Showing posts with label knowledge. Show all posts
Showing posts with label knowledge. Show all posts

Do you Know?? သမ္မတနှစ်ဦးဖြစ်တဲ့ အေဘရာဟမ် လင်ကွန်း နဲ့ ဂျွန်အက်ဖ် ကနေဒီ

အဘရာဟမ်လင်ကွန်း
 ဂျွန်အက်ဖ် ကနေဒီ

အမေရိကန် သမ္မတတွေထဲမှာ ထင်ပေါ်ကျော်ကြား လူသိအများဆုံး ဖြစ်သော သမ္မတနှစ်ဦးဖြစ်တဲ့ အေဘရာဟမ်လင်ကွန်း နဲ့ ဂျွန်အက်ဖ် ကနေဒီ တို.ရဲ့ အကြောင်းလေ.......

သူတို့ နှစ်ဦးလုံးဟာ လူချစ်လူခင် အများဆုံး၊ အကြည်ညိုခံရဆုံး သမ္မတတွေဖြစ်ကြပါတယ်။
နှစ်ဦး စလုံး လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးခဲ့ရသူတွေလည်း ဖြစ်ပါတယ် ။ သမ္မတ တာဝန်ထမ်းဆောင်နေစဉ်တွေ.ကြုံဖြေရှင်းပေးခဲ့ရတဲ့ ပြဿနာ၊ ရက်ရက်စက်စက် လုပ်ကြံခံခဲ့ရတဲ့ ဖြစ်ရပ်၊ အဲဒီလုပ်ကြံမှုနဲ့ ပါတ်သက်ပြီး သဲသဲကွဲကွဲ မသိရတဲ့ ကိစ္စ စသည် စသည်၊ တစ်ထပ်တည်းပဲ ခင်ဗျ....။

ကဲ ... အဲဒီ အချက်တွေကို စဉ်းစားကြည့်စမ်းပါဦးဗျာ .....။

၁။ လင်ကွန်း ရော ကနေဒီ ပါ သမ္မတတာဝန် ထမ်းဆောင်နေဆဲကာလမှာ အမေရိကန် ပြည်ထောင်စုရဲ့လူမှုအခွင့်အရေး ပြဿနာကြီးကို ဖြေရှင်းကြရတယ် ။ လင်ကွန်း လက်ထက်မှာ အာဖရိကတိုက်ကနေ ဖမ်းဆီးခေါ်ဆောင်လာခြင်းခံရတဲ့ လူမည်း ကပ္ပလီ ငွေဝယ်ကျွန်တွေ ကိစ္စကို ဖြေရှင်းခဲ့ရတယ် ။
ကနေဒီ ရဲ့ လက်ထက်မှာ လူမည်းတွအပေါ်အသားအရောင် အခွင့်အရေးခွဲခြားမှု ကိစ္စကို ဖြေရှင်းခဲ့ရတယ် ...။

၂။ လင်ကွန်းကို လုပ်ကြံသတ်ဖြတ်တဲ့ လူသတ်သမား ဂျွန် ဝေက်စ် ဘုသ် ( John Wilks Booth) ကို ၁၈၃၉ ခုနှစ်မှာမွးဖွားတယ် ။
ကနေဒီ ကို လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား လီး ဟာဗီး အော့စ၀ါ ( Lee Harvey Oswald) ကို ၁၉၃၉ခုနှစ်မှာ မွေးဖွားတယ် ။

၃။ လင်ကွန်း မှာ ကနေဒီ ဆိုတဲ့ အတွင်းရေးမှူး တစ်ယောက်ရှိတယ် ။ သူက လင်ကွန်း အသတ်ခံရမယ့် ကပွဲရုံ ကိုအဲဒီညမသွားဖို့ သတိပေးခဲ့တယ် ။
ကနေဒီမှာ လင်ကွန်း ဆိုတဲ့ အတွင်းရေးမှူး တစ်ယောက်ရှိတယ် ။ သူက ကနေဒီ အသတ်ခံရမဲ့ ဒါးလက်စ်မြို့ကိုအဲဒီနေ့ မသွားဖို့သတိပေးးခဲ့တယ်။

၎။ သမ္မတ နှစ်ဦး လုပ်ကြံ ခံခဲ့ရတဲ့ နေ့ဟာ သောကြာနေ့ ဖြစ်တယ် ။

၅။ သမ္မတ နှစ်ဦး စလုံးဟာ နောက်ဘက်ကနေ သေနတ် နဲ့ ပစ်ခတ်ခြင်း ခံခဲ့ရတယ် ။

၆။ သမ္မတတွေ နှစ်ဦး စလုံး လုပ်ကြံခံရတဲ့ အချိန်မှာ သူတို. ရဲ့ဇနီးတွေက သူတို့ နဲ့ အတူရှိနေခဲ့တယ် ။

၇။ ဘုသ် က လင်ကွန်း ကို ဇာတ်ရုံ ထဲမှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံပြီးတဲ့နောက် ကုန်ပစ္စည်း သိုလှောင်ရုံ
တစ်ခုထဲဝင်ပြေးသွားခဲ့တယ်။
အာ့စ၀ါ က ကနေဒီ ကို ကုန်ပစ္စည်း သိုလှောင်ရုံ တစ်ခုကနေ သေနတ် နဲ့ ပစ်ခတ်လုပ်ကြံပြီး တဲ့နောက်
ဇာတ်ရုံတစ်ခုထဲဝင်ပြေးသွားခဲ့တယ် ။

၈။ သမ္မတ နှစ်ဦးစလုံး လုပ်ကြံခံရပြီးတဲ့နောက် သူတို့ရဲ့ ရာထူးကို ဆက်လက်တာဝန်ယူတဲ့ သူတွေရဲ့ အမည်တွေကဂျွန်ဆင် ( Johnson)ဖြစ်တယ်။ အဲဒီ ဂျွန်ဆင် နှစ်ယောက်လုံးဟာ တောင်အမေရိက သားတွေ ဖြစ်ပြီး နှစ်ဦးစလုံးဟာဒီမိုကရက်တစ် ပါတီဝင်တွေ ဖြစ်တယ် ။

၉။ လင်ကွန်း ကို ဆက်ခံတဲ့ ဂျွန်ဆင် ကို ၁၈၀၈ ခုနှစ် မှာ မွေးဖွားခဲ့တယ် ။
ကနေဒီ ကို ဆက်ခံတဲ့ ဂျွန်ဆင် ကို ၁၉၀၈ ခုနှစ်မှာ မွေးဖွားခဲ့တယ် ။

၁၀။ လုပ်ကြံခံရတဲ့ သမ္မတ နှစ်ဦးဖြစ်တဲ့ လင်ကွန်း ( Lincoln ) နဲ့ ကနေဒီ ( Kennedy) တို့ရဲ့ နာမည် တွေမှာအက္ခရာ ခုနှစ်လုံးစီ ပါတယ်။သူတို့ကို ဆက်ခံတဲ့ သမ္မတတွေရဲ့ နာမည် အပြည့်အစုံမှာ အက္ခရာ (၁၃) လုံးစီ ပါတယ် ။သူတို့ကို လုပ်ကြံခဲ့တဲ့ လူသတ်သမားတွေရဲ့ နာမည်တွေမှာ အက္ခရာ (၁၅) လုံးစီ ပါတယ် ဗျာ။

အဖေကိုတရားစွဲတဲ့ စေါဘဦးကြီး” (၁၂.၈.၂၀၁၂ သို့ )


*မှတ်ချက် ။ ….ဒီအကြောင်းလေးကို ၀၄.၀၈.၂၀၁၂ က ဟစ်တိုင် ကိုပေးပို့ ထားခဲ့ပါတယ်။ နေရာအခက်အခဲကြောင့်ထင်ပါရဲ့ ယနေ့ ထိပေါ် မလာ ခဲ့လို.အချိန်မှီအောင်၊ ကိုယ့်FB မှာဘဲတင်လိုက် ပါတယ်။ ဖတ်ရတာတော့ဟိုမှာလိုသိတ်..မစမတ်..ဖူးပေါ့ လေ။
...................................






နိုင်ငံရေး ဆိုတာက........

ပွင့်လင်းစပြုလာသောမြန်မာနိုင်ငံမှာ နိုင်ငံရေးအကြောင်းကို လူတော်တော်များများ online မှာသာမက offline ပါ ပြောရဲဆိုရဲနေကြပါပြီ၊ ဒီလိုပြောကြ ဆိုကြ ငြင်းကြ ခုံကြတာဟာ အချက်အလက်နဲ စဉ်းစားတွေးတောဆရာတွေ ပွါးစေပါတယ်။ ဘာပဲဖြစ်ဖြစ် ဝါရင့်နိုင်ငံရေးသမားကြီးတွေရဲ့ အတွေ့အကြုံ နဲ့ ယှဉ်ပြီး ပြောပြထားသော  နိုင်ငံရေးဆိုတာ.... definition တွေကိုပြန်လည် ဝေမျှလိုက်ပါတယ်။ FWD Mail တစောင်ပါ၊ ဘာသာပြန်သူကိုမသိပါ.။ တွေးနိုင်ကြပါစေ။


သင်တို့ ယနေ့ သုံးနေတဲ့ ပစ္စည်းတွေရဲ့ တီထွင်သူနာမည်များ

ကွန်ပျုတာ

တီထွင်သူ။………..။ ချားလ်စ် ဘက်ဘေ့ခ်ျ။
လူမျိုး။……………။ အင်္ဂလိပ်။
ခုနှစ်။…………….။ ၁၈၂၃။
ရည်ရွယ်ချက်။…….။ ရှည်လျားစွာ တွက်ချက်စစ်ဆင်နိုင်ရေး။
တိုးတက်မှူရလဒ်။….။ အသိပညာနှင့် အီလက်ထရောနစ် ကွန်ပျုတာများ။










ငြိမ်းချမ်းရေး နိုဘယ်ဆုအကြောင်း နှင့် ဆုရရှိကြသူများ



ငြိမ်းချမ်းရေး နိုဘယ်ဆု
 ငြိမ်းချမ်းရေး နိုဘယ်ဆုသည် ဆွီဒင်နိုင်ငံသား တီထွင်သူနှင့် စက်မှု ပညာရှင် အဲလ်ဖရက်ဘန်းဟာ့ဒ် နိုဘယ် (Adfred Bernhard Nobel)မှ   ပေးအပ်ချီးမြှင့်သော  နိုဘယ်ဆု (၅)ဆု အနက်မှ တစ်ခုဖြစ်သည်။   နိုဘယ်၏ သေတမ်းစာ အရ ငြိမ်းချမ်းရေးနိုဘယ်ဆုကို   နိုင်ငံများ အကြား အင်အားစုများ စစ်ပြေငြိမ်းစေခြင်း၊ ထိပ်တိုက်ရင်ဆိုင်   ဖြစ်ခြင်းလျော့ပါးစေခြင်း နှင့် ငြိမ်းချမ်းရေး   မြှင့်တင်သူ နှင့် ထိန်းသိမ်းနိုင်သူတို့ကို ဤငြိမ်းချမ်းရေး နိုဘယ်ဆု ပေးအပ်ချီးမြှင့်ရန် ရေးသားထားခဲ့သည်။

တယ်လီဖုန်း တီထွင်သူ အီတာလျံကြီး အန်တိုနီယို မီယူချီ

ငယ်စဉ်တောင်ကျေး အကလေး ဘ၀ကတည်းက ဂရေဟမ်ဘဲလ်ဟာ တယ်လီဖုန်းကို တီထွင်ခဲ့သူလို့ သိခဲ့ရပါတယ်။ အခုတော့ ဒီအသိဟာ  ပြောင်းပြန်သဒ္ဓါလန် သွားပါပြီ။ တယ်လီဖုန်းကို တီထွင်ခဲ့သူဟာ အမေရိကန်ပြည်ရောက် အီတာလျံလူမျိုး မျက်နှာမွဲ အညတြစက်မှုပညာရှင် အန်တိုနီယို မီယူချီ (Antonio Meucci) ပဲဖြစ်ပါတယ်။ မှတ်ပုံတင်ဖို့ ပေးဆောင်ရမယ့် ငွေကြေပမာဏကို မပေးဆောင်နိုင်ခဲ့တာကြောင့် သူ့ရဲ့အံ့မခန်းတီထွင်မှုဟာ   မှေးမှိန်ဖျော့တော့ခဲ့ရပါတယ်။

google, yahoo, စသော search Engine များကို ထိရောက်စွာသုံးနည်း..

ကျွန်တော်တို့ Search Engine များဖြစ်ကြတဲ့ Google,Yahoo,MSN တို့ကို ကောင်းမွန်စွာ မိမိလိုချင်သိချင်တဲ့ အကြောင်းအရာများကို ရှာဖွေတက်ပြီလား..။ ကွန်ပျူတာ အသုံးပြုသူများ အနေဖြင့်တစ်နည်း မဟုတ် တစ်နည်းကွန်ပျူတာ ဆိုင်ရာပြသာများနှင့် ကြုံတွေ့ကြရာဝယ်   ဖြေရှင်းနိုင်ဖို့ နည်းနာ နိသာယများ၊နောက်ဆုံးပေါ် software products များ၊ဗိုင်းရပ်နှင့် ပတ်သက်သော အကြောင်းအရာများသတင်း အချက်အလက် များကို  ရှာဖွေဖို့လိုအပ်လာပါပြီ သင် မည်သည်နည်းနှင့် သင်လိုချင်သော အရာများ အခက်အခဲ များကို ဖြေရှင်းခဲ့ပါသလဲ ....