တရုတ်နိုင်ငံက (jingpo) လို့ခေါ်လူမျိုးစုဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ ဂျိန်းဖော (Jinghpaw) ကချင်လူမျိုးအတွေပါပဲ။ (jingpo) တွေဟာ တရုတ်၊ ယူနန် ၊ မြန်မာ စတဲ့ ဒေသတွေမှာ နေထိုင်ကြပါတယ်။ အခုတင်ပြပေးမယ့် ဗီဒီယိုကတော့ တရုတ် နဲ့ ယူနန် မှာရှိတဲ (jingpo) တို့ရဲ့ အဆို၊ အကပဲဖြစ်ပါတယ်။ (jingpo) လူမျိုးစုမှ ဝတ်စားဆင်ယဉ်ပုံက မြန်မာနိုင်ငံရှိ ကချင်လူမျိုး ဝတ်စားပုံနဲ့ တပုံစံတည်းဖြစ်ပေမယ့် အနဲငယ်ပို hot ပြီး အက ကလည်း ပိုပြီး ထူးခြားဆန်းသစ်တယ်လို့ ဒီ ဗီဒီယိုဖိုင် နှစ်ခုမှာ မြင်တွေ့ ရမှာပါ။
အသက် ၄၀ ကျော် နာမည်ကြီး အမျိုးသားတို့၏ ကျန်းမာကြံ့ခိုင်အောင် ထိန်းသိမ်းနည်း လျှို့ဝှက်ချက်များ
အမျိုးသားတွေ အနေနဲ့ အသက် ၄၀ ကျော်တဲ့အထိ ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်နေအောင် ထိန်းထားနိုင်တာက အရည်အချင်း တစ်ရပ်ပါပဲ။ ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်နေအောင် ထိန်းထား ပေးနိုင်မှသာ ဘဝမှာ အောင်မြင်မှုရမှာပါ။ ဒါကြောင့် စိတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာကြံ့ခိုင်နေတဲ့အသက် ၄၀ ကျော် နာမည်ကြီး အမျိုးသားတို့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
ဆင်များနေ့ (Thailand)
ထိုင်းနိုင်ငံ မဲဆောက်မှာရှိတဲ ဆင်စခန်းမှာ ဆင်များအတွက် ပွဲတော် ကျင်းပပေးခဲပါတယ်။ ပွဲတော်မှာ ကြံ၊ငှက်ပျောသီး နှင့်အခြား အသီး အနှံ များကိုကိုလဲ ကျွေးမွေးကြသည့်ပွဲဖြစ်သည်။ ထိုင်းနိုင်ငံမှ ဆင်အကောင်ရေ ၁၀၀ နီးပါး ပါဝင်ခဲကြသည်။ ဆင် ဆိုသည်မှာ ထိုင်းနိုင်ငံ၏ အမှတ်အသားဖြစ်လေသည်။ ဓာတ်ပုံများကို ရှူစားနိုင်ကြပါပြီ။
မျောက်များကြောင့် အင်တာနက်တွင် ကမ္ဘာကျော်တစ်ဦး ဖြစ်လာသူ
မျောက်များကြောင့် အင်တာနက်တွင် ကမ္ဘာကျော်တစ်ဦး ဖြစ်လာသူ ထိုင်ဝမ် မော်ဒယ်လ်က သူမသည် ထိုသို့ဖြစ်လာရန် မမျှော်လင့်ခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။ အသက်(၂၂)နှစ်သာ ရှိသေးပြီး လက်ရှိတွင် ကျောင်းတက်နေဆဲဖြစ်သော ချာမီယန်ချန်းသည် အမြီးရှည်ရှည်နှင့် မကာကွီ မျောက်လေးများကို အစာကျွေးရာမှ လက်ဆော့တတ်သည့် တိရစ္ဆာန်လေးများကြောင့် ဒုက္ခများခဲ့သည်။
ဂျပန် ငါးပြတိုက် တစ်ခုမှ လျှပ်စစ် ငါးရှဥ့်များ ခရစ္စမတ် သစ်ပင်များကို မီးအလှဆင် ပေး
ဂျပန်နိုင်ငံ အလယ်ပိုင်း Mie စီရင်စုမှ ငါးပြတိုက် တစ်ခုမှာ ခရစ္စမတ် သစ်ပင်တွေမှာ အလှဆင် ထားတဲ့ မီးတွေကို လင်းစေတဲ့ လျှပ်စစ် ငါးရှဥ့်တွေဟာ လာရောက် လည်ပတ် သူတွေကို ဆွဲဆောင် လျက်ရှိတယ်လို့ သိရပါတယ်။ တောင်အမေရိကတိုက် အမေဇုန်မြစ် အတွင်းမှာ တွေ့ရတဲ့ လျှပ်စစ် ငါးရှဥ့်တွေဟာ သူတို့ရဲ့ သားကောင် အစာကို ဖမ်းတဲ့ အချိန်မှာ လျှပ်စစ် ဓါတ်အား ဗို့ ၈၀၀ ခန့် ထုတ်လုပ် နိုင်ပါတယ်။
Subscribe to:
Posts (Atom)