Showing posts with label images. Show all posts
Showing posts with label images. Show all posts

စာဖတ်ခြင်းကြောင့် အကျိုးကျေးဇူး ခံစားကြရသူများ

စာဖတ်သော အယ်ဒီတာ 
 ဆိုဗီယက်ရုရှား ခေတ်ပြောင်းတော်လှန်ရေးကြီးကို ခေါင်းဆောင် အောင်မြင်စေခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင် လီနင်ဟာ သတင်းစာဆရာ၊ ဂျာနယ်အယ်ဒီတာအဖြစ် စာအလွန်ဖတ်သူ   ဖြစ်တယ်။ စာအလွန်ဖတ်ပြီး ဆောင်းပါးတွေလည်း ရေးခဲ့ပါတယ်။ စာဖတ်လွန်းတဲ့ လီနင်ဟာ အမြင်ကျယ်ပါတယ်။

စာဖတ်သောရှေ့နေ



အမေရိကန်သမ္မတပေါင်း (၄၅) ဦးလောက် ရှိတဲ့အနက်မှာ လင်ကင်း(သို့) အေဗရာဟမ်လင်ကွန်း က ဘယ်သှူမှ မယှဉ်သာအောင် လူသေသော်လည်း နာမည်မသေသူ လေးစားချစ်ခင် မြတ်နိုးဖွယ် ပုဂ္ဂိုလ်ထူးကြီး ဖြစ်ပါသည်။ လင်းကင်းရဲ့ စာပေစာမျက်နှာများမှာ ကျောင်းတက်ရက် တစ်နှစ်ခွဲတောင် မရှိဘဲ ကျောင်းစာလည်း ကောင်းကောင်း မသင်ခဲ့ရရှာပါဘူး။ ဒါပေမယ့် စာပေကို အလှမ်းမဝေးဘဲ ရသမျှ လက်လှမ်းမီသမျှ စာတွေကို ဖတ်မှတ်လေ့လာတယ်။ ရှိတ်စပီယားနဲ့ အကျော်အမော် စာဆိုကြီးတွေရဲ့ စာတွေနဲ့ ရင်းနှီးလှတဲ့ လင်ကင်းရဲ့ မိန်ခွန်းတိုင်းက အဆီအသား ပြည့်ဝလှပြီး ပြည်သူ့ဘ၀င် စွဲနေလို့  ဒီနေ့အချိန်အထိ မေ့မရ တသသဖြစ်နေဆဲ ဖြစ်ပါတယ်။

                                  စာကြည့်တိုက်မှူးမှ ဗိုလ်မှူးကြီးအဆင့်သို့ 
 
 နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကာလအတွင်းမှာ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ကြရပါတယ်။ အဲဒီအခါမှာ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲကို ဟိန္ဒားသတ္တုမိုင်း အလုပ်သမားတစ်ယောက်ဟာ ယိုးဒယားမှ ရန်ကုန်သို့ တိုက်ခိုက်ချီတက်လာတဲ့ စစ်ကြောင်းမှာ ရဲဘော်အဖြစ် ၀င်ရောက်လုပ်ကိုင် လိုက်ပါလာခဲ့တယ်။ သူက ဟိန္ဒားသတ္တုတွင်း အလုပ်သမား စာကြည့်တိုက်မှာ “စာကြည့်တိုက်မှူး စေတနာ့ဝန်ထမ်း” လုပ်တယ်။ သူက အတန်းပညာ ရှစ်တန်း၊ ကိုးတန်းသာ အောင်ပေမယ့် စာဖတ်ဝါသနာထုံတော့ အလွန် စာဖတ်အားကောင်းတယ်။ ဘီအိုင်အေခေတ်မှာ သူဟာ ရာထူးအဆင့်ဆင့် တက်ပြီး အရာရှိ ဖြစ်လာတယ်။ ဗိုလ်ဗထူး ပါ့။ တိုက်ရည်ခိုက်ရည် ထူးထူးချွန်ချွန် ကောင်းတာကြောင့် တပ်ရင်းမှူးရာထူး ပေးအပ်ခြင်း ခံရတယ်။ (ရဲဘော်သုံးကျိပ်ဝင်တွေတောင် တပ်ရင်းမှူးရာထူး မရတဲ့သူတွေ ရှိပါတယ်) ဖက်ဆစ်တော်လှန်ရေးမှာတော့ ဗိုလ်ချူပ်အောင်ဆန်းက ဗိုလ်မှူးကြီးဗထူးကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ကွပ်ကဲ တိုက်ခိုက်စေပါတယ်။ စာဖတ်ခြင်းရဲ့ ကောင်းကျိုး နမူနာလေးပါ ။ ဗိုလ်မှူးကြီးဗထူးလို လူကောင်းလူတော်တွေ ဦးစီးကွပ်ကဲတော့ ဖက်ဆစ်တော်လှန်ရေးကြီးဟာလည်း   ပြည်သူတွေရဲ့ အားပေးကူညီမှုနဲ့ အင်္ဂလိပ်တွေ တအံ့တသြ ဖြစ်ရလောက်အောင်အထိ ရာဇ၀င် စာတင်ခဲ့ရတာပဲပေါ့။

                                       စာဖတ်သော အမျိုးသားခေါင်းဆောင်
 
သခင်အောင်ဆန်း (သို့) ဗိုလ်ချုပ်အောင်ဆန်းဟာ တိုက်ရေးခိုက်ရေး ရှေတန်းတင် ဦးစားပေးပြီး၊ ရိုးရိုးသားသား၊ အညာသားဆန်ပေမယ် တကယ့် သံတမန် စေ့စပ်ဆွေးနွေးမှု ၊ ရှေ့ဆောင်လမ်းပြနိုင်မှု၊ ဆုံးဖြတ်ချက် တိကျပြတ်သားမှုနဲ့ မြင်ကြားတတ်သိ လွယ်မှုတွေမှာ  ယှဉ်သာသူ မရှိလောက်အောင် ထင်ရှားလှပြီး ယနေ့တိုင် မြန်မာပြည်သူလူထုရဲ့ အမှတ်အသားကိုယ်စားပြု ဖြစ်နေဆဲ ဖြစ်ပါတယ်။ သခင်အောင်ဆန်းရဲ့ ပင်ကိုယ်စရိုက်အဖြစ် ဘုဆတ်ဆတ် ခပ်ပြတ်ပြတ် ပြောဆိုတတ်ပြီး၊ မလိုအပ်လျှင် နှုတ်ဆိတ်နေတတ်သော အမူအကျင့် ရှိသော်လည်း၊ ပြောရေးပြောသင့် ပြောခွင့်ကြုံတဲ့အခါ ထိထိရောက်ရောက်၊ ထက်ထက်မြက်မြက် ရှိလှခြင်းက စာအလွန် ဖတ်ခြင်းကြောင့် ဖြစ်ပါတယ်။ ကိုယ်တိုင် ကဗျာ၊ ၀တ္ထု၊ ဆောင်းပါးများကိုလည်း ရေးသားနိုင်ခဲ့သူ ဖြစ်ပါတယ်။

စာဖတ်သော ထောင်ထွက်အလှူရှင်
   ပခုက္ကူဒေသမှ ထနောင်းကုန်းကျေးရွာအုပ်စု ရှားတောရွာနေ ငယ်အမည် တောခွေး (ခ) မောင်အုံးဖေရဲ့ ဘ၀အစက နွမ်းပါးလှပြီး မြင်းထိန်း၊ ကွမ်းယာသည်၊ ဖောင်သမား၊ ကျပန်းအလုပ်စုံနဲ့  ဓားပြဖြစ်ပြီး   ထောင်သုံးကြိမ် ကျဖူးခဲ့ပါတယ်။ ထောင်တွင်းမှာ ဘ၀သစ်၊ အတွေးသစ်တွေကို စာပေများမှ ရယူပြီး မကောင်းမှုများ စွန့်လို့ သူဌေးသူကြွယ်၊ ကုန်သည်ပွဲစား ဖြစ်ခဲ့ပါတယ်။ ဘ၀မှတ်တမ်းများနဲ့ “ပခုက္ကူဦးအုန်းဖေ” ဆိုတဲ့ ကလောင်တစ်ချောင်းလည်း ပိုင်ဆိုင်ခဲ့ပြီး စာပေရန်ပုံငွေ (၇၆-သန်း)ကျော် နဲ့ ပညာရေးထူးချွန်ဆု ရန်ပုံငွေ (၅၄-သိန်း)ကိုလည်း စာပေမျိုးစေ့ချ လှူဒါန်းပြီး ပရဟိတ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

စာဖတ်သော အထွေထွေ အတွင်းရေးမှူးချုပ် 

အာရှကုလသမဂ္ဂခေါင်းဆောင် ပထမဦးဆုံး မြန်မာနိုင်ငံမှ သက်တမ်းနှစ်ကြိမ် (၁၀ နှစ် တိတိ) တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်ဟာ ပန်းတနော် အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး စာအလွန်ဖတ်သူတစ်ဦး ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အားလုံးက ကန့်ကွက်မဲမရှိ တညီတညွတ်တည်း   ထောက်ခံရွေးချယ် ခန့်အပ်ခံရခြင်းက စာအရမ်းဖတ်လို့ ကမ္ဘာ့ခေါင်းဆောင်နေရာ ရောက်သွားခဲ့တာပါ။

                                          စာအလွန်ဖတ်သော ၀န်ဇင်းမင်းရာဇာ
မြန်မာရာဇ၀င်များထဲမှ ဘုရင်စိတ်ကျေနပ်သည်အထိ အတိအကျ မှန်ကန်စွာ ဖြေကြားနိုင်ခဲ့လို့ အင်းဝဘုရင် စွာစော်ကဲ လက်ထက်မှ မင်းလေးဆက်တိုင်အောင် ရာထူးချီးမြှင့် ခံခဲ့ရပါတယ်။ ဘိုးရာဇာ လျှောက်ထုံးများဟာ ယနေ့အထိ မှန်ကန်ဆဲ၊ ကိုးကားနေရဆဲလည်း ဖြစ်ပါတယ်။ နန်းတော်မှာလည်း အမတ်ကြီး ဘိုးရာဇာအဖြစ် ရာဇ၀င် ထင်ရှားနေရခြင်းများက စာဖတ်တဲ့ အကျိုးများ ဖြစ်ပါတယ်။

ငယ်ပါထွားသူတစ်ဦး လေဆိပ်မှာ လုံခြုံရေးကြောင့် အခက်ကြုံ

အမေရိကန်နိုင်ငံတစ်ဝန်း လေကြောင်းခရီးနဲ့ ခရီးသွားလာဖူးသူများ တစ်နိုင်ငံလုံးမှာရှိတဲ့ တင်းကျပ်တဲ့ လေဆိပ်လုံခြုံရေး အကြောင်း တစေ့တစောင်း သိကောင်း သိကြပါလိမ့်မယ်။   လေဆိပ်လုံခြုံရေး အရ နိုင်ငံ့ခေါင်း ဆောင်များနှင့် ထိပ်တန်း အရာရှိကြီး များမှအပ ကျန် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ နှင့် ကလေးပါမကျန် ခရီးသွား အားလုံးဟာ မိမိတို့ဝတ်ဆင်လာတဲ့ ဖိနပ် နဲ့ ပိုက်ဆံအိတ်ကအစ ခါးပတ် အဆုံး ပါသမျှကို X-ray Scanner နဲ့ စစ်ဆေးခံကြရပါတယ်။ အခန့်မသင့်လို့ သံသယရှိရင်တော့ ကိုယ်လုံးပေါ် Scanner နဲ့ ထပ်မံ စစ်ဆေးခံရပါဦးမယ်။ ဒီ့ထက်ပိုပြီး သင်္ကာမကင်းဖြစ်ရင်တော့ လှန်လှောပြီး စစ်ဆေးခံရပါလေဦးမယ်။

ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်တဲ့ အမျိုးသမီး

ချန်ဝီရီး ဆိုသော ထိုင်ဝမ်မှ အမျိုးသမီး သည်  မိတ်ဆွေ အယောက် ၃၀ နှင့်အတူ သူမ၏ မင်္ဂလာပွဲ ကျင်းပရန် မင်္ဂလာခန်းမ ငှါးရမ်းလိုက်ပါသည်။ သို့သော် ဤမင်္ဂလာဆောင်အတွက် သတိုးသား မရှိပါ။ သူမမိမိကိုယ်မိပြန်လက်ထပ်မည်ဖြစ်သည်။









သင်တို့ ယနေ့ သုံးနေတဲ့ ပစ္စည်းတွေရဲ့ တီထွင်သူနာမည်များ

ကွန်ပျုတာ

တီထွင်သူ။………..။ ချားလ်စ် ဘက်ဘေ့ခ်ျ။
လူမျိုး။……………။ အင်္ဂလိပ်။
ခုနှစ်။…………….။ ၁၈၂၃။
ရည်ရွယ်ချက်။…….။ ရှည်လျားစွာ တွက်ချက်စစ်ဆင်နိုင်ရေး။
တိုးတက်မှူရလဒ်။….။ အသိပညာနှင့် အီလက်ထရောနစ် ကွန်ပျုတာများ။










Facebook တည်ထောင်သူ မာခ်ဇူကာဘာဂ် ၏ မင်္ဂလာပွဲ


FNG ကမ္ဘာ့ အကြီး ဆုံး အင်တာနက် လူမှု ကွန်ယက် ကို တည်ထောင်သူ မာခ်ဇူ ကာဘဂ် သည် သူနှင့် ကာလ ကြာရှည် စွာ ချစ်ကြိုက် ခဲ့ သည့် ကာလီဖိုးနီးယား တက္ကသိုလ် (ဆန်ဖရန် စစ္စကို) မှဆေးကျောင်းသူ ပရက်ဆီလာ ချန်း နှင့် ယနေ့  Facebook ကုမ္ပဏီ ရုံး ချုပ် ရှိ ရာ ကာလီဖိုးနီးယားပြည်နယ် ပါလို အယ်(လ)တို ရှိ ဇူကာဘင်္ဂ ၏ ခြံနောက်ဖေး တွင် ကျင်း ပခဲ့ သည် ဟု FNG မှသတင်း ရရှိသည်။


ပေါက်တယ်နော်....အရည်အချင်းရှိသောခွေး





  ရေသန့် ရောင်းခြင်းသည်သမာအာဇိဝအလုပ်ဟုဆိုသောလည်း နေစဉ်နေပူတွင်ရပ်ဈေးရောင်းရသည်ကို
ခွေးကမနှစ်သက်ပေ..။

ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ

ဘလန့်ခ်ျ ဒူးမတ်စ် ဆိုတဲ့အမျိုးသမီးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ စိတ်ကူးယဉ် ပုံပြင်ဝတ္ထုတွေထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ် ။ဘလန့်ခ်ျ ဒူးမတ်စ် ကို ပြင်သစ်လူမျိုး ဖခင်နဲ့ လူမည်းသွေးအနည်းငယ်ပါတဲ့ မိခင်တို.က မာတင်းနစ်ကျွန်းစုမှာ ၁၈၆၀ ခုနှစ်တွင် မွေးဖွားတယ်လို. ယုံကြည်ရပါတယ် ။သူမအသက် ၂၅ နှစ်တွင် ဆေးပညာမှ မူမမှန်မှုများနဲ့
ထူးခြားမှုများ ဆိုတဲ့ စာတမ်းမှာဖေါ်ပြခံရပါတယ် ။ အဲဒီစာတမ်းမှာ သူမကို
"modified duplication of the lower body " လို. ရည်ညွန်းခဲ့ပါတယ် ။

ခန္ဓာကိုယ် တစ်ပိုင်းပြတ် လူသား

၁၉၁၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာ အမ်မီလီယာ နဲ့ ဂျွန် အက်ဟတ် တို.
ဇနီးမောင်နှံဟာ ဂျွန်ဂျူနီယာ နဲ့ ရောဘတ် လို.ခေါ်တဲ့ သားအမွှာနှစ်ဦး   မွေးဖွားခဲ့ပါတယ်။ ဂျွန်ဂျူနီယာမှာသာ ခါးအောက်ပိုင်းအစိတ်အပိုင်းတွေ ပါဝင်ခဲ့မယ်ဆိုရင် ဒီအမွှာညီအစ်ကိုနှစ်ယောက်ဟာ အတော်လေးဆင်တူမှာ   ဖြစ်ပါတယ်။ ခုတော့ ရောဘတ် မှာ ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာရှိခဲ့ပေမဲ့ ဂျွန်ဂျူနီယာကတော့ ကိုယ်တစ်ပိုင်းပြတ် ကလေးငယ်လေးအဖြစ်နဲ့သာ   မွေးဖွားခဲ့ရပါတယ် ။     ဒီညီအစ်ကိုနှစ်ယောက်ဟာ    ဘဲတီမိုးမှာကြီးပြင်းခဲ့ ကြပါတယ် ။

အမေရိကန်နိုင်ငံမှ ဘာဘီရုပ်နှင့်ချွတ်စွပ်တူသော မိန်းလေး . .

မကြာသေးမှီသော အချိန်ကာလအတွင်း တွင် 16 နှစ်ပြည့်သွားပြီဖြစ်သည့် အမေရိကန်နိုင်ငံမှ ကျောင်းသူလေး Kotakoti ဟာအွန်လိုင်းမှာဆိုရင် လူသိများပြီးနောက် ၄င်း၏ Face book စာမျက်နှာတွင် လာရောက်သူငယ်ချင်းအဖြစ် အပ်ကြသူများ နှင့်ရေပန်းစားကာ   ကျောင်းတွင်   နှင့်အခြား ပြင်ပလောကတွင်လည်း နာမည် ကြီးသူလေး စန်းပွင့်သူလေးတစ်ယောက်ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော်   သူမသည် ဇာတ်လမ်းတွဲများ အရုပ်များသာ ရှိသည်ဟုထင်ကြသည့် Barbie အရုပ်ကလေးနှင့် အလွန်ကိုတူနေသောကြောင့်ဖြစ်ပါသည် ။



ကမ္ဘာ့အကျော်အမော် တရုတ် အားကစားသမားများ

တရုတ်က စီးပွားရေးမှာတင် စူပါပါဝါဖြစ်လာရုံ မဟုတ်ဘဲ၊ အားကစားမှာလည်း ကမ္ဘာ့အင်အားကြီးဖြစ်အောင် တည်ဆောက် နေသည်။ ပြီးခဲ့တဲ့ ပေကျင်းအိုလံပစ်မှာ တရုတ်အားကစားသမားတွေက အခြားနိုင်ငံတွေထက် ရွှေတံဆိပ်ပိုမို ရရှိခဲ့ကြသည်။လာမယ့် ဇူလိုင်လ လန်ဒန်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာလည်း တရုတ်က ရွှေတံဆိပ် အများဆုံးရဖို့ အသားကုန် ပြန်ဆင်နေကြသည်။

ယောက်ျားပီးပီသသ သန့်ပြန့်ချောမောလှတဲ့ ကမ္ဘာ့အခန့်ညားဆုံး အမျိုးသမီးဆယ်ယောက်



အခုပြောပြမယ့်သူတွေက မွေးဖွားလာစဉ်တုန်းကတော့ အမျိုးသမီး တယောက်လို မွေးဖွါးလာခဲ့ ကြပေမယ့်လို့ သူတို့စိတ်က ကိုယ့်ကိုယ်ကို အမျိုးသားတယောက်လိုပဲ ခံယူသတ်မှတ်ထားကြသူတွေဖြစ်တဲ့ အတိုင်း ဘ၀ကို အမျိုးသားတယောက်လို ပြောင်းလဲနေထိုင်ပြီး အသက်ရှင်နေထိုင် သွားခဲ့ကြသူတွေပါ။ ဒါပေမယ့် ဒီလူတွေကို ပေါ့သေးသေးတော့ မထင်လိုက်ပါနဲ့၊ ရွေးထားတဲ့ ဆယ်ယောက်စလုံးက သူတို့ ကျွမ်းကျင်တဲ့ လုပ်ငန်းနယ်ပယ်မှာ အောင်မြင်မှုရနေတဲ့သူတွေဖြစ်သလို လှပခန့်ညားတဲ့ အမျိုးသားစစ်စစ်တွေ လုံးလုံးကို ဖြစ်နေတဲ့သူတွေဖြစ်ပါတယ်။

အမျိုးသမီးတယောက်လို ချောမောလှပ ဆွဲဆောင်မှုရှိတဲ့ အောင်မြင်ကျော်ကြား အမျိုးသားများ


(1)   Andrej Pejic

ဆားဗီယားနဲ့ သြစတြေးလျ သွေးစပ်တဲ့ ကိုယ်ဟန်ပြမောင် အန်ဒရေ ပဲဂျိစ်ဟာ အမျိုးသား၊ အမျိုးသမီး ပုံစံနှစ်မျိုးလုံးနဲ့ ကိုယ်ဟန်ပြနိုင်စွမ်းတဲ့ သူတယောက်အနေနဲ့ လူသိများ အောင်မြင်ကြော်ကြားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ဇန်န၀ါရီလက ပဲရစ်မှာကျင်းပတဲ့ ဖက်ရှင်ရှိုးပွဲတခုမှာ ဒီဇိုင်နာ ဂျင်းပေါ်ဂေါ်ရှီယာအတွက် အမျိုးသမီးဖက်ရှင်ဝတ်စုံတွေကို ၀တ်ဆင်ပြသပေးခဲ့သလို၊ မာ့က် ဂျက်ကော့ အတွက်တော့ အမျိုးသားဝတ်စုံတွေကို ၀တ်ဆင်ပြသပေးခဲ့တာ ဖြစ်ပါတယ်။ အွန်လိုင်းဝက်ဘ်ဆိုက် တခုဖြစ်တဲ့ models.com ရဲ့ လှပခန့်ညာဆုံး ထိပ်တန်း အမျိုးသားမော်ဒယ် (၅၀) ယောက်စာရင်းမှာ သူက နံပါတ် (၁၈) ချိန်ထားခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီအပြင် နာမည်ကျော် မဂ္ဂဇင်း FHM ရဲ့ ကမ္ဘာပေါ်က လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး အယောက် (၁၀၀) စာရင်းမှာ ပဲဂျိစ်က နံပါတ် (၉၈) အဆင့် ချိတ်ခဲ့ပြန်ပါသေးတယ်။


(2)   Lea T.

သူမကတော့ အခြား ကမ္ဘာကျော် ထိပ်တန်းအမျိုးသမီး ကိုယ်ဟန်ပြမယ်တွေနဲ့တန်းတူ အခကြေးငွေရနေတဲ့ တဦးတည်းသော အမျိုးသားကနေပြီး အမျိုးသမီးဘ၀ကို ပြောင်းလဲနေထိုင်တဲ့ ကိုယ်ဟန်ပြမယ်လေးပါ။ ဘရာဇီးလ်နိုင်ငံသားဖြစ်တဲ့ လီယာတီကို 1981 ခုနှစ်က လီယန်ဒရို စီရက်ဇို ဆိုတဲ့နာမည်နဲ့ ယောက်ျားလေးတယောက်အဖြစ် မွေးဖွားလာတဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲနေထိုင်တဲ့ ကိုယ်ဟန်ပြမယ်တယောက်အနေနဲ့ ဖက်ရှင်လောကမှာ တဟုန်ထိုး အောင်မြင်ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ ထိပ်တန်း နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ ဂီဗင်ချီရဲ့ အနှစ်သက်ဆုံး ဆူပါမော်ဒယ်လ်တွေထဲမှာ လီယာတီ တယောက်လည်း အပါအ၀င် ဖြစ်တယ်လို့လည်း သိရပါတယ်။

(3)   Claudia Charriez


ဒီတယောက်ကိုတော့ ကြည့်လိုက်စမ်းပါဦး မွေးလာတုန်းက ယောက်ျားလေးပါလို့ ကျိန်ပြောရင်တောင် ဘယ်သူမှယုံမှာ မဟုတ်ဘူးနော်။ အတော်ဆွဲဆောင်မှုရှိပြီး သိပ်လှတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသူလေးပါ။ ဒီလိုလှပတဲ့ ရှာရီးဇ်ကို ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲနေထိုင်တဲ့ သူဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံရဲ့ အဆင့်မြင့် မော်ဒယ်ပြိုင်ပွဲတခုဖြစ်တဲ့ (America’s Next Top Model နဲ့ Janice Dckinson မော်ဒယ်အယ်ဂျင်စီရဲ့ တီဗွီအစီအစဉ်) ကနေ ၂၀၀၈ ခုနှစ်က ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနှစ်နှောင်းပိုင်းမှာပဲ America’s Next Top Transsexual Model Contest လို့ခေါ်တဲ့ ဆန့်ကျင်ဖက်လိင်လို ၀တ်စားနေထိုင်သူတွေရဲ့ သီးသန့်ပြိုင်ပွဲမှာ ပြန်လည် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ခုလောလောဆယ်မှာတော ကမ္ဘာ့ထိပ်တန်းမော်ဒယ် စာရင်းဝင်တယောက် ဖြစ်လို့နေပါပြီ။


(4)   Isis King


အိုင်းစစ်ကင်းကို ဒယ်ရာယ် ဝေါလ်ဆိုတဲ့ ယောက်ျားလေးနာမည်နဲ့ ၁၉၈၅ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကင်းက အမေရိကန်နိုင်ငံရဲ့ မော်ဒယ်ပြိုင်ပွဲ (America’s Next Top Model) ရုပ်သံအစီအစဉ်မှာ ရာသီနှစ်ခုလုံးထိတိုင်အောင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တဲ့ တဦးတည်းသော ဆန့်ကျင်ဖက်လိင်လို ၀တ်စားနေထိုင်တဲ့ မော်ဒယ်တဦးဖြစ်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ သူလည်း ထိပ်တန်းမော်ဒယ် စာရင်းဝင်တယောက်ဖြစ်လို့နေပါပြီ။


(5)   Florencia De La V


အာဂျင်တီးနားသူလေး ဖလော်ရင်ရှား ဒီလာဗွီ ကို လွန်ခဲ့တဲ့ ၁၉၇၆ ခုနှစ်က ရောဘတ်တို ကားလို့စ် ထရီနီဒတ် လို့ခေါ်တဲ့ ယောက်ျားလေးတယောက်အနေနဲ့ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးဖြစ်တဲ့ တဦးတည်းသော ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲထားတဲ့ ရုပ်ရှင်မင်းသမီးတယောက်လို့ ပြောရင်လည်း ရနိုင်ပါတယ်။ ဒီလာဗွီဟာ ရုပ်သံဇာတ်လမ်း၊ မဂ္ဂဇင်းစာစောင်နဲ့ နိုက်ကလပ်တွေ အတော်များများမှာ တင်ဆက်ဖော်ပြခံခဲ့ရသလို မဂ္ဂဇင်းအယ်ဒီအဖြစ်နဲ့လည်း လုပ်ကိုင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အိမ်ထောင်ကျနေပြီဖြစ်တဲ့ ကလေးအမွာပူးနှစ်ယောက်ရဲ့ မိခင်တယောက် ဖြစ်လို့နေပါပြီ။ အဲဒီကလေးအမွာပူးလေးကိုတော့ အငှားကိုယ်ဝန်နဲ့ ရယူခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

(6)   Sirapassorn Atthayakorn


ဒီတယောက်ကလည်း မွေးတုန်းကယောက်ျားလေးပါလို့ပြောရင် ဘယ်လိုမှကို မထင်ရက်လောက်အောင်ကို ချောမောလှပသူလေးပါ။ နာမည်အတိုကောက် အာကာ ဆမ်မီလို့ခေါ်တဲ့  ၂၀၁၁ ခုနှစ်ရဲ့ နိုင်ငံတကာအလှမယ်သရဖူဘွဲ့ (Miss International Queen) ကိုဆောင်းခဲ့တဲ့ ထိုင်းနိုင်ငံက ဆီရာပါစ်ဆွန် အပ်ထရာကွန်ပဲဖြစ်ပါတယ်။ အဲဒီ အလှမယ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ နှစ်စဉ်ကျင်းပတာဖြစ်ပြီး နိုင်ငံတကာက လိင်ပြောင်းလဲ ခွဲစိတ်ထားပြီးတဲ့သူတွေနဲ့ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်စားနေထိုင်တဲ့ အလှမယ်လေးတွေအတွက် သီးသန့်ပြုလုပ် ကျင်းပပေးတဲ့ ပွဲကြီးတခုဖြစ်ပါတယ်။

(7)   Chamila Arsanka


သိရိလင်္ကာနိုင်ငံသူလေး ချာမီလာ အာဆန်ကာတယောက် အခုအချိန်မှာ ကမ္ဘာ့ဖက်ရှင်လောကထဲမှာ စတင်နာမည်ရစ ပြုလာနေပြီဖြစ်တဲ့ မော်ဒယ်ကိုယ်ဟန်ပြမယ်တယောက်ပါ။ လွန်ခဲ့တဲ့ ၂၀၁၁ က ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ ကျင်းပတဲ့ အလှမယ်ရွေးပွဲမှာ သူမလည်း ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။


(8)   Caroline “Tula” Cossey


အင်္ဂလိပ်လူမျိုးတယောက်ဖြစ်တဲ့ ကယ်ရိုလိုင်း တူလာ ခိုဆေ ဟာလည်း ကမ္ဘာသိ မော်ဒယ် ကိုယ်ဟန်ပြမယ်တယောက် ဖြစ်ပါတယ်။ အဲဒီအပြင် ဂျိန်းစဘွန်းကာ “The Living Daylights” မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ တဦးတည်းသော ဆန့်ကျင်ဖက်လိင်ကို ပြောင်းလဲထားတဲ့သူ တယောက်အနေနဲ့လည်း လူသိများတာဖြစ်ပါတယ်။ လိင်ဆွဲဆောင်မှုကောင်းတဲ့ သူတယောက်ဖြစ်တဲ့အတွက် ပလေးဘွိုင်းမဂ္ဂဇင်းတွေအတွက် ဓါတ်ပုံအလှအရိုက်ခံတဲ့ အလုပ်တွေကို လုပ်ကိုင်နေသူတယောက် ဖြစ်ပါတယ်။ အဲဒီအပြင် သူမရဲ့ ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲနေထိုင်ရတဲ့ ဘ၀နဲ့ပတ်သက်ပြီး “I AM A WOMAN” “ကျမမိန်းမသားပါ” ဆိုတဲ့စာအုပ်တအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့တဲ့ သူဖြစ်ပါတယ်။

(9)   Roberta Close


ဘရာဇီးနိုင်ငံသူလေး ရောဘတ်တို ခလိုးစ်က လိင်ပြောင်းလဲခွဲစိတ်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ဘရာဇီးနိုင်ငံထုတ် ပလေးဘွိုင်းမဂ္ဂဇင်းမှာ ပထမဦးဆုံး ဖော်ပြခံခဲ့ရတဲ့ ဆန့်ကျင်ဖက်လိင်လို ပြောင်လဲနေထိုင်တဲ့ ကိုယ်ဟန်ပြမယ်တယောက် ဖြစ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ လိင်ပြောင်းလဲ ခွဲစိတ်ပြီးသွားတာနဲ့တပြိုင်တည်း ဘရာဇီးက ကိုတော်အချောတွေကြည့်ဖို့အတွက် သီးသန့်ထုတ်ဝေတဲ့ ဆက်ဆီ မဂ္ဂဇင်းမှာ ကိုယ်တုံးလုံးနဲ့ ကိုယ်ဟန်ပြ သရုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာတင်ပဲ ခလိုးစ်တယောက် ဘရာဇီးနိုင်ငံရဲ့ အချောဆုံးအလှဆုံး အမျိုးသမီးတယောက်အနေနဲ့ မဲပေးခံခဲ့ရတာ ဖြစ်ပါတယ်။


(10)  Malika


ကျမကအမှန်ဆို မိန်းကလေးဖြစ်ရမှာ စိတ်နဲ့ကိုယ်မှားပြီး မွေးလာခဲ့တာလေဆိုပြီး ပြောလေ့ရှိတဲ့ အိန္ဒိယသူလေး မာလိကာဟာ သူမရဲ့ စိတ်ကူးအိမ်မက်ဖြစ်တဲ့ မိန်းကလေးစစ်တယောက်ဖြစ်လာဖို့အတွက်ကို ခွဲစိတ်မှုပေါင်းမြောက်များစွာ တဆင့်ပြီးတဆင့် ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မာလိကာဟာ ထိုင်းနိုင်ငံမှာကျင်းပတဲ့ ၂၀၁၁ အလှမယ်ရွေးပွဲမှာ အိန္ဒိယနိုင်ငံရဲ့ တရားဝင်ကိုယ်စားပြုမယ်အဖြစ်နဲ့ ပထမဦးဆုံးလာရောက်ယှဉ်ပြိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။

နောနွဲ့နှောင်း
ဖေဖော်ဝါရီလ ၇ ရက်နေ့။ ၂၀၁၁ ခုနှစ်။



ပေါင်ပေါ်တွင် Laptop တင်၍ အသုံးပြုသူများအတွက် ဂျင်းဘောင်းဘီ

ပေါင်ပေါ်တွင် Laptop တင်ပြီး အသုံးပြုခြင်းကို အခြေခံကာ IT နည်းပညာသုံး ဂျင်းဘောင်းဘီ တစ်ခုကို ဖန်တီး တီထွင်လိုက်သည်။ အဆိုပါ ဂျင်းဘောင်းဘီ၏ ပေါင်နေရာတွင် Laptop မှ Keboard ကို ထည့်သွင်း တပ်ဆင်ထားပြီး ဘောင်းဘီ၌ Mouse နှင့် Speaker များပါ ပါရှိနေသည်။ ထို့ကြောင့် အခြားမည်သည့် ကွန်ပျူတာနှင့်မဆို ချိတ်ဆက်ကာ ဘောင်းဘီကို အကျိုးရှိရှိ အသုံးချနိုင်မည် ဖြစ်သည်။

g+ Attack , FaceBook ပက်လက်


အားလုံးသိကြတဲ့အတိုင်း g+ ကတော့ facebook ကို အမှီလိုက်နေပါပြီ။ facebook က g+ ကို mini facebook လို့ နှိမ်ချပြီး ခေါ်ပေမယ့် g+ ကတော့ ခြေလှမ်းပိုပို ကျဲလာပါတယ်။ အခုပုံလေးတွေကတော့ g+ က facebook ကို အပီအပြင် နှိပ်စက်နေတဲ့ gif ပုံလေးတွေပါ။ www.mmcfamily.org ကနေ ကြိုက်လို့မလာတာပါ။

တူဂျင်၇ှန်း (အမျိုးသားအတွင်းအား သင်တန်း)


ထိုင်ဝမ်လူမျိုး တူဂျင်၇ှန်း ဆိုတာ ကီဂွန်းကျောင်းရဲ့ ဆရာပါ ။ သူရဲ့ "၉၉ ကီဂွန်း သံမဏိအတွင်းအား" ပညာဟာ အလွန်ကျော်ကြားနေပါတယ် ။ သူ့ရဲ့ကျောင်းမှာ အလေးထားသင်ကြားပေးနေတဲ့ပညာရပ်ကတော့ အမျိုးသားတွေရဲ့ အဓိကအင်္ဂါအစိတ်အပိုင်းကိုကြောက်ခမန်းလိလိ သန်မာပြီး စွမ်းအားထက်မြက်လာအောင် လေ့ကျင့်ပေးတဲ့ ကီဂွန်း
အတွင်းအားပညာရပ် ပါပဲ …