မူးမော်သူများ၊အညော်မိတက်သူများ အနေဖြင့် ကြက်ဟင်းခါးရွက်ကို ပွတ်ခြေကာ ရူပေးခြင်းဖြင့်သက်သာစေပါသည်။ |
ဓါးတွင် ကြက်သွန်နံ့များမပျောက်ပါက အာလူးအခွံနဲ့ ပွတ်တိုက်ပါ။တအောင့်ကြာလျင်
ဆပ်ပြာဖြင့်ပွတ်တိုက်ဆေးကြောပါ |
ဖိနပ်လည်သာများ အရောင်တင်လိုပါက ငှက်ပျောသီးအတွင်းခွံနဲ့ ပွတ်တိုက်ပေးပါ။ ပြောင်စင်လာပါလိမ့်မည်။ |
အမှိုက်ပုံးများအနံ့ထွက်နေလျင် သံပုရာသီးအခွံများကိုထည့်ပြီး
အဖုံးအုပ်ထားလိုက်ပါ။ခဏကြာလျင် အနံ့များပျောက်သွားပါလိမ့်မည်။ |
သစ်ခွပင်များကိုရေလောင်းပါက ရေအစား ရေခဲတုံးလေးများထည့်ပေးခြင်းက
ပိုမိုလွယ်ကူအဆင်ပြေစေပါလိမ့်မည်။ |
မျက်နှာတွင်ဝက်ခြံများပေါက်နေပါကသံပုရာရည်နစ်စက်၊ဆားနှင့်အပွေးကုန်သွားသောသနပ်ခါးတုံးကို
ရော ကာသွေးလိမ်းပါ။ပေါက်ကင်းပါလိမ့်မည်။ |
အဆီပြန်သူများအတွက် သလဲသီးနှင့် မျက်နှာကို ပွတ်တိုက်ပေးပါ။သက်သာပါလိမ့်မည်။ |
နှလုံးအားနဲနေသူများအတွက် ချောကလက်နှင့် ပန်းသီးကို
ကျွေးပေးပါ။ |
အသားဟင်းများ အနူးလိုနေလျင် သဘောင်္သီးအစိမ်း ထည့်ချက်ပါ။အလျင်အမြန်နူးပါလိမ့်မည်။ |
နှာစေးနှာပိတ်နေသူများအတွက် ခြေထောက်ကို အနွေးဓာတ်ရစေရန်
ဖယောင်းတိုင် (သို့မဟုတ်) မီးခဲ ဖြင့် ခြေဖ၀ါးကိုကင်ပေးပါ။နွေးနေအောင်ကင်ပေးပါ။ |
ဆံသားတွေကျန်းမာနေစေရန်
ဦးရေပြားကို ငါးမိနစ်လောက် နှိပ်ပေးပါ။
|
FWD Mail
amalinaeds@gmail.com
No comments:
Post a Comment
အကြံပေးကြည့်ပါလား.......