ရေသန့် ရောင်းခြင်းသည်သမာအာဇိဝအလုပ်ဟုဆိုသောလည်း နေစဉ်နေပူတွင်ရပ်ဈေးရောင်းရသည်ကို
ခွေးကမနှစ်သက်ပေ..။
ဈေးရောင်းပြီးပြန်ရောက်လည်းမအားရပါ..။မနက်ပိုင်းဖြစ်သလိုသွားနိုင်သော်လည်း....
အိမ်ပြန်ရောက်လျှင်အချိန်ပိုငွေရအောင်လည်း.အပ်ထားသောပန်းချီကားများပြီးအောင်လည်းဆွဲ ရသေးသည်...
ဒါတင်ဘဲလားဆိုတော့မဟုတ်သေးပါဘူး...
ရပ်ကွက်အေးချမ်းသာယာရေးအတွက် လေ့ ကျင့်ကွင်းလည်း...တခါတရံဆင်းပေးရသေးသည်.။
တောတောင်ရေမြေလှည့်လည်မနေထိုင်ခဲ့ ဘူးပေမဲ့ ...အလုပ်မျိုးစုံလုပ်ရသောကြောင့် ခွေးအချင်းချင်းကပင်
တခါတရံဝတ်ကောင်းစားလှနှင့်တွေ့ သည်အခါတွင်ပင် အထင်သေးသောအကြည့်ကို မခံနိုင်သောခွေးတစ်ကောင်သည်.........
.တခါတရံ ခွေးချင်တူတူရွှေပေါ်မြတင်ဘ၀များကိုခိုးကြည့်ခဲ့ ပါသည်။
.ခွေးလောကတွင်လည်း...သည်းခံစောင့်ဆိုင်းယုံမှတပါး...အခြားမရှိတော့ပြီ။
တနေ့ တော့
ကုမ္ပဏီ တစ်ခု ရှေ့တွင် ကြော်ငြာတစ်ခု ကပ်ထားသည်ကိုတွေ့ မိသည်။ကြေ်ငြာပါ အကြောင်းမှာ- ဝန်ထမ်းအလိုရှိသည်။
- လက်နှိပ်စက် ရိုက်တတ်ရမည်။
- ကွန်ပျူတာကို ကောင်းကောင်း ကိုင်တွယ် အသုံးပြုတတ်ရမည်။
- ဘာသာစကား နှစ်မျိုး ပြောတတ်ရမည်။
- တန်းတူ အခွင့်အရေးပေး ဆက်ဆံသည့် အလုပ်ရှင်ဖြစ်သည်။
အဆိုပါကြော်ငြာကို ဖတ်မိသော ခွေးတစ်ကောင် ကုမ္ပဏီရုံးခန်းထဲသို့ ဝင်လာသည်။
သဘောပေါက်သွားသော ဧည့်ကြို စာရေးမက ခွေးအား မန်နေဂျာနှင့် ပေးတွေ့သည်။
ခွေးက မန်နေဂျာ စားပွဲရှေ့ရှိ ကုလားထိုင်ပေါ် ခုန်တက်ပြီး မန်နေဂျာအား စိုက်ကြည့်သည်။
မန်နေဂျာ။ ။“သြော်...မင်းက အလုပ်လာလျှောက်တာလား..၊ဒါပေမဲ့ မင်းကို ငါဘယ်လို အလုပ်ခန့်ရမှာလဲကွ ၊ အလုပ်လျှောက်တဲ့သူက လက်နှိပ်စက် ရိုက်တတ်ရမယ်လို့ဆိုထားတာ”
ကုလားထိုင်ပေါ် ပြန်တက်လာသော ခွေးအား တအံ့တသြကြည့်၍ မန်နေဂျာ ဆက်ပြောသည်။
မန်နေဂျာ။ ။“ကြော်ငြာထဲမှာ အလုပ်လျှောက်တဲ့သူ ကွန်ပျူတာကို ကောင်းကောင်း
သုံးတတ်ရမယ်လို့ ပါသေးသကွ”
ခွေးလည်း ကုလားထိုင်ပေါ်မှ ခုန်ဆင်းပြီးကွန်ပျူတာတစ်လုံးရှိရာ သွား၍ ပရိုဂရမ် တစ်ခုကို အသာလေး ဆွဲပြသည်။မန်နေ၈ျာ မျက်လုံးပြူးသွားသည် ။ မှင်တက်မိနေပြီ ။ ဒါပေမဲ့ ခွေးအား အားနာပါးနာပြောသည်။
လုပ်ရည်ကိုင်ရည်လည်း ရှိပါတယ် ၊ ဒါပေမဲ့ ငါမင်းကို ဘယ်လိုမှ အလုပ်ခန့်လို့ မရဘူးကွ”
ဒီစကား အကြားမှာ ကုလားထိုင်ပေါ်ကခွေး ခုန်ဆင်းပြီး အခန်းထဲ ကပ်ထားသော အလုပ်ကြော်ငြာရှေ့ သွား၍ တန်းတူ အခွင့်အရေး ဆက်ဆံသည့် အလုပ်ရှင် စာတန်းကို လက်နှင့်ထိုးပြသည်။
ဒါလည်း မန်နေဂျာက အလျှော့ မပေးသေး ။
မန်နေဂျာ။ ။“ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ၊ တန်းတူ အခွင့်အရေး ပေးပါတယ် ၊ ဒါပေမဲ့ ကြော်ငြာထဲမှာ ဘာသာစကား နှစ်မျိုး ပြောတတ်ရမယ်လို့ ဆိုထားသေးတယ် ၊ မင်းပြောတတ်လို့လား”
ဒါလည်း ခွေးက အသာလေး မန်နေဂျာကို ခေါင်းညိတ်ပြပြီး စကားတစ်ခွန်းပြောလိုက်လေသည်။
ခွေး။ ။“မီးညှောင်”
ပျော်ပါစေဗျား.....
FWD Mail
GOOD!Nice. Like
ReplyDelete