Italy
အီတလီတွေရဲ့ မျက်တောင်တွေဟာ စိုပြေပြီး အရမ်းလှတယ်လေ။ သူတို့ဟာ ဆယ်ကျော်သက်ဘ၀ထဲက အဖွားတို့အမေတို့ပြောလို့ ညမအိပ်ခင် မျက်တောင်ကို ကြက်ဆူဆီလိမ်းပေးတဲ့အကျင့် ရှိတာကိုး။ |
ပိုလန်တွေဟာ သူတို့ရဲ့အလှအပအတွက် ပျားရည်ကို သုံးကြတယ်တဲ့။ ပျားရည်ကိုအပူပေးပြီး မျက်နှာရဲ့အစိုဓာတ်အတွက် လိမ်းကြသလို နှုတ်ခမ်းသားတွေ နှုးညံ့စိုပြေစေဖို့ နှုတ်ခမ်းသားမှာလည်း လိမ်းကြပါသေးတယ်။ |
India
အိန္ဒိယလူမျိုးတွေရဲ့ ဆံပင်ဟာ အရမ်းကောင်းတယ်နော်။ ဆံပင်လည်း သန်တယ်။ မဲနက်တောက်ပြောင်နေတယ်လေ။ အဲ့ဒါ အုန်းဆီရဲ့တန်ခိုးကြောင့်ပေါ့။ အုန်းဆီဟာ ဆံလုံးသေးပြီး အရမ်းပါးတဲ့ဆံပင်ကိုလည်း သန်စွမ်းစေတယ်။ လုပ်ရမှာကတော့ ညအိပ်ယာမ၀င်ခင် အပူပေးထားတဲ့အုန်းဆီကို တခေါင်းလုံးအနှံ့လိမ်း၊ ဦးရေပြားကို အသေအချာလေးနှိပ်နယ်ပြီး အိပ်လိုက်ပါ။ မနက်အိပ်ယာနိုးတော့ လျှော်လိုက်ပေါ့။ တပတ်တခါ ပုံမှန်လုပ်ပေးရင် ဆံသားတွေပျက်စီးနေတာတွေနဲ့ ဆံပင်နှစ်ခွဖြစ်တာတွေပါ ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။ |
Egypt
Australia
သြစတြေးလျတွေဟာ သူတို့ခြေထောက်က အသားမာတွေပျောက်ကင်းအောင် ထောပတ်သီးအခွံနဲ့ သေချာပွတ်တိုက်ကြသတဲ့။ |
Spain
စပိန်တွေရဲ့ ဓလေ့ကတော့ မျက်ကွင်းညိုပြီဆိုတာနဲ့ အာလူးကို ပါးပါးလှီးပြီး မျက်လုံးမှာ ကပ်လိုက်တာပါပဲ။ ၁၀ မိနစ်လောက်ကပ်လိုက်တာနဲ့ မျက်ကွင်းညိုတာလည်း သက်သာသွားတယ်တဲ့။ |
Jamaica
ဂျမေကာတွေကတော့ အထူးအဆန်းပဲ။ သူတို့ မျက်နှာလေးတွေ နူးညံနေဖို့နဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ ငှက်ပျောသီးအခွံနဲ့ မျက်နှာကိုပွတ်တယ်တဲ့။ နေလောင်တာကို ကုသတာမှာလည်း ငှက်ပျောသီးအခွံကိုသုံးပါသေးတယ် |
Japan
Scotland
အသားဖြူတဲ့ စကော့တလန်သူတွေရဲ့ အသားအရေဟာ အရမ်းထိခိုက်လွယ်ပါတယ်။ သူတို့ဟာ အသားအရေ ကောင်းမွန်အောင်အသားအရေကို သန့်စင်ပြီးတာနဲ့ မက်မွန်ဆီကို လိမ်းကြပါတယ်။ |
Taiwan
ထိုင်ဝမ်ကလူတွေဟာ ကျန်းမာလှပနေတာဟာ ရေနွေးကြမ်းရဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့်ပါ ရေနွေးကြမ်းရည် လိမ်းကြပါသတဲ့။ |
Turkey
တူရကီတွေဟာ ဒိန်ချဉ်အများကြီး သောက်ကြပါတယ်။ ဒိန်ချဉ်ဟာ အစာတွေကို ချေဖျက်တာကို အကူအညီပေးလို့ အစားအစာတွေရဲ့ အဟာရဓာတ်ကို ပိုရပြီး ပိုကျန်းမာလှပနိုင်တယ်လို့ ယုံကြည်ကြလို့ပါပဲ။ |
France
ပြင်သစ်တွေရဲ့ သွားတွေက ခိုင်ခံ့ပြီး ပိုးလည်းမစားဘူးတဲ့။ ဘာလို့လဲသိလား။ သူတို့က ဒိန်ခဲတွေ အရမ်းစားတယ်လေ။ ဒိန်ခဲမှာပါတဲ့ ဓာတ်တွေက သွားကြွေလွှာတွေကိုခိုင်ခံ့စေပြီ ကာကွယ်ပေးလို့ပါ။ |
Sweden
ဆွီဒင်က အလှပဂေးတွေဟာ သူတို့သားအရေလှပဖို့ ဘလူးဘယ်ရီသီးအစိမ်းတွေကို တခြားအသီးအနှံတွေ အသားတွေနဲ့ တွဲဖျက်ပြီး စားသုံးကြပါသတဲ့။ |
Brazil
မြန်မာ
နောက်ဆုံးပုံကတော့ ကမ္ဘာအလှဆုံးပါ (သနပ်ခါးတဲ့) :) |
No comments:
Post a Comment
အကြံပေးကြည့်ပါလား.......