မနက်ခင်းမှာ ဒေါ်ဘုမတစ်ယောက်
ဘုရားရှစ်ခိုးနေပေမယ့် စိတ်ကတော့သိပ်မကြည်လှပါဘူး။
သူမစိတ်မကြည်ရတဲ့အကြောင်းကတော့
သူ့ယောက်ကျားနောက်မီးလင်းနေတယ်ဆိုတဲ့ သတင်းကြောင့်ဖြစ်ပါတယ်။
ပြီးတော့ သူမဘုရားရှစ်ခိုးနေစဉ်မှာ ကြမ်းကြားကဂျပိုးတွေကလည်း ကိုက်နေပါတယ်။
ဘုရားရှစ်ခိုးပြီးလို့ အမျှဝေမယ့်အချိန်မှာတော့
အိမ်ရှေ့မှာနေပူလှမ်းထားတဲ့ အမဲခြောက်ကိုကျီးကန်းကချီသွားပါတယ်။
သူမနဲနဲတော့စိတ်တိုသွားပြီး အမျှဆက်ဝေလိုက်ပုံက
" ဂျပိုးရယ်၊ ကျီးကန်းရယ်၊မယားငယ်ရယ်ကလွဲလို့ကျန်တာတွေ
အမျှ...အမျှ...အမျှ "
No comments:
Post a Comment
အကြံပေးကြည့်ပါလား.......