အဆီကျ ဟင်းရည် ချက်နည်း


ကြက်သွန်ဥကြီး ( ၆) လုံး 
ငရုတ်သီးပွ ( အစိမ်း ) ( ၂ ခု )
ခရမ်းချဉ်သီး ( ၆ ) လုံး
Celery  တရုတ်နံနံ အကြီး
ဂေါ်ဖီထုပ် ( ၁) ထုပ်
Lipton Onion Soup Mix( ၁ ) ထုပ် ( လို်အပ်လျှင် စွပ်ပြုတ်အခဲ ( ၁/၂ ) ခဲ )


                        အရသာရှိစေရန် ဆား ၊ ငရုတ်ကောင်း ၊ မဆလာ ၊ အမွှေးအကြိုင် လိုအပ်သလို ထည့်ပါ။ အသီးအရွက်များကို အရွယ်အတုံးများဖြစ်အောင်ဖြတ်ပါ ။ရေဖုံးအောင်ထည့်ပါ ။
သစ်သီးဟင်းသီးဟင်းရွက်များမှရသောအရည်များကို ထည့်ခြင်းဖြင့်လည်း အနံအရသာကို ပိုမိုကောင်းမွန်စေပါသည် ။ 
ပွက်ပွက်ဆူ အနေအထားမှာ ( ၁၀ ) မိနစ်ခန့်ထားပါ ။ ထို့နောက် မီးလျှော့ပြီး ဟင်းသီးဟင်းရွက်များ နူးနပ်သည် အထိ ချက်ပါ ။
                                                        
                       အထက်ပါအဆီကျဟင်းရည်ကိုအချိန်မရွေး စားချင်သလောက် စားသုံးနိုင်ပါသည် ။ ဤဟင်းရည်ကိုစားသုံးခြင်းဖြင့် ကယ်လိုရီများ မတိုးလာနိုင်ပါ ။
များများစားလေ အလေးချိန် ပိုလျှော့နိုင်လေ ဖြစ်ပါသည်။ အလွန်ကြာရှည်စွာ စားသုံးလျှင်မူ အဟာရဓာတ် ချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။ နေ့လည်ပိုင်းများတွင် အပြင်တွင်နေရမည် ဆိုပါက ထမင်းချိုင့်ထဲထည့်၍သယ်ယူသုံးဆောင်နိုင်ပါသည် ။



                      ( ၇ ) ရက် စားသောက်နည်း အစီအစဉ်ကို သင်အဆင်ပြေသလို စားသုံးနိုင်ပါသည်။ အညွှန်းအတိုင်းတိကျစွာ လိုက်နာနိုင်ပါက သင့်ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ သန့်စင်သွားပါလိမ့်မည်။ ပေါ့ပါးကျန်းမာခြင်းကိုလည်း ခံစားရပါလိမ့်မည် ။

ဤအစီအစဉ်ကို စပြီး ရက်အနည်းငယ်အတွင်းမှာပင် ပေါ့ပါးလညသည်ကိုတွေ့ရမည်ဖြစ်ပြီး ခွန်အားများလည်းရှိလညမည် ဖြစ်သည် ။ ဤအစီအစဉ်ကို သင်စားနိုင်သလောက် အချိန်ထိ ကြာရှည်စွာ စားသုံးနိုင်ပါသည် ။
                    ဤစားသုံးနည်းသည် အဆီများကိုလျှင်မြန်စွာ ချေဖျက်နိုင်သည့်နည်းဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို သင်စားသုံးသည့်ပမာဏ ထက်ပို၍ ချေဖျက်နိုင်ခြင်းဖြစ်ပါသည်။
ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိ အဆီများကို ဖယ်ရှားနေသည့် ကာလဖြစ်သောကြောင့် အရက် ယမကာ သောက်ခြင်း မသင့်လျှော်ပါ ။ ဤဟင်းရည်စားသုံးခြင်းကိုအနည်းဆုံး ( ၂၄ ) နာရီခွာ၍ ရပ်ပြီးမှ 
အရက်သုံးဆောင်သင့်ပါသည်။
                လူတစ်ဦးစီ၏ အစာချေဖျက်စနစ် မတူညီ သောကြောင့် ဤစားသုံးနည်း၏ လူတစ်ဦးစီပေါ် သက်ရောက်မှူမှာလည်း ကွဲပြား နိုင်ပါသည်။ ဤစားသုံးနည်းကို စတင်ပြီး ရက်အနည်းငယ်အတွင်းတွင် 
သင့်ဝမ်းဗိုက် လှုပ်ရှားမှုအခြေအနေပြောင်းလဲ ခဲ့ပါက bran နှင့် fiber ကို တစ်ခွက်စာ စားသုံးနိုင်ပါသည်။ ဤ ( ၇ ) ရက် အတွင်း ဘလက်ကော်ဖီ သုံးဆောင်နိုင်သော်လည်း ကော်ဖီမှ ကဖိန်းဓာတ်ကို မလိုအပ်သောကြောင့် 
( ၃ ) ရက်အကြာတွင် တွေ့ရပါမည် ။

                                                       အထူးရှောင်ကြဉ်ရန်
                                                        −−−------------------------−−−
                       ပေါင်မုန့် အရက် နှင့်ဂက်စ်ပါသော အချိုရည်များကို ရှောင်ရပါမည်။ ရေ ၊ အချိုမပါသော လက်ဖက်ရည် ၊ ဘလက်ကော်ဖီ ၊ အချို မပါသော အသီးဖျော်ရည်များနှင့် အဆီဖယ်ထုတ်ထားသော နွားနို့တို့ကိုသုံးဆောင်နိုင်ပါသည်။ 
အရေခွံ မပါသော ကြက်သားပြုတ် ( သို့ )  ကြက်သားကင် ကို အမဲသားအစား သုံးဆောင်နိုင်ပါသည်။ သင်ပိုနှစ်သက်မည်ဆိုပါက အမဲသားစားရမည့် တစ်ရက်ကို ငါးပြုတ် နှင့်အစားထိုးနှိင်ပါသည် ။
နောက်တစ်ရက်မှာတော့ အမဲသားမှာပါတဲ့ ပရိုတင်းဓာတ်ကို သင်လိုပါလိမ့်မည် ။

                       ဤအဆီကျဟင်းရည်ကို ဆာလောင်သည့်အချိန်တိုုင်း ၊ ကြိုက်သလောက် ထပ်ကာထပ်ကာ စားသုံးနုင်ပါသည် ။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီ မတိုးလာနိုင်ပါ။ များများစားလေ များများ အလေးချိန် လျော့လေဖြစ်ပါသည်။
မည်သည့်ဆေးဝါးမဆို ဤ စားသုံးနည်းအစီအစဉ်ဖြင့် အန္တရာယ်မဖြစ်လာနိုင်ပါ။ သင်လိုသလောက် အချိန်ကာလအထိ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ စိတ်ပိုင်း ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲလာမှု ကို သင်ကိုယ်တွေ့ ခံစားကြည့်ပါ။

ပထမနေ့
-----------
သစ်သီးများအားလုံး ( ငှက်ပျောသီး မှအပ ) 
ပထမနေ့တွင် ငှက်ပျောသီးမှအပ အခြားသစ်သီးများအားလုံး စားသုံးနိုင်ပါသည် ။ သခွားသီးမွှေး ဖရဲသီးများမှာ အခြားသစ်သီးများထက် ကယ်လိုရီပါဝင်မှုလျော့နည်းပါသည်။
ပထမနေ့တွင် အဆီကျဟင်းရည်နှင့် သစ်သီးများကိုသာ စားသုံးခွင့်ရှိပါသည်။ အချိုမပါသော လက်ဖက်ရည် ၊ cranberey juice နှင့်ရေကို သောက်သုံးနိုင်ပါသည်။

ဒုတိယနေ့
------------
ဟင်းသီးဟင်းရွက်များအားလုံး
အစိမ်းဖြစ်စေ ၊ ကျက်ပြီးသားဖြစ်စေသင်ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်များကို ဗိုက်ပြည့်သည်အထိ စားသုံးနိုင်ပါသည်။အစိမ်းရောင်ရှိ ၊ အရွက်များကိုပို၍ စားသုံးသင့်ပါသည်။ 
ပဲအမျိုးမျိုး နှင့်ပြောင်းဖူးများကိုတော့ရှောင်ကြဉ်သင့်ပါသည်။ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်နှင့် အဆီကျဟင်းရည်ကိုတွဲဖက်၍ ညစာအတွက် သုံးဆောင်ပါ။ 
ကင်ထားတဲ့ အာလူးကြီးတစ်လုံးကို ထောပတ်နှင့်ရောပြီး တစ်ခါစားသုံးခွင့်ရှိပါသည်။ ဒုတိယနေ့ မှာ အဆီကျဟင်းရည်ကိုကြိုက်သလောက်စားခွင့်ရှိပါတယ်။ * သစ်သီး စားခွင့်မရှိပါ။

တတိယနေ့
--------------
ပထမနေ့ နှင့်ဒုတိယနေ့ ကို ရောပြီးစားပါ။
သင်ကြိုက်နှစ်သက်သလောက် အဆီကျဟင်းရည်ကို ၊ သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးခွင့်ရှိပါသည်။ အားလူးပြုတ်ကိုတော့စားခွင့်မရှိပါ။

စတုတ္တနေ့
-----------
ငှက်ပျောသီးနှင့် အဆီထုတ်ထားသော နွားနို့ ။
အဆီကျဟင်းရည်နှင့် တွဲဖက်စားသုံးတဲ့အခါမှာ ငှက်ပျောသီးကို ( ၈ ) လုံး အထိ စားခွင့်ရှိပြီး အဆီထုတ်ထားတဲ့ နွားနို့ကိုတော့ ကြိုက်သလောက် သောက်ခွင့် ရှိပါတယ်။ 
ငှက်ပျောသီးနဲ့ နွားနို့မှာ ကယ်လိုရီ နဲ့ ကာဗိုဟိုက်ဒြိတ် အများမပြား ပါဝင်ပါတယ်။ဒါပေမဲ့ ဒီနေ့ အချိုကို တောင့်တစိတ်တွေ လျော့ကျစေဖို့အတွက် ပိုတက်ဆီယမ် ၊ ကာဗိုဟိုက်ဒြိတ် ၊ ပရိုတင်း နဲ့ ကယ်(လ် ) စီယမ်တို့ကို သင့်ခန္ဓာက လိုအပ်ပါတယ်။

ပဥ္စမနေ့
----------
အမဲသားနှင့် ခရမ်းချဉ်သီး ။
( ၁၀ - ၂၀ ) အောင်စ ရှိတဲ့ အမဲသားကို လတ်ဆတ်တဲ့ ခရမ်းချဉ်သီး ( ၆ ) လုံး လောက်အထိတွဲ ပြီး စားသုံးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ uric acid ကို ဆေးချဖို့အတွက် အနည်းဆုံးရေ ( ၈ ) ခွက်သောက်ပေးပါ။ 
အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခေါက်လောက်တော့ စားသုံးဖို့လိုပါတယ်။

ဆဌမနေ့
-----------
အမဲသားနှင့်ဟင်းသီးဟင်းရွက်များ ။
ဒီနေ့ အတွက်တော့သင်ဆန္ဒရှိသလောက် အမဲသားနဲ့ ဟင်းသီးဟင်းရွက်တွေရောပြီး စားသုံးနိုင်ပါတယ် ။ အရွယ်တော် အသားတုံး ( ၆ ) တုံးလောက်အထိ ကိုအရွက်ပါတဲ့ ဟင်းရွက်နဲ့တွဲပြီး စားနိုင်ပါတယ်။ 
အာလူးကင်တော့ စားခွင့်မရှိပါ။ အဆီကျဟင်းရည်ကို အနည်းဆုံး တစ်ခေါက်တော့ သောက်ဖြစ်အောင် ဂရုစိုက်ပြီးသောက်ပါ။

သတ္တမနေ့
------------
ဆန်လုံးညို ၊ အချိုမပါသော သစ်သီးရည်များနှင့် ဟင်းသီးဟင်းရွက်များ ။
ဒီ ( ၃ ) မျိုးစလုံးကိုလည်းကြိုက်သလောက် စားနိုင်ခွင့်ရှိပါတယ်။ အဆီကျဟင်းရည်ကိုလည်း အနည်းဆုံး တစ်ခေါက်တော့ သုံးဆောင်ပေးပါ။

မှတ်ချက် ။     ။
( ရ ) ရက် ပြည့်ပြီး ၊ သင့်ဘက်ကလည်း အညွှန်းအတိုင်း အတိအကျ လိုက်နာခဲ့တယ် ဆိုရင် ( ၁၀ ) ပေါင်ကနေ ( ၁၇ ) ပေါင် အထိ အလေးချိန် လျော့ကျပြီးဖြစ်နေပါလိမ့်မယ်။ 
အကယ်၍ ( ၁၇ ) ပေါင်ထက်ပိုပြီး ကျသွားခဲ့တယ်ဆိုရင်တော့ ဒီစားသုံးနည်းကို နောက်တစ်ခါ ပထမနေ့က ပြန်မစခင် အနည်းဆုံး ( ၂ ) ရက် ရပ်ထားလိုက်ပါ ။

No comments:

Post a Comment

အၾကံေပးၾကည့္ပါလား.......