ်။
Ref: Good Health
CΔnƉℓɛ
CΔnƉℓɛ
Copy From : http://natureenergycare.blogspot.com

No comments:
Post a Comment
အကြံပေးကြည့်ပါလား.......