Showing posts with label knowladge. Show all posts
Showing posts with label knowladge. Show all posts

စာဖတ်ခြင်းကြောင့် အကျိုးကျေးဇူး ခံစားကြရသူများ

စာဖတ်သော အယ်ဒီတာ 
 ဆိုဗီယက်ရုရှား ခေတ်ပြောင်းတော်လှန်ရေးကြီးကို ခေါင်းဆောင် အောင်မြင်စေခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင် လီနင်ဟာ သတင်းစာဆရာ၊ ဂျာနယ်အယ်ဒီတာအဖြစ် စာအလွန်ဖတ်သူ   ဖြစ်တယ်။ စာအလွန်ဖတ်ပြီး ဆောင်းပါးတွေလည်း ရေးခဲ့ပါတယ်။ စာဖတ်လွန်းတဲ့ လီနင်ဟာ အမြင်ကျယ်ပါတယ်။

စာဖတ်သောရှေ့နေ



အမေရိကန်သမ္မတပေါင်း (၄၅) ဦးလောက် ရှိတဲ့အနက်မှာ လင်ကင်း(သို့) အေဗရာဟမ်လင်ကွန်း က ဘယ်သှူမှ မယှဉ်သာအောင် လူသေသော်လည်း နာမည်မသေသူ လေးစားချစ်ခင် မြတ်နိုးဖွယ် ပုဂ္ဂိုလ်ထူးကြီး ဖြစ်ပါသည်။ လင်းကင်းရဲ့ စာပေစာမျက်နှာများမှာ ကျောင်းတက်ရက် တစ်နှစ်ခွဲတောင် မရှိဘဲ ကျောင်းစာလည်း ကောင်းကောင်း မသင်ခဲ့ရရှာပါဘူး။ ဒါပေမယ့် စာပေကို အလှမ်းမဝေးဘဲ ရသမျှ လက်လှမ်းမီသမျှ စာတွေကို ဖတ်မှတ်လေ့လာတယ်။ ရှိတ်စပီယားနဲ့ အကျော်အမော် စာဆိုကြီးတွေရဲ့ စာတွေနဲ့ ရင်းနှီးလှတဲ့ လင်ကင်းရဲ့ မိန်ခွန်းတိုင်းက အဆီအသား ပြည့်ဝလှပြီး ပြည်သူ့ဘ၀င် စွဲနေလို့  ဒီနေ့အချိန်အထိ မေ့မရ တသသဖြစ်နေဆဲ ဖြစ်ပါတယ်။

                                  စာကြည့်တိုက်မှူးမှ ဗိုလ်မှူးကြီးအဆင့်သို့ 
 
 နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကာလအတွင်းမှာ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ကြရပါတယ်။ အဲဒီအခါမှာ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲကို ဟိန္ဒားသတ္တုမိုင်း အလုပ်သမားတစ်ယောက်ဟာ ယိုးဒယားမှ ရန်ကုန်သို့ တိုက်ခိုက်ချီတက်လာတဲ့ စစ်ကြောင်းမှာ ရဲဘော်အဖြစ် ၀င်ရောက်လုပ်ကိုင် လိုက်ပါလာခဲ့တယ်။ သူက ဟိန္ဒားသတ္တုတွင်း အလုပ်သမား စာကြည့်တိုက်မှာ “စာကြည့်တိုက်မှူး စေတနာ့ဝန်ထမ်း” လုပ်တယ်။ သူက အတန်းပညာ ရှစ်တန်း၊ ကိုးတန်းသာ အောင်ပေမယ့် စာဖတ်ဝါသနာထုံတော့ အလွန် စာဖတ်အားကောင်းတယ်။ ဘီအိုင်အေခေတ်မှာ သူဟာ ရာထူးအဆင့်ဆင့် တက်ပြီး အရာရှိ ဖြစ်လာတယ်။ ဗိုလ်ဗထူး ပါ့။ တိုက်ရည်ခိုက်ရည် ထူးထူးချွန်ချွန် ကောင်းတာကြောင့် တပ်ရင်းမှူးရာထူး ပေးအပ်ခြင်း ခံရတယ်။ (ရဲဘော်သုံးကျိပ်ဝင်တွေတောင် တပ်ရင်းမှူးရာထူး မရတဲ့သူတွေ ရှိပါတယ်) ဖက်ဆစ်တော်လှန်ရေးမှာတော့ ဗိုလ်ချူပ်အောင်ဆန်းက ဗိုလ်မှူးကြီးဗထူးကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ကွပ်ကဲ တိုက်ခိုက်စေပါတယ်။ စာဖတ်ခြင်းရဲ့ ကောင်းကျိုး နမူနာလေးပါ ။ ဗိုလ်မှူးကြီးဗထူးလို လူကောင်းလူတော်တွေ ဦးစီးကွပ်ကဲတော့ ဖက်ဆစ်တော်လှန်ရေးကြီးဟာလည်း   ပြည်သူတွေရဲ့ အားပေးကူညီမှုနဲ့ အင်္ဂလိပ်တွေ တအံ့တသြ ဖြစ်ရလောက်အောင်အထိ ရာဇ၀င် စာတင်ခဲ့ရတာပဲပေါ့။

                                       စာဖတ်သော အမျိုးသားခေါင်းဆောင်
 
သခင်အောင်ဆန်း (သို့) ဗိုလ်ချုပ်အောင်ဆန်းဟာ တိုက်ရေးခိုက်ရေး ရှေတန်းတင် ဦးစားပေးပြီး၊ ရိုးရိုးသားသား၊ အညာသားဆန်ပေမယ် တကယ့် သံတမန် စေ့စပ်ဆွေးနွေးမှု ၊ ရှေ့ဆောင်လမ်းပြနိုင်မှု၊ ဆုံးဖြတ်ချက် တိကျပြတ်သားမှုနဲ့ မြင်ကြားတတ်သိ လွယ်မှုတွေမှာ  ယှဉ်သာသူ မရှိလောက်အောင် ထင်ရှားလှပြီး ယနေ့တိုင် မြန်မာပြည်သူလူထုရဲ့ အမှတ်အသားကိုယ်စားပြု ဖြစ်နေဆဲ ဖြစ်ပါတယ်။ သခင်အောင်ဆန်းရဲ့ ပင်ကိုယ်စရိုက်အဖြစ် ဘုဆတ်ဆတ် ခပ်ပြတ်ပြတ် ပြောဆိုတတ်ပြီး၊ မလိုအပ်လျှင် နှုတ်ဆိတ်နေတတ်သော အမူအကျင့် ရှိသော်လည်း၊ ပြောရေးပြောသင့် ပြောခွင့်ကြုံတဲ့အခါ ထိထိရောက်ရောက်၊ ထက်ထက်မြက်မြက် ရှိလှခြင်းက စာအလွန် ဖတ်ခြင်းကြောင့် ဖြစ်ပါတယ်။ ကိုယ်တိုင် ကဗျာ၊ ၀တ္ထု၊ ဆောင်းပါးများကိုလည်း ရေးသားနိုင်ခဲ့သူ ဖြစ်ပါတယ်။

စာဖတ်သော ထောင်ထွက်အလှူရှင်
   ပခုက္ကူဒေသမှ ထနောင်းကုန်းကျေးရွာအုပ်စု ရှားတောရွာနေ ငယ်အမည် တောခွေး (ခ) မောင်အုံးဖေရဲ့ ဘ၀အစက နွမ်းပါးလှပြီး မြင်းထိန်း၊ ကွမ်းယာသည်၊ ဖောင်သမား၊ ကျပန်းအလုပ်စုံနဲ့  ဓားပြဖြစ်ပြီး   ထောင်သုံးကြိမ် ကျဖူးခဲ့ပါတယ်။ ထောင်တွင်းမှာ ဘ၀သစ်၊ အတွေးသစ်တွေကို စာပေများမှ ရယူပြီး မကောင်းမှုများ စွန့်လို့ သူဌေးသူကြွယ်၊ ကုန်သည်ပွဲစား ဖြစ်ခဲ့ပါတယ်။ ဘ၀မှတ်တမ်းများနဲ့ “ပခုက္ကူဦးအုန်းဖေ” ဆိုတဲ့ ကလောင်တစ်ချောင်းလည်း ပိုင်ဆိုင်ခဲ့ပြီး စာပေရန်ပုံငွေ (၇၆-သန်း)ကျော် နဲ့ ပညာရေးထူးချွန်ဆု ရန်ပုံငွေ (၅၄-သိန်း)ကိုလည်း စာပေမျိုးစေ့ချ လှူဒါန်းပြီး ပရဟိတ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

စာဖတ်သော အထွေထွေ အတွင်းရေးမှူးချုပ် 

အာရှကုလသမဂ္ဂခေါင်းဆောင် ပထမဦးဆုံး မြန်မာနိုင်ငံမှ သက်တမ်းနှစ်ကြိမ် (၁၀ နှစ် တိတိ) တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်ဟာ ပန်းတနော် အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး စာအလွန်ဖတ်သူတစ်ဦး ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အားလုံးက ကန့်ကွက်မဲမရှိ တညီတညွတ်တည်း   ထောက်ခံရွေးချယ် ခန့်အပ်ခံရခြင်းက စာအရမ်းဖတ်လို့ ကမ္ဘာ့ခေါင်းဆောင်နေရာ ရောက်သွားခဲ့တာပါ။

                                          စာအလွန်ဖတ်သော ၀န်ဇင်းမင်းရာဇာ
မြန်မာရာဇ၀င်များထဲမှ ဘုရင်စိတ်ကျေနပ်သည်အထိ အတိအကျ မှန်ကန်စွာ ဖြေကြားနိုင်ခဲ့လို့ အင်းဝဘုရင် စွာစော်ကဲ လက်ထက်မှ မင်းလေးဆက်တိုင်အောင် ရာထူးချီးမြှင့် ခံခဲ့ရပါတယ်။ ဘိုးရာဇာ လျှောက်ထုံးများဟာ ယနေ့အထိ မှန်ကန်ဆဲ၊ ကိုးကားနေရဆဲလည်း ဖြစ်ပါတယ်။ နန်းတော်မှာလည်း အမတ်ကြီး ဘိုးရာဇာအဖြစ် ရာဇ၀င် ထင်ရှားနေရခြင်းများက စာဖတ်တဲ့ အကျိုးများ ဖြစ်ပါတယ်။

အရူးများနေ့

နှစ်စဉ် ဧပြီလ ၁ ရက်နေ့ကို ရောက်လာရင် နိုင်ငံတကာမှာတော့ အရူးများနေ့ ကျင်းပပါတယ်။ အဲဒီနေ့ကို ဧပြီအရူးနေ့လို့လည်း ခေါ်ကြပါတယ်။ တရားဝင် ရုံးပိတ်ရက် အားလပ်ရက်
မဟုတ်ပေမယ့် အစဉ်အလာမပျက် ကျင်းပကြပါတယ်။ အထူးသဖြင့် အဲဒီဓလေ့စတင်ဖြစ်တည်ခဲ့ရာ ကမ္ဘာအနောက်အခြမ်းမှာပေါ့။ ဒါပေမယ့်လည်း အဲဒီဓလေ့ကအရှေ့ကမ္ဘာမှာလည်း ကူးစက်နေပါပြီ။
ဧပြီအရူးနေ့ ဖြစ်တည်လာတဲ့ နောက်ခံသမိုင်းကြောင်းက ခိုင်ခိုင်လုံလုံ မရှိရှာပါဘူး။ပါးစပ်ရာဇ၀င်တွေပါပဲ။ ပြင်သစ်ပြည်က စတင်ခဲ့တယ်လို့ လည်း တချို့တလေကပြောကြပါတယ်။  

မွေးကတည်းက GAY (ဂေး) ဖြစ်နေတာလား

ကြိုတင်ပြောကြားချက်။  ။ ယခုတင်လိုက်သော post မှာ email ထဲသို့ရောက်လာသော FWD mail သာဖြစ်ပါသည်။
 Dr. တင့်ဆွေ သို့ gay တဦးမှ ပို့သောစာကို Dr. တင့်ဆွေ မှ ပြန်လည် ဖြေကြားထားသော အမေးအဖြေ တခုသာဖြစ်ပါသည်။ ဗဟုသုတပိုင်းဆိုင်ရာ အနေနှင့် စာဖတ်သူရှုစားစေရန် တင်ပေးလိုက်ခြင်းဖြစ်ပါသည်။
ကျွန်တော်သည် Dr.တင့်ဆွေ မဟုတ်သလို ထို gay လည်းမဟုတ်ပေ :D။  ထို့ကြောင့် ဤ post ပေါ်မှ မရှင်းလင်းသည်များကိုလည်း ကျွန်တော့ အနေနှင့်   ဖြေကြားပေးနိုင်မည် မဟုတ်ပေ။ 
 ထပ်မံသိရှိလိုပါက http://www.mlgbts.com နဲု့ http://him.civiblog.org တို့မှာ သွားရောက်လည်ပတ်   လေ့လာမေးမြန်း နိုင်ပါသည်။
FWD mail ပို့ပေးသော shweaeimsi@gmail.com ကို ကျေးဇူးတင်ပါကြောင်း...

r@bp!G
(mails from friends)

ထိပ်ပြောင်ခြင်းအကြောင်း သိကောင်းစရာများ

ထိပ်ပြောင်နေတဲ့ ဦးဦးကြီးတွေကိုရော ထိပ်ပြောင် ခြင်းအကြောင်း သိကောင်းစရာလေးတွေကို သိအောင်ပြောပြမယ်နော်။

 



ထိပ်ပြောင်ရခြင်း အကြောင်းရင်းများ

ရမ်ဘိုမင်းသားစတားလုံး (သို့မဟုတ်) ရည်မှန်းချက်ကြီးမားခဲ့သူ

စတားလုံးဆိုတာ မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်ပါတယ်။ ရမ်ဘိုမင်းသားလို့လဲ လူသိ များတဲ့သူဖြစ်ပါတယ်။ ကျွန်တော်က သူ့အကြောင်းကို အင်တာနက်ပေါ်မှာ ဖတ်မိတော့ တော်တော်စိတ်ဝင်စား တယ်။သူ့ရဲ့ကြိုးစားလုပ်ဆောင်မှုတွေဟာ အတုယူစရာကောင်းတယ်။ဒီကနေ့ လူငယ်တွေအတွက် ငယ်ရွယ်စဉ်အခါမှာ အချိန်ကို မဖြုန်းတီးကြဘဲ စတားလုံးကို နမူနာယူပြီး၊ အတုယူပြီး လိုက်နာကျင့်သုံး နိုင်အောင် တင်ပြပေး လိုက်ပါတယ်။


Do you Know ?? သင်မကြားဖူးသော ကွန်ပျူတာ (၁)





ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊   ဖျော်ဖြေရေး အတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်း တစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊   Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော  ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။

ကမ္ဘာတစ်ဝှမ်းက အလှအပ နှင့် အရေပြား ထိမ်းသိမ်းပုံ စုစည်းမှု

အိန္ဒိယက ဆံပင်အလှနဲ့ ကျော်ကြားပါတယ်။ သူတို့ဆံပင်ဟာ မဲနက်တောက်ပြောင်ပြီးသန်စွမ်းတာကိုး။ ဂျပန်မလေးတွေက အရမ်းအသားအရေလှတယ်နော်။ ဘရာဇီးတွေမှာတော့ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ရှိတယ်။ ဒါတွေက မျိုးရိုးလိုက်တာ ဟုတ်ဘူးနော်။နိုင်ငံတိုင်းမှာ အလှအပအတွက် သူတို့ဓလေ့နဲ့ သူတို့ရှိတယ်လေ။မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အဲဒီဓလေ့ကြောင့်ပဲ သူတို့အားလုံးလှနေတာပေါ့။ အဲ့ဒီတော့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေမှာ သူတို့ရဲ့ထင်ရှားတဲ့အလှတရားတွေအတွက် ဘယ်လိုဓလေ့တွေ ရှိလဲဆိုတာကို ရင်းနှီး သလောက်ပြောပြမယ်နော်။

လျှပ်စစ်ဆိုင်ကယ်ဆိုသည်မှာ...



အခု မြန်မာပြည် ဆင်ခြေဖုံးရပ်ကွက်တွေမှာ ခေတ်စားနေတဲ့ လျှပ်စစ်ဆိုင်ကယ် (အခြားအမည်များ : စက်ဘီးဆိုင်ကယ်, လျှပ်စစ်စက်ဘီး, အော်တိုဘီး, electric ဘီး, e-bike) အကြောင်း ကျွန်တော် သိသလောက် တင်ပြလိုက်ပါတယ်။
ဝန်ခံချက် ။ ။ ကျွန်တော်က တောင်ဒဂုံမှာ လျှပ်စစ်ဆိုင်ကယ် အရောင်းဆိုင်လေးဖွင့်ထားတဲ့ အတွက် ဗမာပြည်တွင်းက လျှပ်စစ်ဆိုင်ကယ်တွေ အကြောင်းသက်သက်ကိုသာ ပြန်လည်တင်ပြခြင်းသာဖြစ်ပါတယ်။

နယူတန် (၁၆၄၂-၁၇၂၇)



ဆာအိုင်းဆက်နယူတန်ဟာ အင်္ဂလန်ပြည် လင်ကွန်းရှိုင်ယာရှိဝူး စသော့ရွာမှာ၁၆၄၂ ခု ဒီဇင်ဘာ (၂၅) ရက်နေ့မှာ ဖွားမြင်တယ်။
ဖခင်က လယ်သမားဖြစ်ပြီး နယူတန်မမွေးမီ သုံးလအလိုက ကွယ်လွန်သွားခဲ့တယ်။ နယူတန်ဟာ ဂရင်းသန်မြို့ သဒ္ဒါသင်ကျောင်း မှာ ရှေးဦးစွာ စာသင်ကြားခဲ့စဉ်စာမှာ စိတ်မဝင်စားတဲ့အတွက် အတန်းထဲမှာ အညံ့ဆုံးဖြစ်ခဲ့ရတယ်။ဒါပေမဲ့ တစ်နေ့တော့ သူ့ကို အမြဲလိုအနိုင်ကျင့်နေတဲ့ အတန်းသားတစ်ဦးကို အညံ့မခံလိုတာကြောင့်အဲဒီကျောင်းသားကို လက်သီးနဲ့ ပြန်ထိုး သူ့ထက် တော်အောင်ကြိုးစားရာက
နောက်ဆုံးတစ်တန်းလုံးမှာ အတော်ဆုံး ဖြစ်လာခဲ့တယ်။

Do you know ? သင်မသိလောက်ပါ။ (၄)

လူသတ်တဲ့လျှပ်စစ်ကုလားထိုင်ကနေ ရာဇပလ္လင်အဖြစ်သို့ 

အပြစ်ရှိတဲ့လူတွေကို သတ်ဖို့အတွက် လျှပ်စစ်ကုလားထိုင်ကို နယူးယောက်မြို့မှာ ၁၈၉၀ သြဂုတ်လ ၆ ရက်နေ့မှာ စတင်အသုံးပြုပါတယ်။ အီသီယိုပီးယားနိုင်ငံဘုရင် ဒုတိယမင်နီလိပ်က အဲဒီသတင်းကို ကြားပြီး တော်တော်သဘောကျသွားပါတယ်။ အဲဒါနဲ့ ခေတ်မှီလျှပ်စစ်ကုလားထိုင်သုံးလုံးကို နယူးယောက်မြို့က ကုမ္ပဏီဆီလှမ်းမှာယူလိုက်ပါတယ်။ ကုလားထိုင်တွေရောက်လာတော့ ဘယ်လိုမှ အသုံးပြုလို့မရတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက အီသီယိုပီးယားနိုင်ငံမှာ လျှပ်စစ်မီးလုံးဝမရှိလို့ပါပဲ။ ဘုရင်ကြီးဟာ ဈေးကြီးပေး ၀ယ်ထားတဲ့ ကုလားထိုင်သုံးလုံးကို နှမျောပြီး အလဟဿမဖြစ်စေဖို့အတွက် တစ်လုံးကို သူထိုင်မယ့် ရာဇပလ္လင်အဖြစ် အသုံးပြုလိုက်ပါတယ်။

အင်တာနက်စွဲရောဂါ



ခုခေတ်ဟာခေတ်ဖြစ်တာနဲ့အမျှ၊အင်တာနက်ရဲ့ကောင်းကျိုးတွေကြောင့် လူတွေအကျိုးကျေးဇူးရကြတယ်။ ဒါပေမယ့်ဒါဟာ အင်တာနက်ကို မဇ္ဈိမပဋိပဋာနည်းနဲ့ သုံးတတ်သူတွေအတွက်ဖြစ်ပါတယ်။
အလွန်အကျွံစွဲလမ်းသွားမိသူတွေကတော့ ဘိန်း၊ အရက်၊ ဆေးစတာတွေလိုအင်တာနက်စွဲရောဂါရတတ်ပါတယ်။